
ယန်ကျိုး၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
နိုဝင်ဘာလဆန်းပိုင်းတွင် “ယန်ကျိုးမြို့ အရှေ့တိုင်းကြိုးကြာဖြူ နေထိုင်ကျက်စားရာဒေသနှင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ် ပျက်စီးဆုံးရှုံးမှု လျော်ကြေးပေးခြင်းဆိုင်ရာ အစားထိုးပြန်လည်ထူထောင်ရေးစီမံကိန်း တည်ဆောက်မှုအစီအစဉ်” ကို တရားဝင်ထုတ်ပြန်ခဲ့သည်။ မကြာသေးမီက အဆိုပါစီမံကိန်းစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု လျော်ကြေးငွေ ယွမ် ၁၂,၂၀၀ ရရှိခဲ့ပြီး ယင်းငွေကို သက်ဆိုင်ရာစီပွားရေးလုပ်ငန်းက ပေးသွင်းခဲ့ခြင်းဖြစ်ကာ ကောင်းယို တောရိုင်းတိရစ္ဆာန်ကယ်ဆယ်ရေးစခန်းရှိ အရှေ့တိုင်းကြိုးကြာဖြူများအား အစာကျွေးမွေးခြင်းနှင့် ပြန်လည်ကျန်းမာလာစေရေးအတွက် သီးသန့်အသုံးပြုသွားမည်ဖြစ်သည်။
အရှေ့တိုင်းကြိုးကြာဖြူသည် တရုတ်နိုင်ငံ အမျိုးသားအဆင့် ပထမတန်းစား ကာကွယ်စောင့်ရှောက်ထားသည့် တောရိုင်းတိရစ္ဆာန်ဖြစ်ပြီး “တရုတ်နိုင်ငံ၏ ငှက်ရတနာ” ဟု တင်စားခေါ်ဝေါ်ကြသည်။ ကောင်းယိုသည် အရှေ့တိုင်းကြိုးကြာဖြူများအတွက် အရေးပါသော နေထိုင်ကျက်စား မျိုးပွားရာဒေသ တစ်ခုဖြစ်သည်။ အရှေ့တိုင်းကြိုးကြာဖြူများ အရေအတွက်တိုးပွားလာသည်နှင့်အမျှ ဒေသတွင်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေးရန်ပုံငွေ လိုအပ်ချက်များလည်း ပိုမိုများပြားလာခဲ့သည်။ ယခု ပထမဆုံးအကြိမ် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှု လျော်ကြေးငွေကို လက်တွေ့အသုံးပြုနိုင်ပြီဖြစ်ခြင်းက ကယ်ဆယ်ရေးလုပ်ငန်းများအတွက် စနစ်တကျဆောင်ရွက်နိုင်ရန် အာမခံချက်တစ်ရပ်ကို ပေးစွမ်းနိုင်ခဲ့သည်။ (Xinhua)
------------------------------------------
(Chinese Version)
扬州:首笔生态损害赔偿资金用于东方白鹳喂养与康复
11月初,《扬州市东方白鹳栖息地及生态环境损害赔偿替代性修复项目库建设方案》正式发布。近日,项目库迎来首笔1.22万元生态损害赔偿资金,这笔由涉事企业缴纳的款项,定向用于高邮野生动物救助站东方白鹳的喂养与康复。
东方白鹳是国家一级保护动物,被誉为“鸟中国宝”,高邮是其重要栖息繁育地。随着东方白鹳数量的增加,当地救助工作和救助资金需求也越来越大,本次首笔生态环境损害赔偿金的落实到位,为救助工作提供了制度保障。
作者:林凯、徐圆明、林珑
摄制:王泽坤、吴小波
新华社音视频部制作