
ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
အပင်များကလည်း အင်းဆက်ပိုးမွှားများ ကိုက်စားဖျက်ဆီးမှုကို “ခံစားသိရှိ” နိုင်သလော။ နောက်ဆုံးရ သုတေသနရလဒ်များအရ အဆိုပါမေးခွန်းကို အခိုင်အမာ အဖြေပေးနိုင်ပြီဖြစ်သည်။
တရုတ်သိပ္ပံအကယ်ဒမီ လက်အောက်ရှိ မော်လီကျူးရုက္ခဗေဒသိပ္ပံ ထူးချွန်ဆန်းသစ်တီထွင်မှု စင်တာမှ သိရသည်မှာ အဆိုပါစင်တာမှ ပညာရှင် ချန်ရှောင်ရာ ဦးဆောင်သည့် သုတေသနအဖွဲ့နှင့် ဝမ့်လီ သုတေသနအဖွဲ့တို့ ပူးပေါင်းသုတေသနပြုခဲ့ကြပြီး စပါးဖျက်ပိုးစိမ်းကောင်ကဲ့သို့သော အင်းဆက်ပိုးမွှားများ၏ ကျရောက်ဖျက်ဆီးတိုက်ခိုက်မှုနှင့် စပါးကဲ့သို့သော စိုက်ပျိုးသီးနှံများ၏ ခုခံကာကွယ်တုံ့ပြန်မှုဖြစ်စဉ်ကို ခွဲခြမ်းစိတ်ဖြာခြင်းအားဖြင့် အပင်များက အင်းဆက်ပိုးမွှားများ၏ ကျရောက်ဖျက်ဆီးတိုက်ခိုက်မှုကို “ခံစားသိရှိ” ပြီး ပိုးမွှားများကို ခုခံကာကွယ်ရေး ယန္တရားအသစ်ကို စတင်အသက်ဝင်စေသည့် ယန္တရားကို ဖော်ထုတ်တွေ့ရှိခဲ့သည်။ အဆိုပါသုတေသနရလဒ်ကို နိုဝင်ဘာ ၁၂ ရက်တွင် နိုင်ငံတကာ ပညာရပ်ဆိုင်ရာဂျာနယ် “Nature” ၌ ဖော်ပြခဲ့သည်။
“အပင်တွေမှာ အာရုံကြောစနစ် မရှိပေမယ့် အင်းဆက်ပိုးမွှားတွေ စားသောက်ဖျက်ဆီးတာကို ‘ခံစားသိရှိ’ ပြီး ခုခံကာကွယ်ရေး ယန္တရားကို စတင်နိုင်ပါသလားဆိုတာက အပင်ကာကွယ်ရေးနယ်ပယ်မှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ဖြစ်နေခဲ့ပါတယ်” ဟု သုတေသနစာတမ်း၏ ပထမဆုံးစာရေးသူ၊ တရုတ်သိပ္ပံအကယ်ဒမီ လက်အောက်ရှိ မော်လီကျူးရုက္ခဗေဒသိပ္ပံဆိုင်ရာ ထူးချွန်ဆန်းသစ်တီထွင်မှု စင်တာမှ ပါရဂူဘွဲ့လွန် သုတေသီ ကောရှောင်ရှန်က မိတ်ဆက်ပြောကြားခဲ့သည်။
အင်းဆက်ပိုးမွှားများ စားသောက်နေစဉ် အပင်တစ်ရှူးများအတွင်းသို့ အစာချေဖျက်အင်ဇိုင်း အမျိုးမျိုးကို ထုတ်လွှတ်ပြီး အပင်ခန္ဓာကိုယ်အတွင်းရှိ ပစ္စည်းများကိုလည်း ခွဲခြမ်းဖျက်ဆီးကာ မော်လီကျူးငယ်အချို့ ဖြစ်ပေါ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဥပမာအားဖြင့် စပါးဖျက်ပိုးစိမ်းကောင်က အစာစားနေစဉ် အက်ဆစ်ချေဖျက်အင်ဇိုင်း T2 ribonuclease NVR1 ကို ထုတ်လွှတ်ပြီး အပင်၏ Nucleic acid များကို ခွဲခြမ်းဖျက်ဆီးကာ ၎င်းက စုပ်ယူနိုင်ရန် အသုံးပြုသည်။ တစ်ချိန်တည်းမှာပင် ကိုယ်ခံအားတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်သည့် မော်လီကျူးငယ်အမျိုးအစားတစ်ခုဖြစ်သော ‘2′,3′-cyclic nucleotides’ ကိုလည်း ထုတ်လုပ်ပေးသည်။
ကောရှောင်ရှန်က ထိုမော်လီကျူးငယ်များသည် အင်းဆက်ပိုးမွှားများ စားသောက်ဖျက်ဆီးရာမှ ချန်ထားခဲ့သည့် “ကြိုတင်သတိပေးအချက်ပြမှု” ကဲ့သို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းတို့ကို စပါးပင်အတွင်းရှိ glycine-rich RNA-binding protein NIB1 က ဖမ်းယူနိုင်သည်။ အချက်ပြမှုကို လက်ခံရရှိပြီးနောက် NIB1 သည် ဆဲလ်နျူကလိယအတွင်း အစုအဝေးတစ်ရပ် စုစည်းဖြစ်ပေါ်လာကာ ကိုယ်ခံအားတုံ့ပြန်မှု၏ အဓိကထိန်းညှိပရိုတင်း EDS1 ကို စုစည်းခေါ်ယူပြီး ပိုးမွှားများကို ခုခံကာကွယ်သည့် တုံ့ပြန်မှုကို စတင်စေသည်။ ထို့ကြောင့် “အချက်ပြမှုကို ခံစားသိရှိခြင်း—အချက်ပေးသတိပေးချက် ထုတ်ပြန်ခြင်း—ခုခံကာကွယ်မှု စတင်ခြင်း” ဟူသည့် အပင်များ၏ ပိုးမွှားခုခံကာကွယ်တုံ့ပြန်မှု ယန္တရားတစ်ရပ်ကို ဖော်ဆောင်ပေးသည်။
သုတေသနအဖွဲ့က ဆက်လက်တွေ့ရှိချက်အရ NVR1 နှင့် မျိုးရိုးဇစ်မြစ်ချင်း ဆက်စပ်နေသော T2 ribonuclease အင်ဇိုင်းအုပ်စုများကို စပါးရွက်လိပ်ပိုး၊ ရွက်စိမ်းဖျက်ပိုး ကဲ့သို့သော အခြားဖျက်ပိုးများတွင်လည်း တွေ့ရှိရကြောင်း၊ အချက်ပြမှုကို ခံစားသိရှိရန် တာဝန်ယူသည့် glycine-rich RNA-binding protein ကိုလည်း ဝါ၊ ပဲပုပ် ကဲ့သို့သော စိုက်ပျိုးသီးနှံများတွင် တွေ့ရှိရကြောင်း သိရသည်။ အလားတူ “မော်လီကျူးအဆင့် ကြိုတင်သတိပေးမှု” ဖြစ်စဉ်သည် အခြားအပင်များနှင့် ဖျက်ပိုးများအကြားတွင်လည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေကြောင်း သိရသည်။
ရောဂါနှင့် ပိုးမွှားကျရောက်မှုသည် စိုက်ပျိုးရေးထုတ်လုပ်မှုအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ “အစာစားရန် ရောက်ရှိလာသည့် အင်းဆက်ပိုးမွှားများနှင့် ရင်ဆိုင်ရသည့်အခါ အပင်များအနေဖြင့် မိမိကိုယ်တိုင် ရှောင်ရှားနိုင်ခြင်းမရှိဘဲ ကိုယ်ပိုင်ကိုယ်ခံအားစနစ်ကိုသာ အားကိုး၍ အန္တရာယ်ကို သိရှိကာ ခုခံကာကွယ်မှုကို စတင်နိုင်သည်” ဟု သုတေသနစာတမ်း၏ ဆက်သွယ်စာရေးသူ၊ တရုတ်သိပ္ပံအကယ်ဒမီ ပညာရှင် ချန်ရှောင်ရာက ပြောကြားခဲ့သည်။ ယခုသုတေသနသည် အပင်များ၏ ပိုးမွှားခုခံကိုယ်ခံအားကို နားလည်နိုင်ရန် ရှုထောင့်အသစ်တစ်ရပ်ကို ပေးစွမ်းခဲ့သည့်အပြင် ပိုးမွှားခုခံမျိုးရိုးဗီဇများ ရှာဖွေဖော်ထုတ်ခြင်း၊ ပိုးမွှားခုခံနိုင်သည့် သီးနှံမျိုးကွဲအသစ်များ မွေးမြူဖန်တီးခြင်းနှင့် အပင်များအတွက် ကာကွယ်ဆေးအသစ်များ ဖော်ထုတ်တီထွင်ခြင်းတို့အတွက် အတွေးအမြင်အသစ်များကိုလည်း ပေးစွမ်းခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------
(Chinese Version)
科研人员发现植物也能“感知”昆虫叮咬
新华社上海11月12日电(记者樊相龙)植物也能“感知”昆虫叮咬吗?最新研究成果给出了肯定的答案。
记者12日从中国科学院分子植物科学卓越创新中心获悉,该中心陈晓亚院士团队、万里研究团队联合攻关,通过分析稻绿蝽等昆虫侵害和水稻等作物防御过程,揭示了植物“感知”昆虫侵害、启动抗虫防御的新机制。相关成果11月12日发表于国际学术期刊《自然》。
“虽然植物没有神经系统,但它能否‘感知’昆虫取食、启动防御机制,一直是植物保护领域的重要问题。”据论文第一作者、中国科学院分子植物科学卓越创新中心博士后郭晓祥介绍,昆虫取食时会向植物组织释放多种消化酶,并在植物体内分解产生一些小分子。例如,稻绿蝽取食时将释放T2核酸酶NVR1,用以降解植物核酸供其吸收,同时也会产生一类具有免疫活性的小分子“2′,3′-环核苷酸”。
郭晓祥表示,这类小分子就像昆虫取食留下的“预警信号”,能够被水稻中核酸结合蛋白NIB1捕获。接收到信号后,NIB1在细胞核内集结形成凝聚体,招募免疫中心枢纽蛋白EDS1,启动抗虫防御反应,构成一套“感知信号—拉响警报—启动防御”的植物抗虫反应机制。
研究团队还发现,与NVR1同源的分泌型T2核酸酶也存在于稻纵卷叶螟、绿盲蝽等其他害虫中,而负责感知信号的核酸结合蛋白同样存在于棉花、大豆等作物中,类似的“分子预警”过程广泛发生在其他植物与害虫间。
病虫害是农业生产的一大挑战。“面对前来取食的昆虫,植物无法主动躲避,只能依靠自身的免疫系统察觉危险、启动防御。”论文通信作者、中国科学院院士陈晓亚表示,这一研究为理解植物抗虫免疫提供了新视角,也为发掘抗虫基因、培育抗虫新品种和开发新型植物疫苗提供了新思路。
图说1:9月28日拍摄的树叶上的美国白蛾。新华社记者 谢晗 摄
图说2:9月28日,在北京市朝阳区一公园内拍摄的遭到美国白蛾侵害的树叶。新华社记者 谢晗 摄