NP News

ကြီးမားတဲ့စစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို တရုတ်အစိုးရ တိတ်တဆိတ်လုပ်ဆောင်ခဲ့

Pika (NP News) - နိုဝင်ဘာ ၁၃

အခုနိုဝင်ဘာလအစောပိုင်းမှာ တရုတ်အစိုးရက အနောက်ပစိဖိတ်ဒေသနဲ့ တရုတ်(တိုင်ပေ)ကျွန်းပတ်ဝန်းကျင်မှာ ကြေညာထားတာမျိုးမရှိတဲ့စစ်ရေးလေ့ကျင့်မှုကြီးတစ်ခုကို လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
တရုတ်အစိုးရရဲ့လုပ်ရပ်ကို တရုတ်(တိုင်ပေ)နဲ့ အခြားအစိုးရတွေအပေါ် ဖိအားပေးဖို့ ရည်ရွယ်တဲ့ တိတ်တဆိတ်ခြိမ်းခြောက်မှုတစ်ခုအဖြစ် တရုတ်(တိုင်ပေ)အစိုးရက ဖော်ပြပြောဆိုခဲ့ပါတယ်။

အခုလအစောပိုင်းမှာ တရုတ်စစ်တပ်နဲ့ကမ်းခြေစောင့်တပ်ဖွဲ့တို့က သင်္ဘောအစင်းရေ(၁၀၀)ကျော်ကို စုစည်းခဲ့ပြီး တရုတ်(တိုင်ပေ) အပါအဝင် အခြားနိုင်ငံတွေရဲ့စစ်တပ်နဲ့မြို့ကြီးတွေကို ပစ်မှတ်ထားတဲ့ပုံစံတူလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ တရုတ်(တိုင်ပေ)အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
တရုတ်က နောက်ဆုံးအကြိမ်လုပ်ဆောင်ခဲ့တဲ့ ရေတပ်အင်အားစုစည်းမှုဟာ လွန်ခဲ့တဲ့တစ်နှစ်ခန့်က တရုတ်နိုင်ငံက "Justice Mission 2025" လို့ အမည်ပေးထားပြီး တရုတ်(တိုင်ပေ)ကို ပစ်မှတ်ထားလုပ်ဆောင်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုထက် ပိုမိုကြီးမားပြီး တရုတ်ကလုပ်ဆောင်ခဲ့တဲ့အကြီးမားဆုံးရေတပ်အင်အားစုစည်းမှုတွေထဲကတစ်ခုဖြစ်ခဲ့တယ်လို့ အဲဒီအကြီးတန်းအရာရှိကပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရက တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့အချုပ်အခြာအာဏာပိုင်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး စစ်ရေးအရဖိအားပေးမှုတွေကို တိုးမြှင့်လုပ်ဆောင်နေချိန်မှာပဲ အဲဒီစစ်ရေးလေ့ကျင့်မှုကြီးထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်သမ္မတရှီကျင့်ဖျင်ကလည်း တရုတ်(တိုင်ပေ)နဲ့ပတ်သက်တဲ့ မူဝါဒမိန့်ခွန်းတစ်ခုကိုပြောကြားခဲ့ပေမယ့်လည်း ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကိုသာ ပြောကြားခဲ့ပြီး အင်အားသုံးမယ့်ကိစ္စကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။
စစ်ရေးလေ့ကျင့်မှုအတွင်း တရုတ်ရေငုပ်သင်္ဘောတစ်စင်းက ပင်လယ်ဝါကနေတစ်ဆင့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကိုလည်း စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့သိရပါတယ်။

မူရင်းသတင်း — NP News