Xinhua Myanmar

မက္ကဆီကို-အမေရိကန် နယ်စပ်သို့ ရွှေ့ပြောင်းနေထိုင်သူယာဉ်တန်း ရောက်ရှိခြင်းမရှိဟု မက္ကဆီကိုနိုင်ငံ သမ္မတက ထရမ့်၏ ခြိမ်းခြောက်မှုကို တုံ့ပြန်ပြောကြား

မက္ကဆီကိုနိုင်ငံ မြို့တော်မက္ကဆီကိုစီးတီးတွင် မက္ကဆီကိုနိုင်ငံ သမ္မတ Sheinbaum Pardo က သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အမေရိကန် သမ္မတ ထရမ့်၏ ထိုမတိုင်မီ စည်းကြပ်ခွန်ဖြင့် မက္ကဆီကို ရွှေ့ပြောင်းနေထိုင်သူပြဿနာအပေါ် ဖိအားပေးသည့် ပြောကြားချက်နှင့်စပ်လျဉ်း၍ မက္ကဆီကိုနိုင်ငံ သမ္မတ Sheinbaum Pardo က ထရမ့် စတင်တာဝန်ထမ်းဆောင်ပြီးနောက် မည်သည့် ရွှေ့ပြောင်းနေထိုင်သူယာဉ်တန်းတစ်ခုမျှ မြောက်ပိုင်းရှိ မက္ကဆီကို-အမေရိကန် နယ်စပ်သို့ ရောက်ရှိခြင်းမရှိကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

Sheinbaum Pardo က လက်ရှိတွင် ရွှေ့ပြောင်းနေထိုင်သူကားတန်းကြီး နှစ်ခုရှိကြောင်း၊ တစ်ခုသည် မက္ကဆီကိုနိုင်ငံ တောင်ပိုင်း Chiapas ပြည်နယ် Arriaga မြို့တွင် ဖြစ်ပြီး ကနဦး လူအယောက် ၅၀၀ မှ ၆၀၀ ခန့်ဖြင့် ဖွဲ့စည်းထားကာ လက်ရှိတွင် ကျန်ရှိသူမှာ လူအယောက် ၁၀၀ ပင်မပြည့်ကြောင်း၊ အခြားအသစ်ဖွဲ့စည်းထားသည့် ယာဉ်တန်းအဖွဲ့သည် ဟွန်ဒူးရပ်စ်နိုင်ငံမှ ချီတက်လာနေပြီး မက္ကဆီကိုနိုင်ငံအစိုးရက အလားတူ ၎င်းတို့အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပံ့ပိုးပေးမည်ဖြစ်ကြောင်း မက္ကဆီကို သမ္မတရုံး Palacio Nacional ၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လွန်ခဲ့သည့်နှစ်နှစ်အတွင်း ၁၀ ခုနှင့်အထက်ရှိသော ရွှေ့ပြောင်းနေထိုင်သူယာဉ်တန်းများ မက္ကဆီကိုနိုင်ငံသို့ ပြည်ဝင်ခဲ့ကြောင်း၊ မက္ကဆီကိုနိုင်ငံက ရွှေ့ပြောင်းနေထိုင်သူများကို အမေရိကန်သို့ ပြည်ဝင်၍မရသည့် လက်တွေ့အခြေအနေအား ရှင်းလင်းပြောကြားပြီးနောက် လူအများစုသည် မိမိမူရင်းဇာတိနိုင်ငံသို့ ပြန်သွားရန် ရွေးချယ်ကြကြောင်း၊ မက္ကဆီကိုဘက်ကလည်း ရွှေ့ပြောင်းနေထိုင်သူများ ဇာတိမြေသို့ ပြန်သွားမှု အဆင်ပြေချောမွေ့စေရန် ပံ့ပိုးပေးကြောင်း၊ ၎င်းတို့က လူ့အခွင့်အရေးစံနှုန်းနှင့် ကိုက်ညီသည့် အခြေခံစောင့်ရှောက်မှုများ ရရှိခြင်းကို သေချာစေရန်အတွက် ၎င်းတို့သွားလာသည့်ကာလအတွင်း မဖြစ်မနေ လိုအပ်သော အကူအညီများလည်းပံ့ပိုးပေးကြောင်း Sheinbaum Pardo က ဆိုခဲ့သည်။

“တစ်ခါတစ်လေကျရင် တချို့က ရွှေ့ပြောင်းနေထိုင်သူတွေကို လိမ်ညာတတ်ပါတယ်၊ အမေရိကန် ရွေးကောက်ပွဲရလဒ် ထွက်လာတာနဲ့ အမေရိကန် ရွှေ့ပြောင်းနေထိုင်ရေးမူဝါဒလည်း ပြောင်းလဲသွားပြီဆိုပြီး။ ဒါတွေက လုံးဝ မုသားစကားတွေပါ” ဟု Sheinbaum Pardo က ထောက်ပြခဲ့သည်။

ထရမ့်က “ရွှေ့ပြောင်းနေထိုင်သူယာဉ်တန်းများစွာ စုစည်းနေပြီး မက္ကဆီကိုကနေ တရားမဝင် စတင်ဖြတ်ကျော်နေပါတယ်” ၊ မက္ကဆီကိုအနေဖြင့် မဖြစ်မနေ တားဆီးရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန်က မက္ကဆီကိုအပေါ် ကောက်ခံသည့် စည်းကြပ်ခွန်သည် ချက်ချင်း ဆတိုးမြင့်တက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၂ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

墨总统回应特朗普威胁:未有移民大篷车抵达墨美边境

新华社墨西哥城11月12日电(记者吴昊)针对美国总统特朗普此前以关税施压墨方涉及移民问题的言论,墨西哥总统辛鲍姆12日表示,自特朗普上任以来,未有任何一支移民大篷车队伍抵达过北部墨美边境。  

辛鲍姆在墨总统府国家宫举行的新闻发布会上表示,目前有两支移民大篷车队伍:其中一支位于墨西哥南部恰帕斯州的阿里亚加,最初大约由500至600人组成,目前已剩下不到100人;另一支新形成的大篷车队伍正从洪都拉斯方向前来,墨政府同样会为其提供人道主义援助。  

辛鲍姆表示,过去两年间,约有10支甚至更多移民大篷车队伍入境墨西哥。墨方向移民说明无法入境美国的现实情况后,绝大多数人选择返回原籍国。墨方也为移民返乡提供便利,在其行进期间提供必要协助,确保获得符合人权准则的基本照料。  

辛鲍姆指出:“有时会有人欺骗移民,声称随着美国选举结果出炉,美国移民政策已经改变。这完全是谎言。”  

特朗普12日在社交媒体上发文称,“大批移民大篷车正在集结,并开始非法穿越墨西哥”。墨西哥必须立即加以阻止,否则美方对墨关税将即刻翻倍。(完)

图说:2月23日,在墨西哥首都墨西哥城,墨西哥总统辛鲍姆出席新闻发布会。新华社发(弗朗西斯科·卡涅多摄)

မူရင်းသတင်း — Xinhua Myanmar