
ဖနွမ်းပင်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မြို့တွင် ယဉ်ကျေးမှုပိုင်းဆိုင်ရာ ကွဲပြားစုံလင်မှုကို ပြသပြီး ကုန်သွယ်မှုကို မြှင့်တင်ပေးမည့် ပြင်သစ်ဘာသာစကားသုံးနိုင်ငံများအဖွဲ့(ဖရန်ကိုဖိုနီ)ရွာကို နိုဝင်ဘာ ၁၃ ရက်တွင် တရားဝင် ဖွင့်လှစ်လိုက်သည်။
၅ ရက်ကြာကျင်းပမည့်အဆိုပါပွဲမှာ နိုဝင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်များတွင်ကျင်းပရန်စီစဉ်ထားသည့် ၂၀ ကြိမ်မြောက်ဖရန်ကိုဖိုနီထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်၍ ကျင်းပသည့်အစီအစဉ်တစ်ခု ဖြစ်သည်။
အဆိုပါဖရန်ကိုဖိုနီရွာတွင် နိုင်ငံတကာဖရန်ကိုဖိုနီအဖွဲ့ချုပ် (OIF) ၏ အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများကိုကိုယ်စားပြုသည့် ပြခန်း ၇၃ ခုအပြင် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအသီးသီးမှပြခန်းပေါင်း ၁၃၀ ကိုလည်း ခင်းကျင်းပြသထားသည်။
အဆိုပါပြခန်းများတွင် ဒေသထွက်လက်မှုပညာပစ္စည်းများ၊ စီးပွားဖြစ်ကုန်ပစ္စည်းများ၊ နိုင်ငံတကာခရီးသွားလုပ်ငန်းဆိုင်ရာအလားအလာများနှင့် ရိုးရာအမွေအနှစ်များကို ပြသထားသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မန်နက် က ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ ယင်းပွဲအစီအစဥ်သည် လာရောက်လည်ပတ်သူများအနေဖြင့် ပြင်သစ်ဘာသာစကားပြောဆိုအသုံးပြုကြသည့်နိုင်ငံများ၏ပြခန်းများကိုလေ့လာကြည့်ရှုနိုင်ခြင်း၊ အရသာသစ်များကို မြည်းစမ်းနိုင်ခြင်းနှင့် မတူကွဲပြားသောယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ခံစားသိရှိနိုင်ခြင်း ဟူသည့် ထူးခြားသောအခွင့်အရေးတစ်ခုကို ရရှိစေကြောင်း ပြောကြားခဲ့သည်။
OIF အထွေထွေအတွင်းရေးမှူးချုပ် Louise Mushikiwabo က အဆိုပါရွာသည် ကမ္ဘောဒီးယား ပြည်သူများအား ဖရန်ကိုဖိုနီအကြောင်း မိတ်ဆက်ပေးရန်နှင့် တစ်ချိန်တည်းမှာပင် ကမ္ဘာတစ်ဝန်းမှပြင်သစ်ဘာသာစကားပြောဆိုကြသူများအား ကမ္ဘောဒီးယားနိုင်ငံအကြောင်းကို မိတ်ဆက်ပေးရေးအတွက် အလွန်ကောင်းမွန်သောအခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
အများပြည်သူများအနေဖြင့် အဆိုပါရန်ကိုဖိုနီရွာသို့အခမဲ့ဝင်ရောက်လေ့လာနိုင်သလို ကမ္ဘောဒီးယားနိုင်ငံတွင်းနှင့်နိုင်ငံရပ်ခြားမှ လာရောက်လည်ပတ်သူ ၁၀၀,၀၀၀ ခန့်ကို ကြိုဆိုလက်ခံနိုင်မည်ဟု မျှော်လင့်ထားကြသည်။ (Xinhua)
..................................
(English version)
Francophonie Village opens in Cambodia to showcase cultural diversity
PHNOM PENH, Nov. 13 (Xinhua)
The Francophonie Village officially opened its doors to the public here in the Cambodian capital on Friday, showcasing rich cultural diversity and promoting trade.
The five-day gathering serves as a sideline event of the 20th Francophonie Summit, scheduled for Nov. 15 and 16.
The venue features 73 pavilions representing member states and partners of the International Organization of La Francophonie (OIF), alongside 130 exhibition booths from various public and private entities.
These spaces showcase local handicrafts, commercial products, international tourism potential, and traditional heritage.
Speaking at the opening ceremony, Cambodian Prime Minister Hun Manet said the event gave visitors a unique opportunity to discover the pavilions of French-speaking nations, taste new flavors, and enjoy diverse cultures and traditions.
This village serves as a wonderful opportunity to introduce the Francophonie to the Cambodian people, and, conversely, to introduce Cambodia to French speakers from all over the world, OIF Secretary-General Louise Mushikiwabo said.
The village is open to the public free of charge and is expected to welcome approximately 100,000 visitors from Cambodia and abroad. ■
Photo caption: Actors perform during a prayer ceremony in Siem Reap province, Cambodia on April 14, 2025. (Photo by Sovannara/Xinhua)