
ဝါရှင်တန်၊ နိုဝင်ဘာ ၃၁ ရက် (ဆင်ဟွာ)
မက္ကဆီကိုအနေဖြင့် ရွှေ့ပြောင်းနေထိုင်သူအဖွဲ့များ အမေရိကန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကို ချက်ချင်း တားဆီးရမည် ဖြစ်ပြီး ထိုသို့ မလုပ်ဆောင်ပါက ၎င်းအပေါ် ချမှတ်ထားသော စည်းကြပ်ခွန်ကို ချက်ချင်း နှစ်ဆ တိုးမြှင့်မည်ဟု အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာ ၁၂ ရက်တွင် ခြိမ်းခြောက်ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် လူမှုကွန်ရက်တွင် ပို့စ် တင်ကာ ရီပက်ဘလစ်ကန်ပါတီကို အမေရိကန် သက်တမ်းဝက် ရွေးကောက်ပွဲတွင် “ရှုံးနိမ့်သွားသည်ဟု ယူဆကြသည်” နှင့်အတူ အမေရိကန်အပေါ် “ကျူးကျော်မှုများ” ပြန်လည် စတင်လာပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ကြီးမားတဲ့ ‘ရွှေ့ပြောင်းနေထိုင်သူအုပ်စု ယာဉ်တန်း’ ဟာ စုဝေးရောက်ရှိလာကြပြီး မက္ကဆီကိုကို ဖြတ်သန်းကာ တရားမဝင် ချီတက်မှုတွေ စတင်နေကြပြီ။ … မက္ကဆီကိုအနေနဲ့ သူတို့ကို ချက်ချင်း တားဆီးရပါမယ်၊ တကယ်လို့ ဒီလိုမလုပ်ဘူးဆိုရင် (အမေရိကန်ရဲ့) မက္ကဆီကိုအပေါ် စည်းကြပ်ခွန်ကို ချက်ချင်း နှစ်ဆ တိုးမြှင့်မယ်” ဟု ၎င်းက ဖော်ပြခဲ့သည်။
ထရမ့်က ဤအကြောင်းအရာကို မက္ကဆီကို၊ တက္ကဆက်ပြည်နယ် အာဏာပိုင်များ၊ နယ်စပ်ကင်းလှည့်တပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဆိုင်ရာ ဥပဒေစိုးမိုးရေးဌာန တို့အား အသိပေးထားပြီး “လုံးဝ ညှာတာပေးမည်မဟုတ်” ဟုလည်း ပြောကြားခဲ့သည်။ (Xinhua)

........................
(Chinese Version)
特朗普威胁墨西哥:阻止移民车队 否则关税翻倍
新华社华盛顿11月12日电 美国总统特朗普12日威胁称,墨西哥必须立即阻止移民车队进入美国,否则对其关税将立即翻倍。
特朗普当天在社交媒体上发帖称,随着共和党“被认为”在美国中期选举中落败,对美国的“入侵”又开始了。“庞大的‘大篷车移民队伍’正在集结,并开始穿越墨西哥的非法行进行为。……墨西哥必须立即阻止他们,如果他们不这样做,(美国)对墨西哥的关税将立即翻倍。”
特朗普还称,已将此事告知墨西哥、得克萨斯州当局、边境巡逻队以及移民和海关执法局,“绝不会手软”。(完)
图说1:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)
图说2:在墨西哥首都墨西哥城,当地民众参加反美示威活动(2026 年 1 月 10 日摄)新华社发(弗朗西斯科 · 卡涅多摄)