Xinhua Myanmar

သမိုင်းကို မေ့ပျောက်၍ မရဟု တိုကျိုရုံးတင်စီရင်မှု စီရင်ချက်ချခဲ့သည့် ၇၈ နှစ်ပြည့်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

၁၉၄၆ ခုနှစ် မေ ၃ ရက်က ဂျပန်နိုင်ငံ၌ ပြုလုပ်ခဲ့သည့် တိုကျိုရုံးတင်စီရင်မှု မြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်သည် အရှေ့ဖျား နိုင်ငံတကာ စစ်ခုံရုံး (တိုကျိုရုံးတင်စီရင်မှု) က စီရင်ချက်ချမှတ်ခဲ့သည့် ၇၈ နှစ်ပြည့်အထိမ်းအမှတ်နေ့ ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင် က ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းချက်ကိုဖြေကြားရာတွင် “သမိုင်းကို မေ့ပျောက်၍ မရ၊ တရားမျှတမှုကို စိန်ခေါ်၍ မရ” ဟု ပြောကြားခဲ့သည်။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကျူးကျော်စစ်ပွဲသမိုင်းကို ပြောင်းပြန်လှန်ချေဖျက်ရန်နှင့် စစ်ဝါဒကို ပြန်လည်ရှင်သန်စေရန် ကြိုးပမ်းသည့်ရေစီးကြောင်းနှင့် ဆန့်ကျင်ဘက် ပြုမူလုပ်ဆောင်သော လုပ်ရပ်အားလုံးကို ပူးပေါင်းတားဆီးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မော်နင်က လွန်ခဲ့သည့် ၇၈ နှစ်က ယခုလိုနေ့တွင် တိုကျိုရုံးတင်စီရင်မှုသည် နှစ်နှစ်ခွဲကြာ တရားခွင်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ငြင်းဆို၍မရနိုင်သော ခိုင်လုံသည့် သက်သေအထောက်အထား အမြောက်အမြားနှင့် ခိုင်မာပြည့်စုံသည့် ဥပဒေသဘောတရားများအပေါ် အခြေခံကာ ဂျပန်စစ်ဝါဒီများက ကျူးကျော်စစ်ပွဲကို စတင်ဆင်နွှဲခဲ့ပြီး နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ရာ A အဆင့် စစ်ရာဇဝတ်သား ၂၅ ဦး အပေါ် ထိုက်သင့်သည့် အပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသို့ဖြင့် ဂျပန်စစ်ဝါဒီများ၏ ကျူးလွန်ခဲ့သည့် ပြစ်မှုများကို တစ်ကမ္ဘာလုံးသို့ ဖွင့်ချအသိပေးခဲ့ပြီး သမိုင်း၏ အရှက်ရဖွယ် မှတ်တမ်းအဖြစ် အခိုင်အမာ မှတ်တမ်းတင်ထားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တိုကျိုရုံးတင်စီရင်မှုဟာ စစ်ပြီးခေတ် နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း အစီအစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ တိုကျိုရုံးတင်စီရင်မှုကို အသိအမှတ်ပြုပြီး လက်ခံတာဟာ စစ်ပြီးခေတ် ဂျပန်နိုင်ငံအနေနဲ့ နိုင်ငံတကာအသိုက်အဝန်းထဲ ပြန်လည်ဝင်ရောက်နိုင်ဖို့ အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ နှစ်များစွာအတွင်း ဂျပန်နိုင်ငံ၏ လက်ယာယိမ်းအင်အားစုများသည် တိုကျိုရုံးတင်စီရင်မှု၏ သမိုင်းဆိုင်ရာ အပြီးသတ် အဆုံးအဖြတ်ချက်ကို အရေးမထား မျက်ကွယ်ပြုခဲ့ကြပြီး ကျူးကျော်စစ် ပြစ်မှုများကို အတင်းအကျပ် ပြင်းပြင်းထန်ထန် ငြင်းဆိုခြင်း၊ အမွှမ်းတင်ဖော်ပြခြင်းအပြင် မှားယွင်းသော သမိုင်းအမြင်ကို ဝါဒဖြန့်ခဲ့ကြသဖြင့် အလွန်အမင်း ဒေါသထွက်ဖွယ်ကောင်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

သတိပြုရန်အချက်မှာ မကြာသေးမီနှစ်များအတွင်း ဂျပန်စစ်ဝါဒနှင့် အပြီးအပြတ်ဖြတ်ရန် ဆန္ဒမရှိသည့် ဂျပန်အစိုးရသည် စစ်အသုံးစရိတ်များကို အကြီးအကျယ် တိုးမြှင့်ခြင်း၊ ထိုးစစ်ဆင်နိုင်သည့် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်း၊ “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” ကို ပြင်ဆင်ရန် တွန်းအားပေးဆောင်ရွက်ခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူ ၃ ရပ်” ကို စွန့်လွှတ်ရန် မသမာသော ကြံစည်ကြိုးပမ်းမှုပြုခြင်း တို့ကို ပြုလုပ်ကာ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” လုပ်ငန်းစဉ်ကို အဆက်မပြတ် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်။ အထက်ပါ လုပ်ဆောင်ချက်များသည် တိုကျိုရုံးတင်စီရင်မှုက ချမှတ်ထားသည့် ဥပဒေဆိုင်ရာ အခြေခံစည်းမျဉ်းကို ပြင်းထန်စွာ စိန်ခေါ်နေခြင်းဖြစ်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုလည်း ပြင်းထန်စွာ ခြိမ်းခြောက်လိမ့်မည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“သမိုင်းကို မေ့ပျောက်လို့ မရပါဘူး၊ တရားမျှတမှုကို စိန်ခေါ်လို့ မရပါဘူး။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ကျူးကျော်မှုသမိုင်းကို ပြောင်းပြန်လှန် ချေဖျက်ဖို့နဲ့ စစ်ဝါဒကို ပြန်လည်ရှင်သန်လာအောင် ကြံစည်ကြိုးပမ်းတဲ့ရေစီးကြောင်းနဲ့ ဆန့်ကျင်ဘက် ပြုမူလုပ်ဆောင်မှုအားလုံးကို ပူးပေါင်းတားဆီးသင့်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးကို လိုလားသော နိုင်ငံများနှင့် ပြည်သူများနှင့်အတူ သမိုင်းမှန်တရားကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်ရန်၊ စစ်ပြီးခေတ် နိုင်ငံတကာစည်းစနစ်ကို ထိန်းသိမ်းရန်နှင့် နိုင်ငံတကာ၏ တန်းတူညီမျှမှုနှင့် တရားမျှတမှုကို ပြတ်ပြတ်သားသား ကာကွယ်ရန် ဆန္ဒရှိကြောင်း မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ တိုကျိုရုံးတင်စီရင်မှု စတင်ဖွင့်လှစ်ခဲ့သည့် နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပြပွဲတွင် ခင်းကျင်းပြသထားသည့် ပစ္စည်းများကို လာရောက်ကြည့်ရှုနေကြသောပြည်သူများကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(Chinese Version)

外交部谈东京审判宣判78周年:历史不容忘记

新华社北京11月12日电(记者孙楠、冯歆然)2026年11月12日是远东国际军事法庭(东京审判)宣判78周年纪念日。外交部发言人毛宁当日在例行记者会上就此答问时表示,历史不容忘记,正义不容挑战。国际社会应当共同抵制一切企图为侵略历史翻案、复活军国主义的倒行逆施。

毛宁说,78年前的今天,东京审判经过两年半庭审,以海量铁证和严谨法理,判定日本军国主义发动侵略战争、严重违反国际法,对25名甲级战犯予以应有惩罚,日本军国主义的罪行昭告天下,并被牢牢钉在历史耻辱柱上。

“东京审判是战后国际秩序的重要组成部分,承认和接受东京审判是战后日本回归国际社会的前提。”毛宁表示,多年来日本右翼势力漠视东京审判的历史定论,极力否认甚至美化侵略罪行,宣扬错误史观,令人愤慨。值得警惕的是,近年来,不愿同日本军国主义彻底切割的日本政府大幅提升军费开支、发展进攻力量、推动修订“安保三文件”、图谋抛弃“无核三原则”,不断加速“再军事化”进程。上述动向将严重挑战东京审判确立的法理底线,严重威胁地区和平稳定。

“历史不容忘记,正义不容挑战。国际社会应当共同抵制一切企图为侵略历史翻案、复活军国主义的倒行逆施。”毛宁说,中方愿同全世界爱好和平的国家和人民一道,坚定守护历史真相,维护战后国际秩序,捍卫国际公平正义。

Photo Caption 1 :File photo taken on May 3, 1946 shows a scene of Tokyo Trials in Japan. (Xinhua)

Photo Caption 2 :People view exhibits at an exhibition marking the 80th anniversary of the opening of the Tokyo Trial at the UN Headquarters in New York, Oct. 26, 2026. (Xinhua/Zhang Fengguo)

မူရင်းသတင်း — Xinhua Myanmar