
မော်စကို၊ အဘူဒါဘီ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ရုရှား၊ အမေရိကန်နှင့် ယူကရိန်း သုံးနိုင်ငံကြား နှစ်ရက်ကြာ ကျင်းပခဲ့သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲသည် နိုဝင်ဘာ ၁၁ ရက်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မြို့တော် အဘူဒါဘီ၌ ပြီးဆုံးခဲ့သည်။ ရုရှား-ယူကရိန်းအကြား စစ်သုံ့ပန်း အများအပြား အလဲအလှယ်ပြုလုပ်ရေးအတွက် သဘောတူညီမှု ရရှိခဲ့ကြသော်လည်း နယ်မြေပိုင်ဆိုင်မှုနှင့် ယူကရိန်းလုံခြုံရေးအာမခံချက် စသည့်အဓိကကျသော ပြဿနာရပ်များတွင်မူ “ကြီးမားသော သဘောထားကွဲလွဲမှုများ” ဆက်လက် ရှိနေဆဲ ဖြစ်သည်။
သုံးသပ်သူများက ရုရှား-အမေရိကန်-ယူကရိန်း သုံးနိုင်ငံအကြား ဆက်သွယ်ပြောဆိုမှုနှင့် စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းများ ပြန်လည်စတင်နိုင်ခြင်းသည် အပြုသဘောဆောင်သော တိုးတက်မှုတစ်ရပ် ဖြစ်သော်လည်း အဓိက ပြဿနာရပ်များအပေါ် ရုရှားနှင့် ယူကရိန်းတို့၏ ရပ်တည်ချက်များမှာ အလွန်ကွာဟနေဆဲ ဖြစ်သဖြင့် စေ့စပ်ညှိနှိုင်းမှုများသည် ရေတိုအတွင်း အနှစ်သာရရှိသော ထိုးဖောက်ပြောင်းလဲမှုရရှိရန် ခဲယဉ်းကြောင်း ယူဆကြသည်။ နှစ်ဖက်စလုံး၏ မဟာဗျူဟာမြောက် ချိန်ဆသုံးသပ်မှုများတွင် အခြေခံကျကျ ပြောင်းလဲမှု မရှိသရွေ့ “စစ်ပွဲဖြင့် စေ့စပ်ညှိနှိုင်းမှုကို တွန်းအားပေးခြင်း”အခြေအနေမှာ ပြောင်းလဲမည်မဟုတ်ကြောင်း ယူဆကြသည်။
ဆွေးနွေးပွဲ၏ တိုးတက်မှုဖြစ်သည့် ရုရှား-ယူကရိန်း စစ်သုံ့ပန်း လဲလှယ်မှု
ယခုကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ ရက်မှစ၍ တံခါးပိတ်ပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယင်းမှာ ယခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း ရုရှား-အမေရိကန်-ယူကရိန်း သုံးနိုင်ငံကြား ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် စေ့စပ်ညှိနှိုင်းမှု ပြန်လည်စတင်ခြင်း ဖြစ်သည်။ ဆွေးနွေးပွဲ ပထမနေ့တွင် ၄ နာရီနီးပါး ကြာမြင့်ခဲ့သော်လည်း ဒုတိယနေ့တွင်မူ ၂ နာရီပင် မပြည့်ခဲ့ပေ။ ရုရှား သိပ္ပံအကယ်ဒမီ လုံခြုံရေးသုတေသနစင်တာမှ ဦးဆောင်သုတေသီ Konstantin Blokhin က ဒုတိယနေ့ဆွေးနွေးပွဲ အလျင်စလို ပြီးဆုံးသွားခြင်းသည် ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးတွင် အလျှော့ပေးလိုသည့် ဆန္ဒမရှိကြောင်းကို ဖော်ပြနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း လက်တွေ့တိုးတက်မှု မရရှိနိုင်ဟု ယူဆထားသည်။
ဆွေးနွေးပွဲစတင်ချိန်မှစ၍ လုပ်ငန်းအဆင့် နည်းပညာပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုအဖြစ် သတ်မှတ်ထားခဲ့ရာ ပြင်ပမှမျှော်မှန်းချက်များမှာလည်း ယေဘုယျအားဖြင့် သတိကြီးစွာ စောင့်ကြည့်နေကြသည်။ နှစ်ရက်ကြာ ဆွေးနွေးပြီးနောက် ရုရှားနှင့် ယူကရိန်းတို့သည် စစ်သုံ့ပန်း အများအပြား အလဲအလှယ် ပြုလုပ်ရေးအပေါ်၌သာ သဘောတူညီမှု ရရှိခဲ့ကြသည်။ ရုရှား စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်၊ လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဦးစီးချုပ်ရုံး သတင်းအချက်အလက် စီမံခန့်ခွဲရေးဌာန ဒုတိယအကြီးအကဲ(၁) Alexander Zorin ၏ ထုတ်ဖော်ပြောကြားချက်အရ ရုရှားနှင့် ယူကရိန်းတို့သည် လာမည့် သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း တစ်ဖက်နှင့် တစ်ဖက် စစ်သုံ့ပန်း ၁,၀၀၀ ကျော်စီ အသီးသီး လွှဲပြောင်းပေးအပ်နိုင်ဖွယ်ရှိကြောင်း သိရသည်။
သို့သော် ရုရှား-အမေရိကန်-ယူကရိန်း သုံးနိုင်ငံစလုံးက ဆွေးနွေးပွဲသည် အပြုသဘောဆောင်ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ရုရှား သမ္မတ၏ လက်ထောက် Ushakov က ယခုကြိမ် ဆွေးနွေးပွဲသည် အကြောင်းအရာပြည့်စုံပြီး အကျိုးရှိကြောင်း သုံးသပ်ခဲ့သည်။ ယူကရိန်း စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်၊ ပြည်ပထောက်လှမ်းရေးဌာန အကြီးအကဲ Rustem Umerov က သက်ဆိုင်ရာ ဘက်အသီးသီးအကြား “ကြီးမားသော သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေဆဲ” ဖြစ်ပြီး တစ်ချိန်တည်းတွင်ပင် စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်ကို ဆက်လက်တွန်းအားပေးရန် အခွင့်အလမ်းများလည်းရှိနေကြောင်း ပြောကြားခဲ့သည်။ အမေရိကန်ဘက်မှ စေ့စပ်ညှိနှိုင်းရေးကိုယ်စားလှယ်၊ သမ္မတ ထရမ့်၏ သားမက်ဖြစ်သူ Kushner ကမူ ဆွေးနွေးပွဲသည် ခက်ခဲသော်လည်း လက်တွေ့အနှစ်သာရရှိကြောင်း၊ သက်ဆိုင်ရာ ဘက်အသီးသီးသည် အချို့သော ကဏ္ဍများတွင် အလျှော့ပေးညှိနှိုင်းနိုင်မည့် အနေအထားကို မြင်တွေ့ခဲ့ရပြီး အခြားသော ပြဿနာရပ်များကိုမူ ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်နေသေးကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် Kushner က ၎င်းနှင့် အမေရိကန် သမ္မတ အထူးကိုယ်စားလှယ် Witkoff တို့သည် နိုဝင်ဘာ ၁၂ ရက်တွင် မော်စကိုမြို့သို့ သွားရောက်၍ ရုရှား သမ္မတ ပူတင်နှင့် တွေ့ဆုံမည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုတွင် ဥရောပအား ပါဝင်ခွင့်ပြုရေး ဖြစ်နိုင်ခြေကို ပူတင်နှင့် ဆွေးနွေးရန် စီစဉ်ထားကြောင်း၊ ထို့နောက် အိုင်ယာလန် မြို့တော် ဒပ်ဗလင်သို့ သွားရောက်ကာ ယူကရိန်း သမ္မတ ဇယ်လန်စကီးထံ ဆွေးနွေးပွဲ အခြေအနေများကို အသိပေးပြောကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆွေးနွေးပွဲ ရလဒ်မှာ အကန့်အသတ် ရှိသော်လည်း သံတမန်ရေးရာ ဆက်သွယ်ပြောဆိုမှု လမ်းကြောင်းများ ပြန်လည်စတင်နိုင်ခြင်းကိုကပင် အရေးပါသော တိုးတက်မှုတစ်ရပ် ဖြစ်ကြောင်း အများက ယူဆကြသည်။ အမေရိကန် Think Tank အဖွဲ့အစည်း RAND Corporation မှ အဆင့်မြင့် သုံးသပ်သူ Samuel Charap က လက်ရှိ အခြေအနေအောက်တွင် ရှုပ်ထွေးသော ပြဿနာရပ်များအပေါ် ဘက်အသီးသီးက ကြီးမားသော သဘောတူညီချက် အမြန်ဆုံး ရရှိရန် မျှော်လင့်ဖို့ ခက်ခဲကြောင်း၊ လက်ရှိ စေ့စပ်ညှိနှိုင်းမှု၏ ပိုမိုအရေးပါသော အဓိပ္ပာယ်မှာ ဆွေးနွေးမှုများ ပြန်လည်စတင်ရန်၊ သဘောထားကွဲလွဲမှုများကို တဖြည်းဖြည်း လျှော့ချရန်နှင့် နောက်ဆက်တွဲ စေ့စပ်ညှိနှိုင်းမှုများအတွက် အခြေအနေကောင်းများ ဖန်တီးပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကျဉ်းထဲကျပ်ထဲကျနေသည့် ဖြတ်သန်းရန် အခက်အခဲ သုံးရပ်
ယခုနှစ်အတွင်း ရုရှား-အမေရိကန်-ယူကရိန်း သုံးနိုင်ငံကြား စေ့စပ်ညှိနှိုင်းပွဲ လေးကြိမ်ကျင်းပခဲ့ပြီး အကြိမ်တိုင်းတွင် တူညီသော ထူးခြားချက်လက္ခဏာများ တွေ့ရှိရသည်။ ယင်းမှာ သက်ဆိုင်ရာ ဘက်အသီးသီးက ဆွေးနွေးပွဲ၏ အပြုသဘောဆောင်သော အဓိပ္ပာယ်ကို အသိအမှတ်ပြုကြသကဲ့သို့ စစ်သုံ့ပန်း လဲလှယ်ရေးနှင့် အပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေး စသည့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာရပ်များတွင်လည်း တိုးတက်မှု အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ကြသော်လည်း ရုရှားနှင့် ယူကရိန်းတို့၏ ပင်မအကျိုးစီးပွားနှင့် သက်ဆိုင်သည့် အောက်ပါ အဓိက အကြောင်းအရာ သုံးရပ်တွင်မူ သဘောထားကွဲလွဲမှုများကို ရင်ကြားစေ့အောင် အစဉ်အမြဲ စေ့စပ်ညှိနှိုင်းနိုင်ခြင်း မရှိခဲ့ပေ။
ပထမအချက်မှာ နယ်မြေပိုင်ဆိုင်မှု ပြဿနာ ဖြစ်သည်။ ရုရှားဘက်က ဒိုးနက်စ် Donetsk နှင့် Luhansk တို့ ပါဝင်သော Donbas ဒေသတစ်ခုလုံးကို ထိန်းချုပ်ခွင့် ရရှိရန် တောင်းဆိုထားသော်လည်း လက်ရှိတွင် Donbas ဒေသ၏ အချို့သော နယ်မြေများမှာ ယူကရိန်းတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲ ဖြစ်သည်။ ယူကရိန်းဘက်ကမူ အဆိုပါ နယ်မြေများမှ မိမိသဘောဆန္ဒအလျောက် တပ်ဆုတ်ပေးရန် ငြင်းဆိုထားပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ထိတွေ့မျဉ်းအတိုင်း ပဋိပက္ခကို ရပ်တန့်ထားရန်နှင့် ယင်းအခြေခံပေါ်တွင် စေ့စပ်ညှိနှိုင်းမှု ပြုလုပ်ရန် အဆိုပြုထားသည်။
ဒုတိယအချက်မှာ လုံခြုံရေး အာမခံချက် ဖြစ်သည်။ ရုရှားနိုင်ငံသည် “လုံခြုံရေး ခွဲခြား၍မရသော မူဝါဒ”ကို စေ့စပ်ညှိနှိုင်းမှု အခြေခံအဖြစ် ကိုင်စွဲထားပြီး နေတိုးအဖွဲ့အနေဖြင့် အရှေ့ဘက်သို့ တိုးချဲ့ခြင်းကို ရပ်တန့်ရန်၊ ယူကရိန်းအား အဖွဲ့ဝင်အဖြစ် ထပ်မံလက်မခံရန် တောင်းဆိုထားသည့်အပြင် ဥရောပ လုံခြုံရေး မူဘောင်သစ်တစ်ရပ် ထူထောင်ရန်လည်း အဆိုပြုထားသည်။ ယူကရိန်းဘက်ကမူ အပစ်အခတ်ရပ်စဲပြီးနောက် ရုရှားက “အင်အားပြန်လည်စုစည်း၍ တစ်ကျော့ပြန် ဝင်ရောက်တိုက်ခိုက်လာမည်” ကို စိုးရိမ်နေပြီး အနောက်အုပ်စု တပ်ဖွဲ့များ တပ်စွဲခြင်း စသည့် ယုံကြည်စိတ်ချရပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သော လုံခြုံရေး အာမခံချက်များ ရရှိရန် တောင်းဆိုထားသည်။ ရုရှားဘက်က ယင်းကို ပြတ်ပြတ်သားသား ကန့်ကွက်ထားပြီး အဆိုပါ စီစဉ်ဆောင်ရွက်မှုများသည် ရုရှား၏ လုံခြုံရေး အကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေသည်ဟု ယူဆသည်။
တတိယအချက်မှာ အပစ်အခတ်ရပ်စဲရေး အစီအစဉ် အဆင့်ဆင့် ဖြစ်သည်။ ယူကရိန်းဘက်က ဦးစွာ အပစ်အခတ်ရပ်စဲပြီးနောက် စောင့်ကြည့်ရေး ယန္တရား၊ လုံခြုံရေး အာမခံချက်နှင့် နောက်ဆက်တွဲ နိုင်ငံရေး စေ့စပ်ညှိနှိုင်းမှုများ စသည်တို့ကို ဆွေးနွေးရန် အဆိုပြုထားသည်။ ရုရှားဘက်ကမူ နယ်မြေပိုင်ဆိုင်မှု၊ ယူကရိန်း၏ စစ်ရေး အနေအထားနှင့် ဥရောပ လုံခြုံရေး ယန္တရား စသည့် ပဋိပက္ခကို ဘက်စုံဖြေရှင်းခြင်းနှင့် စပ်လျဥ်းသည့် အခြေခံမူဝါဒများ ဦးစွာ ချမှတ်ရန် အဆိုပြုထားပြီး သို့မဟုတ်ပါက အပစ်အခတ်ရပ်စဲခြင်းသည် ယူကရိန်းဘက်အား အသက်ရှူချောင်ကာ စစ်ရေးပြင်ဆင်ချိန် ရရှိစေရုံသာ ဖြစ်လိမ့်မည်ဟု ယူဆသည်။
ရုရှား မော်စကို နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ် (MGIMO) မှ ကျွမ်းကျင်ပညာရှင် Sergey Markedonov က နယ်မြေပိုင်ဆိုင်မှုနှင့် ယူကရိန်း၏ အနေအထား စသည့် နက်ရှိုင်းသော ပြဿနာရပ်များကို မဖြေရှင်းဘဲ အပစ်အခတ်ရပ်စဲရေးကိုသာ အကောင်အထည်ဖော်ခြင်းဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အာမခံနိုင်မည် မဟုတ်ကြောင်း၊ ၂၀၁၅ ခုနှစ် မင့်စ်သဘောတူညီချက်သစ် ကျရှုံးခဲ့ခြင်းက ယင်းအချက်ကို သက်သေပြပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် နှစ်ဖက်စလုံး၏ ရပ်တည်ချက်များမှာ အလွန်ကွာဟနေဆဲ ဖြစ်သဖြင့် စေ့စပ်ညှိနှိုင်းမှုမှ ထိုးဖောက်ပြောင်းလဲနိုင်ရန် မျှော်လင့်ချက် ကြီးကြီးမားမား မထားသင့်ကြောင်း ၎င်းက ဆိုသည်။

“စစ်ပွဲဖြင့် စေ့စပ်ညှိနှိုင်းမှုကို တွန်းအားပေးခြင်း” ဟူသော ရွေးချယ်မှု
သုံးသပ်သူများက အဆိုပါ အခြေခံမူဝါဒဆိုင်ရာ သဘောထားကွဲလွဲမှုများ ရှိနေခြင်းကြောင့် ရေတိုအတွင်း ရုရှားနှင့် ယူကရိန်းတို့အကြား စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုကိုသာ အဓိက လမ်းကြောင်းအဖြစ် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းမှုမှာ စစ်မြေပြင် အားပြိုင်မှု၏ အရန်နည်းလမ်းအဖြစ်သာ ရှိနေဦးမည်ဟု သုံးသပ်သူများက ယူဆကြသည်။
ယခုကြိမ် ဆွေးနွေးပွဲ ကျင်းပသည့် နှစ်ရက်တာ ကာလအတွင်း ရုရှားနှင့် ယူကရိန်းတို့၏ အပြန်အလှန် တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။ ရုရှားဘက်က ယူကရိန်းနိုင်ငံအတွင်းရှိ ဒေသအများအပြားမှ လျှပ်စစ်ဓာတ်အားခွဲရုံများ၊ မီးရထား အခြေခံအဆောက်အအုံများနှင့် ပင်လယ်နက်အတွင်း ယူကရိန်းအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ပေးနေသည့် သင်္ဘောများကို တိုက်ခိုက်ခဲ့သည်။ ယူကရိန်းဘက်ကလည်း ရုရှားနိုင်ငံ၏ ဒေသအများအပြားကို တာဝေးပစ် ဒရုန်းများဖြင့် ဆက်လက် တိုက်ခိုက်ခဲ့သည်။
ဆောင်းရာသီ ဝင်ရောက်လာသည်နှင့်အမျှ ပြင်းထန်သော အအေးဒဏ်က နှစ်ဖက်စလုံး၏ မြေပြင်ထိုးစစ်များကို အကန့်အသတ်ရှိစေလာမည်ဖြစ်ရာ ရုရှားနှင့် ယူကရိန်းတို့၏ အပြန်အလှန် တာဝေးပစ် တိုက်ခိုက်မှု အရှိန်အဟုန်မှာ ပိုမိုပြင်းထန်လာဖွယ် ရှိသည်။ ထို့ပြင် နှစ်ဖက်စလုံးသည် တစ်ဖက်၏ လူမှုစီးပွားနှင့် ပြည်သူ့စားဝတ်နေရေး ဖိအားများကို တိုးပွားစေပြီး စစ်တိုက်လိုစိတ်ကို ဖြိုခွင်းရန်အတွက် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အား စသည့် အခြေခံအဆောက်အအုံများကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ကြမည် ဖြစ်သည်။
သို့သော်လည်း စစ်မြေပြင် ထိပ်တိုက်ရင်ဆိုင်မှု ဆက်လက် ဖြစ်ပွားနေခြင်းသည် စေ့စပ်ညှိနှိုင်းရေး လုပ်ငန်းစဉ် ပြတ်တောက်သွားခြင်းဟု အဓိပ္ပာယ်မသက်ရောက်ပေ။ သုံးနိုင်ငံစလုံးတွင် စေ့စပ်ညှိနှိုင်းရန် လိုအပ်ချက် ကိုယ်စီ ရှိနေကြသည်။ အမေရိကန် အစိုးရသည် ရုရှား-ယူကရိန်း ပဋိပက္ခကို ကြားဝင်စေ့စပ်ပေးခြင်းမှတစ်ဆင့် သံတမန်ရေးရာ အထင်ကရ “အုပ်ချုပ်ရေး စွမ်းဆောင်ရည် အောင်မြင်မှုရလဒ်”ကို ရရှိလိုသည်။ ရုရှားဘက်က စေ့စပ်ညှိနှိုင်းမှုကို အသုံးချ၍ ရုရှား-အမေရိကန် ဆက်ဆံရေး ပြေလည်လာသည့် အရှိန်အဟုန်ကို ခိုင်မာစေလိုသည်။ ယူကရိန်းဘက်ကမူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သည့်ဟန်ဖြင့် အမေရိကန်၏ စဉ်ဆက်မပြတ် ထောက်ခံပံ့ပိုးမှုကို ရယူရန် ရည်ရွယ်ထားသည်။
တရုတ် ခေတ်ပြိုင် နိုင်ငံတကာ ဆက်ဆံရေး သုတေသန အင်စတီကျု (CICIR) ယူရေးရှား သုတေသနဌာန ဒုတိယအကြီးအကဲ ချန်ယွီက ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးသည် အမေရိကန်ဘက်နှင့် တတ်နိုင်သမျှ အလိုက်သင့် ညှိနှိုင်းဆက်ဆံကြမည်ဖြစ်ပြီး ထရမ့်အစိုးရ၏ “ကြားဝင်စေ့စပ်လိုသည့် စိတ်အားထက်သန်မှု” ကို အသုံးချကာ အမေရိကန်၏ မူဝါဒများကို မိမိတို့အတွက် အကျိုးရှိစေမည့် ဦးတည်ချက်ဘက်သို့ ရောက်ရှိအောင် လမ်းကြောင်းပေးကြလိမ့်မည်ဟု ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံးက “မိမိ အသာစီးရသည်၊ မိမိ အချိန်ရှိသည်” ဟု ယူဆနေကြသဖြင့် နှစ်ဖက်စလုံးတွင် အလျှော့ပေးညှိနှိုင်းလိုသည့် ဆန္ဒ အားနည်းနေသည်။ ရုရှားဘက်၏ အမြင်တွင် ယူကရိန်းသည် စစ်သည်အင်အား ပြတ်လပ်မှုနှင့် အခြေခံအဆောက်အအုံများ ပြင်းထန်စွာပျက်စီးဆုံးရှုံးမှု စသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အပြင် ယူကရိန်းအပေါ် အနောက်အုပ်စု၏ ကူညီထောက်ပံ့မှု အတိုင်းအတာမှာလည်း မရေရာမသေချာမှုများ ရှိနေသည်။ ယူကရိန်းဘက်ကမူ လက်ရှိတွင် ယူကရိန်းအပေါ် ဥရောပ၏ ကူညီထောက်ပံ့လိုသည့် စိတ်ပိုင်းဖြတ်မှုမှာ အတော်ပင် ခိုင်မာနေပြီး အမေရိကန် သက်တမ်းဝက်ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့သည့် ဒီမိုကရက်တစ်ပါတီဝင်များ အနေဖြင့် ယူကရိန်းအပေါ် ကူညီထောက်ပံ့မှု ပမာဏကို တိုးမြှင့်ပေးကာ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုတိုးမြှင့်လာနိုင်ဖွယ်ရှိသည်ဟု ယူဆနေသည်။
လက်ရှိတွင် “စစ်ပွဲဖြင့် စေ့စပ်ညှိနှိုင်းမှုကို တွန်းအားပေးခြင်း” သည် ရုရှားနှင့် ယူကရိန်း နှစ်ဖက်စလုံး၏ ဘုံမဟာဗျူဟာမြောက် ရွေးချယ်မှု ဖြစ်နေဆဲဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက ယူဆကြသည်။ ပိုလန် နိုင်ငံခြားရေးမူဝါဒ ပညာရှင် Sławomir Dębski က ရုရှားနှင့် ယူကရိန်းတို့ ပဋိပက္ခ အဆုံးသတ်ရေးအတွက် အခြေခံ အတားအဆီးမှာ လက်ရှိတွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားခြင်း၏ ပေးဆပ်ရမှုထက် နည်းပါးသော နည်းလမ်းဖြင့် မိမိတို့၏ အဓိက အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းနိုင်မည့် နည်းလမ်းမရှိသေးဟု နှစ်ဖက်စလုံးက ယူဆနေကြခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ စေ့စပ်ညှိနှိုင်းမှုတွင် ပါဝင်ခြင်းသည် အကျိုးစီးပွားချင်း လက်ခံကိုက်ညီသွားပြီဟု အဓိပ္ပာယ်မသက်ရောက်ဘဲ နှစ်ဖက်စလုံး၏ မဟာဗျူဟာမြောက် ချိန်ဆသုံးသပ်မှုများ မပြောင်းလဲသရွေ့ ပဋိပက္ခမှာ ဆက်လက် ဖြစ်ပွားနေဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။ (Xinhua)
-----------------------------
(Chinese Version)
国际观察|俄美乌会谈:有限成果难破整体僵局
新华社莫斯科/阿布扎比11月12日电(记者赵冰 王昊)为期两天的俄罗斯、美国、乌克兰三方会谈11日在阿联酋首都阿布扎比结束。俄乌就大规模交换被俘人员达成一致,但在领土、乌克兰安全保障等关键问题上仍存“重大分歧”。
分析人士认为,俄美乌三方恢复沟通和谈判渠道是一项积极进展,但俄乌在核心问题上的立场仍相距甚远,谈判在短期内很难取得实质性突破。只要双方的战略考量没有根本变化,“以打促谈”的态势就不会改变。
进展:俄乌换俘
此次会谈10日起以闭门方式举行,这是俄美乌三方自今年2月以来首次恢复面对面谈判。会谈首日持续近4小时,第二天不到2小时。俄科学院安全问题研究中心主任研究员康斯坦丁·布洛欣认为,第二天的会谈仓促结束表明,俄乌均无妥协意愿,和平进程未取得实质进展。
会谈从一开始就被定性为工作层面的技术性磋商,外界预期普遍审慎。经过两天会谈,俄乌仅就大规模交换被俘人员达成一致。据俄谈判代表团成员、武装力量总参谋部信息管理局第一副局长佐林披露,俄乌可能在未来两至三周内各自向对方移交超过1000名被俘人员。
不过,俄美乌三方都认可会谈具有建设性。俄总统助理乌沙科夫评价此次会谈内容充实、有益;乌谈判代表团成员、对外情报局局长乌梅罗夫说,各方“重大分歧依然存在”,同时也存在继续推进谈判进程的机会;美方谈判代表、总统特朗普的女婿库什纳表示,会谈艰难但有实质意义,各方在部分领域看到了妥协空间,另一些问题仍需磋商。
库什纳还表示,他与美总统特使威特科夫12日将前往莫斯科会见俄总统普京,计划与普京讨论让欧洲参与谈判的可能性,随后赴爱尔兰首都都柏林向乌总统泽连斯基通报会谈情况。
舆论普遍认为,虽然会谈成果有限,但外交沟通渠道恢复本身就是一项重要进展。美国智库兰德公司高级分析师塞缪尔·查拉普说,目前局势下,难以指望各方就复杂问题迅速达成重大协议。当前谈判更重要的意义在于恢复对话、逐步缩小分歧,为后续谈判创造条件。
僵局:三道难关
今年以来,俄美乌已举行四轮会谈,每次都呈现相似特点:各方均肯定会谈的建设性意义,交换战俘、停火监督等技术性问题也取得一定进展,但在涉及俄乌核心关切的以下三大议题上始终难以弥合分歧。
一是领土问题。俄方要求控制包括顿涅茨克和卢甘斯克的整个顿巴斯地区,而目前顿涅茨克仍有部分领土由乌军控制。乌方拒绝主动撤出这部分领土,主张以实际接触线冻结冲突,并在此基础上进行谈判。
二是安全保障。俄罗斯坚持以“安全不可分割原则”作为谈判基础,要求北约停止东扩,不再吸纳乌克兰,并主张建立新的欧洲安全框架。乌方则担心俄罗斯在停战后“卷土重来”,要求获得西方驻军等可信、可执行的安全保障。俄方对此坚决反对,认为此类安排严重损害俄方安全利益。
三是停火顺序。乌方主张先停火,再就监督机制、安全保障及后续政治谈判等展开讨论。俄方则主张先就领土、乌克兰军事地位、欧洲安全机制等事关全面解决冲突的问题形成基本原则,否则停火只会让乌方获得喘息备战的时间。
俄罗斯莫斯科国际关系学院专家谢尔盖·马尔克多诺夫说,仅实现停火而不解决领土、乌克兰地位等深层问题,就无法保障持久和平,2015年新明斯克协议的失败已证明这一点。当前,双方立场仍相距甚远,不应对谈判取得突破抱有过高期待。
选择:以打促谈
分析人士认为,鉴于上述原则性分歧,短期内俄乌之间仍将以军事对抗为主线,谈判更多是战场博弈的配套手段。
此次会谈的两天里,俄乌互袭并未停止。俄方打击了乌境内多个地区的变电站、铁路基础设施和黑海上为乌方运输物资的船只。乌方则持续对俄多个地区发动远程无人机袭击。
随着冬季来临,严寒低温将限制双方地面进攻,俄乌远程互袭力度或进一步加强,且双方都会重点打击能源、电力等基础设施,以加剧对方社会经济和民生压力、瓦解其战斗意志。
不过,战场对抗持续不意味着谈判进程中断。三方都有谈判需要:美国政府欲借斡旋俄乌冲突获得标志性外交“政绩”;俄方希望借助谈判巩固俄美关系缓和势头;乌方则有意通过积极配合姿态争取美方持续支持。
中国现代国际关系研究院欧亚研究所副所长陈宇说,俄乌都会尽可能地与美方周旋,利用特朗普政府的“斡旋热情”来引导美方政策朝着于己有利的方向发展。
同时,俄乌均认为“优势在我、时间在我”,导致双方妥协意愿不足。在俄方看来,乌克兰面临兵员短缺、基础设施受损严重等困难,且西方援乌力度也存在不确定性。乌方则认为,欧洲目前援乌意志较为坚定,而美国中期选举后,掌控国会的民主党人有望提升援乌规模并加码对俄制裁。
专家认为,目前,“以打促谈”仍是俄乌共同的战略选择。波兰外交政策学者斯瓦沃米尔·登布斯基说,俄乌结束冲突的根本障碍在于,双方都认为,目前不存在能以低于继续冲突的代价维护自身核心利益的可行方案。参与谈判并不意味着利益变得兼容,只要双方的战略考量没有改变,冲突就很可能持续。
图说1:这是11月10日在阿联酋首都阿布扎比拍摄的俄美乌三方会谈现场。新华社/阿联酋通讯社
图说2:6月7日,在英国伦敦唐宁街10号首相府前,时任英国首相斯塔默(右二)、法国总统马克龙(右一)、德国总理默茨(左一)与乌克兰总统泽连斯基在会谈后准备离开。新华社发(史蒂芬·程摄)
图说3:9月8日,乌克兰国家紧急情况局救援人员在基辅市索洛缅斯基区扑救一处遇袭起火的基础设施。新华社发(彼得·德鲁克摄)