Myanmar Digital News

ကော့ကရိတ်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကော့ကရိတ် နိုဝင်ဘာ ၁၃

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကော့ကရိတ်မြို့နယ် လူစည်ကားရာ ဗိုလ်ချုပ်လမ်း၊ မြို့မဈေး‌ရှေ့တို့တွင် ဖြန့်ဝေပေးခဲ့သည်။

 

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် သင့်မြို့သင့်ရွာကာကွယ်ဖို့ ပြည်သူ့စစ်မှုထမ်းကြစို့၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ ပြည်သူ့စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ပြည်သူ့စစ်မှုထမ်းစနစ် ဘာကြောင့်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းများ အလုပ်အကိုင်ရရှိရေး၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ စသည်တို့ပါရှိပြီး မြို့မဈေးအရှေ့နှင့်‌ ဈေးသွားဈေးလာ ပြည်သူများအား လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News