Kanbawza Tai News

ယနေ့အတွက် သတင်းများ | 13-11-2026

❏ နမ့်စန်တွင် လူနေအိမ်များအတွင်း ရေထပ်မံဝင်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းက လူနေအိမ်များအတွင်းသို့ ရေထပ်မံ ဝင်ရောက်နေလျက်ရှိကြောင်း သိရသည်။

❏ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲအတွက် တိုင်းရင်းသားအကအဖွဲ့များ အစမ်းလေ့ကျင့်

၂၀၂၆ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားများတွင် ကပြဖျော်ဖြေမည့် တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များ အစမ်းလေ့ကျင့်ကပြမှုကို ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းက တောင်ကြီးမြို့၊ အဝေရာမီးပုံးပျံကွင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

❏ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ နေ့လွှတ်အရုပ်များ စတင်လွှတ်တင်

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ရိုးရာမီးပုံးပျံပြိုင်ပွဲ နေ့လွှတ်အရုပ် မီးပုံးပျံပြိုင်ပွဲကို ယနေ့ နိုဝင်ဘာလ ၁၃ ရက်မှ စတင်၍ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းအတွင်း စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Kanbawza Tai News