Myanmar National Post

အဒမ်စမစ်က ဈေးကွက်ကို ကြောက်နေတဲ့ ဆိုရှယ်လစ်တွေကို ရှင်းပြခဲ့တဲ့ မမြင်ရသောလက်


ဆိုရှယ်လစ်အတွေးအခေါ်အရ လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျိုးစီးပွားရှာဖွေမှုဟာ လူမှုအကျိုးစီးပွားကို ထိခိုက်စေနိုင်တယ်လို့ စိုးရိမ်ကြတယ်။

အဒမ်စမစ်ကတော့ ၁၇၇၆ ခုနှစ်ထုတ် The Wealth of Nations စာအုပ်မှာ Invisible Hand (မမြင်ရသောလက်) ဆိုတဲ့ အယူအဆနဲ့ ဒီသဘောတရားကို ရှင်းပြခဲ့တယ်။

လူတစ်ယောက်ဟာ အများအကျိုးအတွက် သက်သက်လုပ်ကိုင်နေတာမဟုတ်ဘဲ ကိုယ့်အကျိုးအမြတ်အတွက် လုပ်ကိုင်နေခြင်းဖြစ်ပေမဲ့ ဈေးကွက်အတွင်းမှာ အခြားသူတွေရဲ့ လိုအပ်ချက်ကိုပါ ဖြည့်ဆည်းပေးနိုင်တယ်။

ဥပမာ မုန့်ဖုတ်သမားဟာ လူတွေကို စေတနာနဲ့ မုန့်ဖုတ်ပေးနေတာမဟုတ်ဘဲ အမြတ်ရဖို့ မုန့်ဖုတ်တာဖြစ်တယ်။ ဒါပေမဲ့ သူ့ရဲ့ အမြတ်ရှာဖွေမှုက လူ့အဖွဲ့အစည်းအတွက် စားစရာတွေ ထုတ်လုပ်ပေးနေတယ်။

ဈေးကွက်ရဲ့ ဝယ်လိုအား၊ ရောင်းလိုအားနဲ့ ယှဉ်ပြိုင်မှုတွေက လူတစ်ဦးချင်းစီရဲ့ ကိုယ်ကျိုးစီးပွားရှာဖွေမှုကို လူမှုစီးပွားရေးအကျိုးဖြစ်ထွန်းမှုနဲ့ ချိတ်ဆက်ပေးတယ်။

ဒါဟာ Invisible Hand (မမြင်ရသောလက်) ရဲ့ အဓိကသဘောတရားဖြစ်တယ်။

အဒမ်စမစ်ရဲ့ ရှင်းပြချက်အရ လူတိုင်းကို အများအကျိုးအတွက် အမိန့်ပေးစရာမလိုဘူး။ လွတ်လပ်စွာ ထုတ်လုပ်၊ ရောင်းဝယ်၊ ယှဉ်ပြိုင်ခွင့်ပေးခြင်းကလည်း လူ့အဖွဲ့အစည်းရဲ့ ကြွယ်ဝချမ်းသာမှုကို ဖန်တီးပေးနိုင်တယ်။

အစိုးရ တစ်ရပ်ရဲ့ အမိန့်အာဏာနဲ့ ချိန်ညှိပေးနေရင် လက်မဲကြီးလို့ခေါ်နိုင်ပြီး ဝယ်လိုအားရောင်းလိုအား မှာအာဏာမပါပဲ အလိုအလျောက် ချိန်ညှိပေးလို့ Invisible Hand (မမြင်ရသောလက်) အော်တိုမက်တစ်စနစ်ဖြစ်တယ်။

ကိုယ်ကျိုးစီးပွားရှာဖွေခြင်းနဲ့ အများအကျိုးဖြစ်ထွန်းခြင်းဟာ အမြဲတမ်း ဆန့်ကျင်ဘက်မဟုတ်ဘူး။ ဒါဟာ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံသဘောတရားပဲ ဖြစ်တယ်။


နေမျိုးဝေ

#News #Myanmar

မူရင်းသတင်း — Myanmar National Post