
နေပြည်တော် နိုဝင်ဘာ ၁၃
အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘော်လီဘော အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘော(အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲ အမျိုးသမီး ပထမအဆင့်အုပ်စု ပတ်လည်ပွဲစဉ်နှင့် အမျိုးသားကွာတား ဖိုင်နယ်အဆင့် အုပ်စုပတ်လည် ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ (B)၌ ဆက်လက်ကျင်းပသည်။
အဆိုပါ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီ ဘော(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ အမျိုးသမီးပထမအဆင့် အုပ်စု ပတ်လည် ပွဲစဉ်နှင့် အမျိုးသားကွာတားဖိုင်နယ်အဆင့် အုပ်စုပတ်လည်ပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ဌာနဆိုင်ရာ များမှ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ ဝန်ကြီးဌာနပေါင်းစုံ ဘော်လီ ဘောပြိုင်ပွဲ အမျိုးသမီး ပထမအဆင့် အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကာကွယ် ရေးဝန်ကြီးဌာနအသင်းနှင့် အားကစား ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ကာကွယ်ရေးဝန်ကြီးဌာန အသင်းက အားကစားရေးရာဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားကွာတားဖိုင်နယ် အဆင့် အုပ်စုပတ်လည်ပွဲစဉ်များအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနအသင်းက ကာကွယ်ရေးဝန်ကြီးဌာန အသင်းကို သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာန အသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပို့ဆောင်ရေးဝန်ကြီး ဌာနအသင်းက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းနှင့် အားကစားရေးရာဝန်ကြီး ဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အားကစားရေးရာဝန်ကြီးဌာန အသင်းက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနအသင်းကို သုံးပွဲပြတ်ဖြင့် လည်း ကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအသင်း နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထဲရေးဝန်ကြီး ဌာနအသင်းက နယ်စပ်ရေးရာဝန်ကြီးဌာန အသင်းကို သုံးပွဲ-တစ်ပွဲဖြင့် လည်းကောင်း အသီးသီးယှဉ်ပြိုင်အနိုင်ရရှိသည်။
၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီမှစတင်၍ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ အမျိုးသမီး ပထမအဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာနအသင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်း၊ အမျိုးသားကွာတားဖိုင်နယ်အဆင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် ကာကွယ် ရေးဝန်ကြီးဌာနအသင်းနှင့် ပို့ဆောင်ရေး ဝန်ကြီးဌာနအသင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အသင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနအသင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် အားကစားရေးရာ ဝန်ကြီးဌာနအသင်းတို့ ဆက်လက် ယှဉ်ပြိုင်သွားမည် ဖြစ်၍ အားကစား ဝါသနာရှင်မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှု အားပေးနိုင် ကြောင်း သိရသည်။
သတင်းစဉ်