
ရန်ကုန် နိုဝင်ဘာ ၁၃
M League II 2026-2027 ပြိုင်ပွဲ၏ အပတ်စဉ်(၅) ဒုတိယနေ့ပွဲစဉ်အဖြစ် ယနေ့ ညနေ ၃ နာရီခွဲက တက္ကသိုလ်ကွင်း၌ တက္ကသိုလ်အသင်းနှင့် Asia Lion အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက် တစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ယခုပွဲစဉ်တွင် သရေရလဒ်ထွက်ပေါ်ခဲ့သဖြင့် Asia Lion အသင်းမှာ ရမှတ်စတင်ရရှိခဲ့ပြီး တက္ကသိုလ်အသင်းသည် အမှတ်ပေးဇယား အဆင့် (၂)နေရာသို့ တန်းဆင်းခဲ့ရသည်။
အမှတ်ပေးဇယား အဆင့်(၁)နေရာမှ တက္ကသိုလ်အသင်းနှင့် အဆင့်(၉)နေရာမှ Asia Lion အသင်းတို့ တွေ့ဆုံမှု ဖြစ်ပြီး တက္ကသိုလ်အသင်းအတွက် ဦးဆောင်ဂိုးကို ၄၁ မိနစ်တွင် နေနိုင်ဦးက သွင်းယူခဲ့ပြီး Asia Lion အသင်းအတွက် ချေပဂိုးကို ၅၆ မိနစ်တွင် သီဟဇော်က သွင်းယူပေးခဲ့သည်။ AYA Pay ပွဲစဉ်အကောင်းဆုံး ကစားသမားဆုကို Asia Lion တိုက်စစ်မှူး သီဟဇော်က ရရှိခဲ့သည်။
အပတ်စဉ်(၅) နောက်ဆုံးပွဲစဉ်များကို နိုဝင်ဘာ ၁၄ ရက်(ယနေ့)တွင် YUSC ကွင်း၌ မနောအသင်းနှင့် Elite Kings အသင်း၊ တက္ကသိုလ်ကွင်း၌ ရာမညယူနိုက်တက်နှင့် Junior Lions အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MLII