Myanmar Digital News

မြန်မာအမျိုးသမီး ဖူဆယ်လိဂ်ပြိုင်ပွဲ အပတ်စဉ်(၂)ပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်

 

ရန်ကုန် နိုဝင်ဘာ ၁၃

မြန်မာအမျိုးသမီးဖူဆယ်လိဂ် ၂၀၂၆-၂၀၂၇ ပြိုင်ပွဲ အပတ်စဉ်(၂) ပွဲစဉ်များကို ယနေ့ နံနက်ပိုင်းက MFF ဖူဆယ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ Yoma FC အသင်းနိုင်ပွဲဆက်ကာ အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင် ထားသည်။

 

ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များတွင် Royal Pantra အသင်းက Pacific Sun Far အသင်းကို လေးဂိုး တစ်ဂိုး၊ YRG အသင်းက Bushido Team အသင်းကို ၃၉ ဂိုး ဂိုးမရှိ၊ Yoma FC အသင်းက Dagon Seikkan အသင်းကို ၁၃ ဂိုး ဂိုးမရှိ၊ လှိုင်သာယာအသင်းက မင်္ဂလာဒုံစီးတီးအသင်းကို ၁၅ ဂိုး ဂိုးမရှိနှင့် U-19 Team အသင်းက The Stars အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အသီးသီး အနိုင်ရရှိခဲ့သည်။

 

အပတ်စဉ်(၂) ပွဲစဉ်များအပြီးတွင် Yoma FC ၊ U-19 Team နှင့် YRG အသင်းတို့က ၆ မှတ်စီ၊ Pacific Sun Far ၊ The Stars ၊ Royal Pantra နှင့် လှိုင်သာယာအသင်းတို့က ၃ မှတ်စီ၊ မင်္ဂလာဒုံစီးတီး၊ Dagon Seikkan နှင့် Bushido Team အသင်းတို့က ဂိုးမရှိသေးပေ။

နေမျိုး၊ MFF

 

မူရင်းသတင်း — Myanmar Digital News