
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်တွင် ဓာတ်လှေကားအတွင်း ပိတ်မိနေသည့် အမျိုးသမီးတစ်ဦးကို (၈) မိနစ်အတွင်း ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ (နိုဝင်ဘာ ၁၄ ရက်) နံနက် (၉) နာရီ (၂၀) မိနစ်ခန့်က လမ်းမတော်မြို့နယ်၊ (၇) ရပ်ကွက်၊ (၁၅)လမ်း၊ တိုက်အမှတ် (၁၂၀)၊ (၄) လွှာတွင်ရှိသည့် ဓာတ်လှေကားအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဓာတ်လှေကားအတွင်း အမျိုးသမီး တစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ကျောက်တံတားမြို့နယ်မီးသတ်စခန်းမှ သွားရောက်ကယ်ဆယ်ခဲ့ကြောင်း သိရသည်။
ထိုသို့သွားရောက်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် (၉) နာရီ (၂၈)မိနစ်တွင် ဓာတ်လှေကားအတွင်း ပိတ်မိနေသည့် အမျိုးသမီးတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။