
ထိုက်စံ (NP News) - နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်တွင် (၃)လအတွင်းဖမ်းဆီး ရမိခဲ့သည့် Online Scam Canter များ၌ တရုတ်လူမျိုးအများစု ပါဝင်နေပြီး တရုတ်နိုင်ငံသားများကိုပင် ပြန်လိမ်လည်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။
အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းများကို ရှမ်းပြည်နယ်တွင် အမြစ်ဖြတ်နှိမ်နင်းခြင်း လုပ်ဆောင်ခဲ့ ရာတွင် ဩဂုတ်လ (၁)ရက်မှ အောက်တိုဘာလ(၃၁)ရက်အထိ ဖမ်းဆီးရမိခဲ့သူများအတွင်း ပြည်ပနိုင်ငံသား (၇၅၉) ဦးရှိခဲ့ရာ (၅၀၂)ဦးသည် တရုတ်နိုင်ငံသားများဖြစ်ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးရမိသူများကို စိစစ်မှုများနှင့် သိမ်းဆည်းရမိသည့် ကွန်ပျူတာနှင့်ဖုန်းများအတွင်း တွေ့ရှိချက်များ အရ တရုတ်နိုင်ငံသားအချင်းချင်းကိုသာ အဓိကပစ်မှတ်ထားခြင်းဖြစ်ပြီး အင်တာနက်၊ လူမှုကွန်ရက်နှင့် ဒီဂျစ်တယ် ဆက်သွယ်ရေးနည်း ပညာများကိုအသုံးချ၍ လူတစ်ဦးချင်းစီ၏ ယုံကြည်မှု၊ စိတ်ခံစားမှုနှင့် ငွေကြေးဆိုင် ရာအကျိုး အမြတ်မျှော် လင့်ချက်များကိုအခွင့်ကောင်းယူကာ ငွေကြေးလိမ် လည်ခြင်းများလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရ သည်။
ထိုသို့လုပ်ဆောင်ရာတွင် တရုတ်နိုင်ငံသား များအသုံးများသည့် Safe W ၊ QQ၊ Yuanbao ၊ Dou Yu Feishu၊ Safe X ၊ Wechat ၊ Litmatch ၊ Telegram စသည့် Application များကို အသုံးပြုလေ့ရှိကြောင်းသိရသည်။ ယင်း Application များ ဖြင့်လိမ်လည်ရာတွင် လောဘစိတ်ရှိသူများကို လိမ်လည်မှု၊ ကံစမ်းမဲဆုကြေးကို မက်လုံးပေးလိမ်လည်မှု၊ လောင်း ကစားဝါသနာပါသူများကို လိမ်လည်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မက်လုံးပေးလိမ်လည်မှုဟူ၍ လိမ်လည်မှုပုံ စံ(၄)ခုရှိသည်ဟု အကြမ်းဖျင်း နားလည်နိုင်ကြောင်း ထုတ်ပြန်ချက်ပါအချက်အလက်များအရသိရသည်။
ထို့နောက် ပစ်မှတ်ရွေးချယ်ခြင်းနှင့်ယုံ ကြည်မှုတည်ဆောက်ရာတွင် အသိပညာနည်းပါးသူ၊ နည်းပညာ အားနည်းသူနှင့် လောဘစိတ်ရှိသူများကို အဓိကပစ်မှတ်ထားရှာဖွေခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် အသက်အရွယ်၊ လူမှုအဆင့်အတန်း၊ အလုပ်အကိုင်၊ ဝါသနာနှင့် စိတ်ဝင်စားမှုများအပေါ်မူတည်၍ ချဉ်းကပ်ရမည့်ပုံစံနှင့် လိမ်လည်ရ မည့်ပုံစံကို ခွဲခြားသတ်မှတ်ပြီး ပစ်မှတ်ထားခံရသူများ၏ ယုံကြည်မှု ကိုရရှိစေရန်နှင့် ရင်းနှီးသောဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ရန်ကြိုးပမ်းကြပြီး ၎င်းတို့၏အယောင် ဆောင်ပုံစံကိုသတ်မှတ်၍လုပ်ဆောင်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အတွင်း ထူးခြားသည့်အချက်၌ အမျိုးသမီးလိမ်လည်သူများသည် ရုပ်ရည်ပြေ ပြစ်ချော မောသူ များအဖြစ်လည်းကောင်း၊ အမျိုးသားများအဖြစ်လိမ်လည်သူများသည် တရုတ်နိုင်ငံ၏ စစ်ဘက်၊ ရဲဘက်မှ အရာရှိများ အဖြစ်လည်းကောင်း၊ ငွေကြေးချမ်းသာသူအဖြစ်လိမ်လည်ရာတွင် ရွှေတုံးနှင့် တရုတ်ငွေစက္ကူများကို အထက်ပါ လူမှု ကွန်ရက်များ တွင်ဖော်ပြကာ သားကောင်ကိုချဉ်းကပ်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။
ထို့ပြင် အစိုးရဝန်ထမ်းနှင့်ပညာတတ် လူတန်းစား၊ နည်းပညာကျွမ်းကျင်သူ၊ ကုမ္ပဏီပိုင်ရှင်နှင့် စီးပွားရေး လုပ်ငန်းရှင်များအသွင်ယူ၍လည်း အယောင် ဆောင်လိမ်လည်ကြကြောင်း သိရသည်။ ကျူးလွန်သူများလိမ်လည်မည့် ဇာတ်ကောင်အပေါ်မူတည်၍ လို အပ်သည့်ဓာတ်ပုံများ၊ အထောက်အထား စာရွက်စာ တမ်းများ၊ လူနေမှုဘဝပုံစံများကို သဘာဝကျအောင် ကြိုတင်ဖန်တီးထားကြသည်များလည်းရှိကြောင်း သိရသည်။
ထုတ်ပြန်ချက်တွင်ဖော်ပြထားသည့် Chat List များကို တရုတ်ဘာသာမှ မြန်မာဘာသာသို့ပြန် ဆိုထားချက်အရ စစ်ဘက်၊ ရဲဘက် အရာရှိအဖြစ် အယောင်ဆောင်လိမ်လည်ရာတွင် အထင်ကြီးလေး စားစေရန် ဇာတ်ကောင်ဖန်တီး လိမ်လည်ကြောင်း တွေ့ရသည်။ အလားတူ ချစ်သူရည်းစားအဖြစ် သွေးဆောင်ဖြားယောင်းပြောဆို ထားသည်များ လည်းရှိပြီး မိသားစုအရေးပေါ်အခြေအနေကို အကြောင်းပြကာ ငွေကြေးလိမ်လည်တောင်းခံခြင်းများလည်းရှိကြောင်း သိရသည်။
ထို့ပြင် လောဘစိတ်ရှိသူများကိုလည်း အောင်မြင်နေသောစီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ် နှံမှုအခွင့် အလမ်းများရှိကြောင်း သွေးဆောင်စည်းရုံး ကာ အမြတ်အစွန်းများစွာရရှိနိုင်ကြောင်း ပြောဆို စည်းရုံးကာ အခြားသူများ ရင်းနှီးမြှုပ်နှံပြီးအကျိုးအမြတ်ရရှိနေကြောင်း အထောက်အထားအတုများ၊ မှတ်တမ်းအတုများနှင့် အွန်လိုင်းစာမျက်နှာ အတုများ ကိုအသုံးပြုကြကြောင်း သိရသည်။
ယင်းသို့လိမ်လည်ရာတွင် ပစ်မှတ်ဖြစ်သူကို အစပိုင်း၌ ယုံကြည်မှုရရန် အမြတ်အစွန်းများ ပြန်လည်ထုတ်ပေးပြီး ရင်းနှီးမြှုပ်နှံသူ များပြားလာပါက Application များ ဖျက်သိမ်းခြင်း၊ ရင်းနှီးမြှုပ်နှံမှု ငွေများ ပြန်လည်ထုတ်မပေးခြင်းနှင့် ငွေကြေးစီးဆင်း မှုကို ဖုံးကွယ်ရန် ကြိုးပမ်းခြင်းများပြုလုပ်၍ လိမ်လည် ကြသည်များလည်း ရှိကြောင်းသိရသည်။
အလားတူ အွန်လိုင်းလိမ်လည်လောင်းက စားလုပ်ငန်းတွင် ကံစမ်းမဲ၊ ဆုကြေးငွေကို မက်လုံးပေး၍ ဖုန်းစာတို (SMS)၊ အီးမေးလ်(Email)နှင့် Viber၊ Telegram စသည့် လူမှုကွန်ရက်နှင့် ဆက်သွယ်ရေး Application များကိုအသုံးပြု၍ Website Link အတုများပေးပို့ကာလိမ်လည်သည့်နည်းကိုလည်း ပြု လုပ်လေ့ရှိကြောင်းသိရသည်။ ထိုသို့လုပ်ဆောင်ရာ တွင် ပစ်မှတ်ထားခံရသူများ၏ စိတ်ဝင်စားမှုနှင့်ယုံ ကြည်မှုကိုရရှိစေရန် ဆုငွေလက်ဆောင်နှင့် ငွေသားဆုများ ကံစမ်း မဲပေါက်မှုကိုအကြောင်းပြ၍ သံသယဖြစ်ဖွယ် Website Link များကိုပေးပို့ကြပြီး အချို့သောလိမ်လည်သူများသည် ဘဏ်များ၊ ငွေကြေးဝန် ဆောင်မှုလုပ်ငန်းများ၊ အစိုးရဌာနများနှင့် နာမည်ကြီး ကုမ္ပဏီများ၏ အမည်၊ အမှတ် တံဆိပ်(Logo)နှင့် Website ပုံစံများကိုတုပဖန်တီးကာ တရားဝင် Website တစ်ခုကဲ့သို့ထင်မြင်စေရန်ပြုလုပ်၍ လိမ်လည် ကြကြောင်းသိရသည်။
ထုတ်ပြန်ချက်တွင်ဖော်ပြထားသည့်ပုံအရ လိမ်လည်သူသည် “အမေရိကန်၏ အွန်လိုင်းဈေးဝယ် ပလက် ဖောင်းဖြစ်သော“Amazon”တွင် ကံစမ်းမဲအစီအစဉ်ရှိကြောင်း၊ Iphone 15 နှင့်ငွေသားကံစမ်း မဲများကံစမ်းနိုင်ကြောင်း” မက်လုံးပေးစည်းရုံးပြီးနောက် အတုအယောင် Link များပေးပို့ကာ ပစ်မှတ် မှငွေကြေးများထည့်ဝင်ပြီးနောက် လိမ်လည် သွား သည်ကိုတွေ့ရသည်။
ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်း မက်လုံးပေး၍ လိမ်လည်ခြင်းများလည်းရှိပြီး အိမ်တွင် နေထိုင်ရင်း အလုပ် လုပ်ကိုင်နိုင်ခြင်း၊ အချိန်ပိုင်းအလုပ်များဖြင့် ဝင်ငွေကောင်းစွာရရှိနိုင်ခြင်း၊ အထူးကျွမ်းကျင်မှုနှင့် အတွေ့အကြုံမလို အပ်ဘဲ လစာမြင့် မားစွာရရှိနိုင်ခြင်း စသည့် မက်လုံးပေးကြော်ငြာမှုများ ဖြင့်ဆွဲဆောင်ကြသည်များလည်းရှိကြောင်းသိရ သည်။
ယခုနောက်ပိုင်းတွင်လည်း AI ဖြင့် လူ ပုဂ္ဂိုလ်များ၏မျက်နှာပုံရိပ်နှင့်အသံများကို တုပဖန်တီး နိုင်သော Deepfake နည်းပညာကိုအသုံးပြု၍ ထင်ရှားကျော်ကြားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရတာဝန်ရှိသူများ၏ အမည်၊ ရုပ်ပုံနှင့်အသံများ ကိုအလွဲသုံးစားပြုကာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ယုံကြည်စိတ်ချရသည့် အစီအစဉ်များ ဖြစ်သကဲ့သို့ ဖန်တီးကြော်ငြာကြသည်များလည်းရှိကြောင်း သိရသည်။
သတင်းဌာနများ၏ တရားဝင် Website နှင့် ပုံစံတူ Website အတုများကို ဖန်တီးအယောင်ဆောင်ပြီး ထင်ရှားကျော်ကြားသူများ၏ အင်တာဗျူးအတုများ၊ သတင်းဆောင်းပါးအတုများနှင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာကြော်ငြာ အတုများကိုဖော်ပြကာ အဆိုပါ ပုဂ္ဂိုလ်များက ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို အမှန်တကယ်ထောက်ခံ အားပေးနေ သကဲ့သို့ လှည့်ဖြားဆွဲ ဆောင်မှုများပြုလုပ်ခြင်းလည်းရှိကြောင်းသိရသည်။
ထုတ်ပြန်ဖော်ပြထားသည့်အချက်အလက်များအရ 1068.Com အွန်လိုင်းလောင်းကစား Website ဝင်ရောက် ဆော့ကစားကြရန် အမျိုးသမီးပုံများ ဖြင့်ဆွဲဆောင်ထားသည်များလည်းရှိကြောင်းသိရသည်။ အဆိုပါ အွန်လိုင်း ငွေကြေးလိမ်လည်မှုလုပ်ငန်းများသည် နယ်စပ်ဒေသရှိ သောင်းကျန်းသူအဖွဲ့ များအခြေပြုသည့် ဥပဒေကင်းလွတ် ရာနယ်မြေများတွင် အဓိကအခြေပြုလုပ်ကိုင်လေ့ရှိသည်ကို တွေ့ရှိ ရကြောင်းသိရသည်။
မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို ကျူးလွန်ကြသူအများစုအနေဖြင့် နိုင်ငံ အတွင်းသို့ ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်း နိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ နယ်စပ်လမ်း ကြောင်းများမှတစ်ဆင့် တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်မှုများအပြင် အခြားသောဒုစရိုက်မှုမျိုးစုံကို ဆိုးရွားစွာ ကျူးလွန်ခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းက စားမှုများကိုကျူးလွန်ခဲ့ကြသူများသည် Social Media မှတစ်ဆင့် နည်းမျိုးစုံဖြင့် မက်လုံးပေးစည်း ရုံးမှုကြောင့် နိုင်ငံစုံမှ အလုပ်လာရောက်လုပ်ကိုင်ရင်း အွန်လိုင်းလိမ်လည်မှု လုပ်ငန်းများ တွင် ပါဝင်ပတ်သက်ခဲ့ရသည့် လူကုန်ကူးခံရသူများနှင့် ရာဇဝတ်မှု များ ကျူးလွန်ထွက်ပြေးတိမ်းရှောင်နေကြသူများဖြစ် ကြောင်း သိရသည်။


