NP News

လယ်ဝေးတွင် ငွေကျပ် သိန်း (၆၀၀) ကျော် ဘိန်းစိမ်းများ ဖမ်းဆီးရမိ

စိမ့်စမ်းရေ (NP News) - နိုဝင်ဘာ ၁၄

နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လမ်းဝေးမြို့နယ်တွင် ငွေကျပ် သိန်း(၆၀၀)ကျော်တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ နိုင်ဝင်ဘာ (၉) ရက်က လယ်ဝေးမြို့နယ်၊ ကြာကန်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာအနီးတွင် ဇော်ပိုင်(ခ)ကိုပိုင်နှင့် သူရဇော်(ခ)နစ်ကြီးတို့မောင်းနှင်လာသည့် TOYOTA HILUX SURF အမျိုးအစား ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ သိုဝှက်သယ်ဆောင်လာသော ငွေကျပ် သိန်း (၆၉၆ ဒသမ ၈) တန်ဖိုးရှိ ဘိန်းစိမ်း (၈၇ ဒသမ ၁) ကီလိုနှင့် လက်ကိုင်ဖုန်း (၃) လုံးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူ ဇော်ပိုင်(ခ)ကိုပိုင် (၂၁) နှစ်နှင့် သူရဇော်(ခ)နစ်ကြီး (၃၂) နှစ်တို့ကို သာဝတ္ထိ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News