
မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနေသည့် ISUZU TRUCK SERVICE FACTORY (MYANMAR) လုပ်ငန်းများရပ်ဆိုင်းပြီး စာရင်းရှင်းလင်းဖျက်သိမ်းမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကြေညာထားသည်။
အဆိုပါ ISUZU TRUCK SERVICE FACTORY (MYANMAR) ကုမ္ပဏီမှာ ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် Itochu Corporation လက်အောက်ရှိ ကုမ္ပဏီ တစ်ခုလည်းဖြစ်သည်။
အဖွဲ့ဝင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီဖျက်သိမ်းခြင်းဆိုင်ရာ မြန်မာဒေဝါလီခံခြင်း ဥပဒေပုဒ်မ ၂၁၁(က) အရ ISUZU TRUCK SERVICE FACTORY (MYANMAR) စာရင်းရှင်းလင်းဖျက်သိမ်းခြင်းဆိုင်ရာ ကုမ္ပဏီ၏နောက်ဆုံးအထွေထွေအစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
အဆိုပါ ကုမ္ပဏီမှာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံခဲ့ခြင်းဖြစ်ကာ ISUZU TRUCK နှင့် ပတ်သက်သည့်စက်ယန္တရားနှင့် စက်ပစ္စည်းကိရိယာတွေထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်များ၊ နောက်တွဲယာဉ်နှင့် တစ်ပိုင်းနောက်တွဲယာဉ်တွေထုတ်လုပ်ခြင်း၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များရောင်းဝယ်ပြုပြင်သည့်လုပ်ငန်းများလုပ်ကိုင်သည့်ကုမ္ပဏီတစ်ခုဖြစ်သည်။