Eleven Media Group

■ ပခုက္ကူကြက်သွန်စျေးကွက် စျေးနှုန်းဆက်လက်မြင့်တက်နေပြီး ကျွန်း​မြေများတွင် စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ ပိုးကျရောက်နေ

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယခုနိုဝင်ဘာလလယ်ပိုင်းတွင် စျေးနှုန်းများဆက်လက်မြင့်တက်နေပြီး ကျွန်းမြေများတွင် စိုက်ပျိုးထားသည့် ကြက်သွန်စိုက်ခင်းများ ပိုးကျရောက်နေကြောင်း သိရသည်။

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ကုန်လက်ကျန်နှင့် ကုန်ဝင်ရောက်မှုနည်းပါးခြင်းတို့ကြောင့် စျေးနှုန်းမြင့်တက်လာရာ တစ်ပိဿာကျပ် ၁၇၀၀၀ ခန့်ထိ ရောက်ရှိလာကြောင်း သိရသည်။

ပခုက္ကူ​စျေးကွက်တွင် ပိဿာချိန် ထောင်ဂဏန်းသာ ဝင်ရောက်ပြီး နိုဝင်ဘာလ ၁၄ရက်နေ့တွင် ဂျွန်​သေးတစ်ပိဿာ ၁၂၀၀၀ - ၁၄၀၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿာ ၁၅၀၀ - ၁၇၀၀၀ ကျပ် နှင့် ဂျွန်​ကြီးတစ်ပိဿာ ၁၈၀၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။

ပခုက္ကူခရိုင်အတွင်း မြစ်ရေဝင် ကျွန်းမြေများတွင် စိုက်ပျိုးထားသည့် ကြက်သွန်စိုက်ခင်းများမှာ ယခုလ ဒုတိယပတ်က ရွာသွန်းခဲ့သည့်မိုးကြောင့် ဖျက်ပိုးကျရောက်မှု ကြုံတွေ့နေကြောင်း တောင်သူများထံမှ သိရသည်။

` မိုးက သုံးရက်ဆက်တိုက် ရွာတယ်။ ​တချို့အခင်းတွေ ရေဝပ်နေလို့ ဖောက်ထုတ်ရတယ်။ ရေဖောက်ထုတ်မရတဲ့အခင်းတွေက ရေစုပ်စက်နဲ့ ထုတ်ရတယ်။ တချို့အခင်းတွေက ဥတွေပုပ်တယ်။ တစ်ချို့အခင်းတွေက ရွက်လိပ်ပိုးတွေ ကျကုန်တယ်။ အခုဆေးဖြန်းနေရတယ်။ ပြန်မကောင်းတဲ့အခင်းတော့ အရင်းမရနိုင်တော့ဘူး ́ ရေစကြိုမြို့နယ်မှ ကြက်သွန်စိုက်တောင်သူတစ်ဦး ကပြောကြားသည်။

ပခုက္ကူခရိုင်အတွင်း မြစ်ရေဝင်ဒေသများတွင် စိုက်ပျိုးထားသည့် မိုးကြက်သွန်ခင်းများမှာ မိုးရေနစ်မြုပ်မှုကြောင့် ပုံမှန်ထက် အထွက်နှုန်းလျော့ကျမည်ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group