NP News

ဂျန်ဆန်ဟွမ်က Nvidia စီအီးအိုအဖြစ်မှ နုတ်ထွက်လိုက်မှုကြောင့် ဈေးကွက်များတွင် အတက်အကျများဖြစ်ပေါ်ခဲ့

Pika (NP News) - နိုဝင်ဘာ ၁၄

Nvidia ကုမ္ပဏီ၏စီအီးအိုအဖြစ်မှ ဂျန်ဆန်ဟွမ်၏ နုတ်ထွက်လိုက်မှုက ဈေးကွက်များအပေါ် ကြီးမားသော ရိုက်ခတ်မှုများကိုဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။ အဆိုပါအပြောင်းအလဲများကြောင့် AI နည်းပညာကုမ္ပဏီကြီး ဖြစ်သော Nvidia မှာ ထိခိုက်မှုများရှိခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများက အခြေအနေများကို ပြန်လည်သုံးသပ်ကာ အကျိုးဆက်များ ကိုတွက်ဆခဲ့ကြသည့်အတွက် ပြိုင်ဘက်ကုမ္ပဏီအချို့မှာ အကျိုးအမြတ်များရရှိသွားခဲ့ ကြောင်း သိရသည်။

AI နည်းပညာမော်ဒယ်များအတွက် အရေးပါသောချစ်ပ်ပြားများဒီဇိုင်းရေးဆွဲရာတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Nvidia ၏ ပူးတွဲတည်ထောင်သူ ဂျန်ဆန်ဟွမ်သည် ကုမ္ပဏီဘုတ်အဖွဲ့၏ဆန့်ကျင်မှုများကို ရင်ဆိုင်ခဲ့ ရပြီးနောက် စီအီးအို အဖြစ်မှနုတ်ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဂျန်ဆန်ဟွမ် က အိမ်ထောင်ရေးဖောက်ပြန်မှု နှစ်ကြိမ်လုပ်ခဲ့ ကြောင်းပေါ်ပေါက်လာခဲ့ပြီး ဖောက်ပြန်မှုတစ်ကြိမ်မှာ တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးနေသည်ဟု စွပ် စွဲခံထားရသူ အမျိုးသမီးတစ်ဦးနှင့်ပတ်သက်ခဲ့သည်ဆိုသည့်သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် ရာထူး မှနုတ်ထွက်သွားခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိအချိန်တွင် ဘဏ္ဍာရေးအရာရှိချုပ် (CFO)ဖြစ်သူ Colette Kres က ဘဏ္ဍာရေးဆိုင်ရာ တာဝန်များကို ဆက်လက်ထမ်းဆောင်ကာ Nvidia ကုမ္ပဏီ၏ ယာယီစီအီးအိုအဖြစ် တာဝန်ယူသွားမည်ဖြစ်ပြီး ဘုတ်အဖွဲ့ကလည်း အမြဲတမ်းစီအီးအိုအသစ် ခန့်အပ်ရန်အတွက် ကုမ္ပဏီအတွင်းနှင့်ပြင်ပမှ ကိုယ်စားလှယ်လောင်းများကို ထည့်သွင်းစဉ်းစား သွားမည် ဖြစ်ကြောင်းသိရသည်။
ဂျန်ဆန်ဟွမ်၏ ရာထူးမှနုတ်ထွက်မှုနှင့်အတူ နယူးယောက်ဈေးကွက်တွင် Nvidia ၏ ရှယ်ယာတန်ဖိုးမှာ (၁၃)ရာခိုင်နှုန်းခန့်ထိုးကျသွားခဲ့သော် လည်း နောက်ပိုင်းတွင် အနည်းငယ်ပြန်လည်ကောင်း မွန်လာခဲ့ကြောင်းသိရသည်။ Dow နှင့် Nasdaq ညွှန်းကိန်းများတွင်ပါဝင်သည့် Nvidia ၏ ရှယ်ယာဈေးနှုန်းသည် လက်ရှိအချိန်တွင် (၄ ဒသမ ၃)ရာခိုင် နှုန်းအထိ ထိုးကျသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

Briefing.com မှ လေ့လာဆန်းစစ်သူ Patrick O'Hare က ‘Nvidia အနေနဲ့ အခက်အခဲ ကြုံတွေ့လာတဲ့အခါ ဘယ်သူတွေက အကျိုးအမြတ်ရ နိုင်မလဲဆိုတာကို ရင်းနှီးမြှုပ်နှံသူတွေက ပြန်လည် တွက်ဆလာခဲ့တာကပဲ အကြီးအကျယ်အရှုံးမပေါ်စေခဲ့တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါတွေကပဲ Nvidia ကုမ္ပဏီကြုံတွေ့နေရတဲ့ပြဿနာတွေ ရဲ့ရိုက်ခတ်မှုကို အနည်းငယ် သက်သာစေခဲ့တာဖြစ်ပါတယ်’ ဟု ပြောခဲ့သည်။ သို့သော်လည်း ဂျန်ဆန်ဟွမ် ရာထူးမှ နုတ်ထွက်သွားခြင်းက လက်ရှိလုပ်ဆောင်ပြီးနေပြီဖြစ်သည့် ရေတို AI နည်းပညာစီမံကိန်းများအ‌ပေါ် အကျိုးသက်ရောက်မှုများရှိလာမည်မဟုတ်ကြောင်း လေ့လာဆန်းစစ်သူအချို့က သုံးသပ်ပြောဆိုထားကြသည်။

မူရင်းသတင်း — NP News