Myanmar Transparency News

ပြီးခဲ့သည့် ၇ လအတွင်း မြန်မာနိုင်ငံမှ ဆန်တန်ချိန် ၁ ဒသမ ၁၁ သန်းခန့် တင်ပို့ခဲ့

MT News
၁၄. ၁၁. ၂၀၂၆

​မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ၏ သောကြာနေ့က ထုတ်ပြန်ချက်အရ ဧပြီလတွင် စတင်ခဲ့သည့် လက်ရှိ ၂၀၂၆ -၂၇ ဘဏ္ဍာနှစ်၏ ပထမ ၇ လတာကာလအတွင်း မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ကွဲ တန်ချိန် ၁ ဒသမ ၁၁ သန်းခန့် တင်ပို့ခဲ့ကြောင်း သိရသည်။

​အဆိုပါကာလအတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈၈ သန်းခန့် ဝင်ငွေရရှိခဲ့ကြောင်း အသင်းချုပ်က ပြောကြားခဲ့သည်။

​ယခုဘဏ္ဍာနှစ် ပထမ ၇ လတာကာလအတွင်း ဆန်တင်ပို့မှုသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ် အလားတူကာလက တင်ပို့ခဲ့သည့် တန်ချိန် ၁ ဒသမ ၅၂ သန်းခန့်ထက် လျော့နည်းခဲ့ကြောင်း အသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

​ဆန်နှင့် ဆန်ကွဲများကို နိုင်ငံနှင့် ဒေသပေါင်း ၄၁ ခုသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်၊ တရုတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံတို့မှာ အဓိက တင်ပို့ရာ ဈေးကွက်များအဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။

Ref: Xinhua

မူရင်းသတင်း — Myanmar Transparency News