
ယူနန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို နိုဝင်ဘာလ ၁၈ ရက်မှ ၁၉ ရက်အထိ ဆန်းကျန့်မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ တောတောင်ရေမြေချင်း ဆက်စပ်နေသော ချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် တရုတ်နှင့် ဗီယက်နမ်တို့သည် စီးပွားကုန်သွယ်ရေး အပြန်အလှန်ချိတ်ဆက်မှုကို အဆက်မပြတ် နက်ရှိုင်းစွာ တိုးမြှင့်လျက်ရှိသည်။ မကြာသေးမီက တရုတ်နိုင်ငံ ကျင်းဆွေဟော်-ဗီယက်နမ်နိုင်ငံ မာလုထန် ကုန်းလမ်းနယ်စပ်ဂိတ်ကို နိုင်ငံတကာအဆင့် တစ်နှစ်ပတ်လုံး ဖွင့်လှစ်ထားသော နယ်စပ်ဂိတ်အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုနှင့် ချိတ်ဆက်ရန်အတွက် အဓိကလမ်းကြောင်း ဖြစ်လာခဲ့သည်။
လက်ရှိတွင် နယ်စပ်ဂိတ်၌ ခရီးသည်နှင့် ကုန်စည်ဖြတ်သန်းမှုစွမ်းရည်မှာ တစ်နှစ်လျှင် ခရီးသည်အကြိမ်ရေ ၂ သန်းကျော်နှင့် ကုန်စည် တန်ချိန် ၁ သန်းကျော်အထိ ရှိလာပြီး ကုန်တင်ယာဉ်များက ၅ မိနစ်အတွင်း အကောက်ခွန်ဖြတ်သန်းနိုင်ကာ ကြာချိန်ကိုလည်း ၄၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်ခဲ့သည်။ ယခုနှစ် ပထမသုံးလပတ်ကာလသုံးခုတွင် နယ်စပ်ဂိတ်၏ ကုန်စည်ပို့ဆောင်မှုပမာဏမှာ တန်ချိန် ၂၂,၀၀၀ နှင့် ကုန်စည်တန်ဖိုး ယွမ် ၄၄၃ သန်း ရှိခဲ့ကြောင်း သိရသည်။ နယ်စပ်ဂိတ်သည် "ကုန်စည်ဖြတ်သန်းရာ လမ်းကြောင်း" မှ "စက်မှုလုပ်ငန်းစုစည်းရာ နေရာ" အဖြစ်သို့ အရှိန်မြှင့် ကူးပြောင်းလျက်ရှိပြီး အာရှ-ပစိဖိတ် ဒေသတွင်း စီးပွားရေးပေါင်းစည်းမှုအတွက် စွမ်းအားအသစ်များ ဖြည့်တင်းပေးလျက်ရှိသည်။ (Xinhua)