Xinhua Myanmar

တရုတ်နိုင်ငံက CIIE ပြပွဲ ဆက်လက်အောင်မြင်စေရန် ဆောင်ရွက်သွားမည်ဟု ပြောရေးဆိုခွင့်ရှိသူ ဆို

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် နဝမအကြိမ် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲအတွင်း ဉာဏ်ရည်တုနည်းပညာအသုံးပြုထားသော ခွဲစိတ်ကုသမှုအစီအစဉ်စနစ်အား ကမ္ဘာလုံးဆိုင်ရာ ပွဲဦးထွက်အဖြစ် Medtronic ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးက မိတ်ဆက်ပြသနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဆက်လက်အောင်မြင်စေရန် ဆောင်ရွက်၍ တံခါးဖွင့်လှစ်မှုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများကို ထောက်ခံအားပေးသွားမည့်အပြင် တရုတ်နိုင်ငံ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုများကို ဆက်လက်လုပ်ဆောင်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုသေချာရေရာသော အခြေအနေများကို ဖန်တီးပေးသွားမည်ဟု တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့၌ မကြာသေးမီက ကျင်းပပြီးစီးခဲ့သည့် အဆိုပါပြပွဲနှင့် ပတ်သက်၍ မေးမြန်းချက်တစ်ရပ်ကို ဖြေကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ မော်နင်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ အဆိုပါပြပွဲကို "သွင်းကုန်မာရသွန်ပြိုင်ပွဲ" အဖြစ် တင်စားခေါ်ဝေါ်ကြပြီး ၎င်းပြပွဲတွင် ပါဝင်ပြသသူ အရေအတွက်၊ ပြပွဲကျင်းပသည့် နေရာအကျယ်အဝန်းနှင့် ရည်ရွယ်ထားသော စီးပွားရေးသဘောတူညီချက်များ၏ တန်ဖိုးပမာဏတို့တွင် စံချိန်သစ်များ တင်နိုင်ခဲ့သည်။

ကမ္ဘာ့ဒုတိယအကြီးဆုံး စားသုံးသူဈေးကွက်နှင့် သွင်းကုန်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသည် CIIE ပြပွဲကို ကိုးနှစ်ဆက်တိုက် ကျင်းပလာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို အတူတကွ ခံစားနိုင်ရန်အတွက် ကမ္ဘာကြီးအား ကျယ်ကျယ်ပြန့်ပြန့် တံခါးဖွင့်လှစ်ထားကြောင်း မော်က ပြောကြားခဲ့သည်။

ယခုနှစ် ပြပွဲတွင် ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများက တရုတ်ဈေးကွက်အပေါ် ၎င်းတို့၏ ယုံကြည်မှုကို ထပ်မံပြသခဲ့ကြပြီး တရုတ်ဈေးကွက်တွင် ဆက်လက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုစိတ်နှင့် ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်ဟု မော်က ဆိုသည်။

တရုတ်ဈေးကွက်၏ ဆွဲဆောင်မှုမှာ ၎င်း၏ ကြီးမားကျယ်ပြန့်သော ပမာဏနှင့် အလားအလာများအပြင် တရုတ်နိုင်ငံ၏ အဖွဲ့အစည်းဆိုင်ရာ အားသာချက်များမှ လာခြင်းဖြစ်ကြောင်း မော်က ထောက်ပြပြောဆိုခဲ့သည်။ ထို့ပြင် မူဝါဒပိုင်းဆိုင်ရာ ကြိုတင်ခန့်မှန်းနိုင်မှု၊ စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုအဆင်ပြေချောမွေ့စေသည့် ပတ်ဝန်းကျင်နှင့် ပိုမိုခိုင်မာအားကောင်းသော ဥပဒေမူဘောင်တို့က အခိုင်မာဆုံးသော အာမခံချက်များကို ပေးစွမ်းလျက်ရှိသည်ဟုလည်း မော်က ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် နဝမအကြိမ် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ ကျင်းပရာ အဓိကအဆောက်အအုံ အမျိုးသားပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) မြင်ကွင်းတစ်ခုကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

..........................................

(English Version)

China will work to ensure continued success of CIIE: spokesperson

BEIJING, Nov. 13 (Xinhua) -- China will work to ensure the continued success of the China International Import Expo (CIIE), stand for openness and win-win cooperation, and through China's sustained high-quality development, provide more certainty for global development, a Chinese Foreign Ministry spokesperson said on Friday.

Spokesperson Mao Ning made the remarks at a regular press briefing when answering a query related to the just-concluded expo in Shanghai. The expo has been described as an "importathon," setting new records in terms of the number of exhibitors, exhibition floor space and the value of intended deals.

Mao said that as the world's second-largest consumer and import market, China has held the CIIE for nine consecutive years, and the doors are wide open to the world for sharing development opportunities.

At this year's expo, businesses from all over the world once again cast a yes vote on the Chinese market and showed their confidence and desire to further cultivate the Chinese market, Mao said.

She pointed out that the appeal of the Chinese market comes from its enormous size and potential, as well as China's institutional strengths, adding that policy predictability, an increasingly business-friendly environment and a more robust legal framework provide the strongest reassurance. ■

Photo caption 1: A staff member of Medtronic introduces an intelligent surgical planning system, which made its global debut during the ninth edition of the China International Import Expo (CIIE) in Shanghai, east China, Nov. 6, 2026. (Xinhua/Cao Mengyao)

Photo caption 2: This photo taken on Nov. 4, 2026 shows a view of the National Exhibition and Convention Center (Shanghai), the main venue for the ninth China International Import Expo (CIIE), in east China's Shanghai. (Xinhua/Chen Haoming)

မူရင်းသတင်း — Xinhua Myanmar