
ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန်နှစ်ဖက်သည် နိုဝင်ဘာ ၁၃ ရက်တွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှု ယန္တရားအောက်ရှိ ကုန်သွယ်ရေးကောင်စီ ပထမဆုံးအကြိမ် အစည်းအဝေးကို ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နိုဝင်ဘာ ၁၄ ရက်က သိရသည်။
နှစ်ဖက်သည် တရုတ်-အမေရိကန် အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှု၏ အရေးကြီးသဘောတူညီချက်ကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ ကနဦးကာလ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးကဏ္ဍ ဆွေးနွေးညှိနှိုင်းမှုရလဒ်ကို အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ကိုယ်စီ၏ ကန်ဒေါ်လာ ၃၀ ဘီလီယံခန့် တန်ဖိုးရှိသည့် သွင်းကုန် ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်လျှော့ချခြင်း အစီအစဉ်၊ စိုက်ပျိုးရေးထုတ်ကုန် ကုန်သွယ်ရေးနှင့် ကိုယ်စီက ဂရုပြုသော အခြားအကြောင်းအရာများအပေါ် ပွင့်လင်းစွာ၊ နက်ရှိုင်းစွာ၊ အပြုသဘောဆောင်စွာ ဖလှယ်မှုလုပ်ဆောင်ခဲ့သည်။
နှစ်ဖက်အနေဖြင့် ကုန်သွယ်ရေးကောင်စီမှတစ်ဆင့် ချိတ်ဆက်မှုများ ဆက်လက်မြှင့်တင်ပြီး ကိုယ်စီ၏ ကုန်သွယ်စီးပွားရေးကဏ္ဍ ဂရုပြုမှုအား ဖြေရှင်းခြင်းကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုစာရင်းကို အဆက်မပြတ်တိုးချဲ့ပြီး ပြဿနာစာရှင်းများအား လျှော့ချသွားမည်ဖြစ်ကြောင်း၊ လေးစားမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုကို အခြေခံသည့် အပြုသဘောဆောင်၍ မဟာဗျူဟာတည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ဆောက်မှုအတွက် အားဖြည့်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
中美举行中美经贸磋商机制项下贸易理事会首次会议
新华社北京11月14日电(记者谢希瑶)记者14日从商务部获悉,11月13日,中美双方通过视频会议方式举行中美经贸磋商机制项下贸易理事会首次会议。
双方以中美元首会晤重要共识为引领,围绕落实前期中美经贸磋商成果,就关税、“300亿对300亿”对等降税安排、农产品贸易以及各自关心的其他议题进行了坦诚、深入、建设性的交流。
双方将通过贸易理事会继续加强沟通,推动解决各自经贸关切,不断拉长合作清单,压缩问题清单,助力构建基于尊重、公平、对等的中美建设性战略稳定关系。(完)
图说:当地时间9月24日上午,美国总统特朗普在白宫举行隆重仪式,欢迎中国国家主席习近平对美国进行国事访问。 新华社记者 殷博古 摄