
ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က နိုင်ငံတကာ တရုတ်ဘာသာစကားပညာရေးစွမ်းရည်တည်ဆောက်မှုကို မြှင့်တင်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အရည်အသွေးမြင့် တရုတ်ဘာသာစကားပညာရေး ဖော်ဆောင်နိုင်မှု အထောက်အကူပြုရန် နိုဝင်ဘာ ၁၃ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။
ဟန်ကျိန့်သည် ၂၀၂၆ ခုနှစ် ကမ္ဘာ့တရုတ်ဘာသာစကားညီလာခံ ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ တရုတ်ဘာသာစကားပညာရေးကို အလေးထားကြောင်း မှတ်ချက်ပြုရင်း ဟန်ကျိန့်က တရုတ်ဘာသာစကား၏ မူလနိုင်ငံအဖြစ် တရုတ်နိုင်ငံသည် အစဉ်အမြဲ တံခါးဖွင့်လှစ်မှုနှင့် အားလုံးပါဝင်မှု၊ အပြန်အလှန် လေ့လာသင်ယူမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖြစ်ထွန်းစေမှု၊ အပြန်အလှန်အကျိုးရှိစေသည့် ပူးပေါင်းဆောင်ရွက်မှုတို့၏ မူများကိုလက်ကိုင်ထားပြီး နိုင်ငံတကာ တရုတ်ဘာသာစကားပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ဟန်ကျိန့်က အကြုံပြုချက်လေးရပ်ကို ပြောကြားခဲ့သည်။
ပထမအချက်မှာ နိုင်ငံတကာ တရုတ်ဘာသာစကားပညာရေးစွမ်းရည်တည်ဆောက်မှု မြှင့်တင်ရန် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအနေဖြင့် တရုတ်ဘာသာစကားကို လေ့လာသင်ယူပြီး တရုတ်နိုင်ငံကို နားလည်သိရှိလိုသည့် စိတ်အားထက်သန်သော လိုအပ်ချက်နှင့်အညီ အလွှာအသီးသီးရှိ သင်ယူသူများအတွက် စနစ်တကျ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။
ဒုတိယအချက်အနေဖြင့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများအကြား ချိတ်ဆက်ဆက်သွယ်မှုအတွက် ပြည်သူအချင်းချင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ အခြေခံအုတ်မြစ်များကို ခိုင်မာအောင် တည်ဆောက်ရန် လိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။
ထို့အပြင် နိုင်ငံအသီးသီး၌ အခြေအနေများနှင့်ကိုက်ညီသည့် တရုတ်ဘာသာစကားသင်ကြားမှုတိုးတက်စေရေး အထောက်အကူပြုရန်၊ နိုင်ငံတကာ တရုတ်ဘာသာစကား ဆရာ၊ ဆရာမများကို ပူးတွဲလေ့ကျင့်ပေးရန်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ ကူးလူးဖလှယ် လည်ပတ်လေ့လာရန်နှင့် သင်ထောက်ကူပစ္စည်းများကို ပူးတွဲဖန်တီး၍ မျှဝေသုံးစွဲခြင်းဖြင့် ပြည်ပနိုင်ငံများတွင် တရုတ်ဘာသာစကား သင်ကြားရေးအဆင့်ကို မြှင့်တင်သွားရန် ဟန်ကျိန့်က တိုက်တွန်းခဲ့သည်။
ဟန်ကျိန့်က တတိယအချက်အနေဖြင့် ယဉ်ကျေးမှုများအကြား အပြန်အလှန် လေ့လာသင်ယူမှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘာသာစကားကို ပေါင်းကူးတံတားအဖြစ် အသုံးပြု၍ ယဉ်ကျေးမှုများအကြား အပြန်အလှန် လေ့လာသင်ယူမှုဆိုင်ရာ သုတေသနများကို နက်ရှိုင်းစွာဆောင်ရွက်ရန်နှင့် တန်းတူဆွေးနွေး၊ ဆက်သွယ်မှုများမှတစ်ဆင့် ယဉ်ကျေးမှုများ ထိန်းသိမ်းဆက်ခံခြင်းနှင့် ဆန်းသစ်တီထွင်ခြင်းများကို အစဉ်မပြတ် မြှင့်တင်ဆောင်ရွက်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
စတုတ္ထအချက်အနေဖြင့် တရုတ်ဘာသာစကားမှတစ်ဆင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းအောင် အထောက်အကူပြုရန် လိုအပ်ကြောင်း ဟန်ကျိန့်က ပြောကြားခဲ့သည်။ ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ တရုတ်ဘာသာစကားလေ့လာသင်ယူမှုကို စီးပွားရေးနှင့် ကုန်သွယ်ရေး၊ ပညာရေး၊ သိပ္ပံနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပိုမိုနက်ရှိုင်းစွာ ပေါင်းစပ်ဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဟန်ကျိန့်က ကုလသမဂ္ဂ၏ တရားဝင်ဘာသာစကားတစ်ရပ်အဖြစ် တရုတ်ဘာသာစကား၏ အဆင့်အတန်းကို အပြည့်အဝ အသုံးချ၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများ အပြန်အလှန်ဖလှယ်မှုကို တိုးတက်ဖြစ်ထွန်းစေရန် ပျိုးထောင်ကာ မတည်ငြိမ်မှုများနှင့် ရင်ဆိုင်နေရသည့် ကမ္ဘာကြီးအတွက် ပိုမိုတည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော အရှိန်အဟုန်များ ဆောင်ကြဉ်းပေးရန်လည်း တိုက်တွန်းခဲ့သည်။ (Xinhua)
-----------------------
(English Version)
China vows to strengthen capacity-building for int'l Chinese language education
BEIJING, Nov. 13 (Xinhua) -- Chinese Vice President Han Zheng on Friday called for strengthening capacity-building for international Chinese language education, and supporting the international community in delivering quality Chinese language education.
Han made the remarks when addressing the opening ceremony of the 2026 World Chinese Language Conference.
Noting China attaches great importance to international Chinese language education, Han said as the home of the Chinese language, China always upholds the principles of openness and inclusiveness, mutual learning and inspiration, and win-win cooperation, and actively advances cooperation in international Chinese language education.
Han made a four-point proposal. The first is to strengthen capacity-building for international Chinese language education. He called for the effort to provide systematic services for learners at all levels in response to the keen demand among people worldwide to learn the Chinese language and understand China.
Second, he emphasized the need to cement the people-to-people and cultural foundations for connectivity between China and other countries.
He also urged the efforts to support countries in developing localized Chinese language education suited to their own national conditions, scale up joint training of international Chinese-language teachers, actively promote mutual exchanges and visits between teachers and learners as well as the co-development and sharing of teaching resources, and steadily raise the standard of Chinese language instruction overseas.
Han said the third is to promote mutual learning among civilizations and common development. He called for taking language as a bridge, deepening research into mutual learning among civilizations and keeping advancing the preservation and innovation of civilizations via equal dialogue and communication.
Fourth, he noted the need to better empower international cooperation through the Chinese language. He added that China stands ready to work with the international community to further integrate Chinese language learning with cooperation in economy and trade, education, science and technology.
Han also called for making full use of the status of the Chinese language as an official language of the United Nations to foster exchanges of development and governance experience to bring more stability and positive momentum to the turbulent world.
Photo Caption :Chinese Vice President Han Zheng attends the opening ceremony of the 2026 World Chinese Language Conference and delivers a speech in Beijing, capital of China, Nov. 13, 2026. (Xinhua/Liu Weibing)