Xinhua Myanmar

ဆန်းကျန့်မြို့၌ ကျင်းပမည့် APEC ခေါင်းဆောင်များ အလွတ်သဘော အစည်းအဝေးအပေါ် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မိတ်ဆက်ပြောကြား

တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ချန်ဟိုင်ရှီဥယျာဉ်တွင် APEC “တရုတ်နှစ်” အမှတ်လက္ခဏာ အလှဆင်မှုများအား ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၃၃ ကြိမ်မြောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးနှင့် ဆက်စပ်အခမ်းအနားအစီအစဉ်များကို တက်ရောက်မည်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံက သဘောတူညီမှုများကို ပို၍ စုစည်းနိုင်ကာ ခေါင်းဆောင်များ၏ ဆန်းကျန့်ကြေညာချက် ရရှိရန်၊ ကုန်သွယ်ရေး၊ အပြန်အလှန်ချိတ်ဆက်မှု၊ ဒီဂျစ်တယ်စီးပွားရေးနှင့် ဉာဏ်ရည်တု စသည့် အရေးကြီးသည့် ကဏ္ဍများတွင် လက်တွေ့ကျသည့် အကျိုးရလဒ်များ ပိုမို ရရှိစေရန်၊ အာရှ-ပစိဖိတ် သာမက ကမ္ဘာကြီး သာယာဝပြောရေးနှင့် တိုးတက်မှုအတွက် အားကောင်းသည့် တွန်းအားကို ဖြည့်တင်းနိုင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က နိုဝင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် မော်နင်က ယခုနှစ်သည် တရုတ်နိုင်ငံအနေဖြင့် ၁၂ နှစ်ကြာပြီးနောက် APEC အစည်းအဝေးကို အိမ်ရှင်အဖြစ် ပြန်လည်တာဝန်ယူကျင်းပသည့်နှစ် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ တစ်နှစ်တာကာလအတွင်း APEC "တရုတ်နှစ်"သည် အကျိုးရလဒ်များ ကြွယ်ဝခဲ့ကြောင်း၊ “ဘုံသာယာဝပြောရေးအတွက် အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ရပ် ထူထောင်ကြပါစို့” ဟူသော ခေါင်းစဉ်နှင့် “တံခါးဖွင့်လှစ်မှု၊ ဆန်းသစ်တီထွင်မှု၊ ပူးပေါင်းဆောင်ရွက်မှု” ဟူသော ဦးစားပေးကဏ္ဍသုံးရပ်ကို ဗဟိုပြု၍ APEC ဆိုင်ရာ အစည်းအဝေးနှင့် အခမ်းအနားအစီအစဉ် အမျိုးမျိုး ၃၀၀ ကျော်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်းတို့တွင် အဆင့်မြင့်အရာရှိများအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ၊ အမျိုးသမီး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ သစ်တော၊ စားနပ်ရိက္ခာဖူလုံရေး၊ အသေးစားနှင့် အလတ်စားလုပ်ငန်း၊ စွမ်းအင်၊ လူ့စွမ်းအားအရင်းအမြစ်၊ သယ်ယူပို့ဆောင်ရေး၊ ဘဏ္ဍာရေး စသည့် ကဏ္ဍဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဒီဂျစ်တယ် ရက်သတ္တပတ် အဆင့်မြင့်လှုပ်ရှားမှု အစီအစဉ်များ ၁၀ ခုကျော်ပါဝင်ကြောင်း၊ အစည်းအဝေးများသို့ ကိုယ်စားလှယ်များ တက်ရောက်သည့် စုစုပေါင်းအကြိမ်ရေ တစ်သောင်းကျော်အထိ ရှိခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များ ဆက်တိုက် ရရှိခဲ့ကာ မကြာမီကျင်းပမည့် ဆန်းကျန့် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးအတွက် ခိုင်မာသည့် အခြေခံအုတ်မြစ်ကို ချမှတ်နိုင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

"နောက်သီတင်းပတ်တွင် ၃၃ ကြိမ်မြောက် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို ဆန်းကျန့်မြို့မှာ မကြာမီ ကျင်းပတော့မှာ ဖြစ်ပါတယ်" ဟု မော်နင်က ပြောကြားခဲ့သည်။

"ကျွန်မတို့အနေနဲ့ ဘက်ပေါင်းစုံက သဘောတူညီမှုတွေ ပိုမိုခိုင်မာဖို့၊ ခေါင်းဆောင်တွေရဲ့ ဆန်းကျန့်ကြေညာစာတမ်း ရရှိစေဖို့၊ ကုန်သွယ်ရေး၊ အပြန်အလှန်ချိတ်ဆက်မှု ၊ ဒီဂျစ်တယ်စီးပွားရေးနဲ့ ဉာဏ်ရည်တု စတဲ့ အရေးကြီးကဏ္ဍတွေမှာ လက်တွေ့ကျတဲ့ အကျိုးရလဒ်များ ပိုမိုရရှိစေဖို့နဲ့ အာရှ-ပစိဖိတ်သာမက ကမ္ဘာကြီး သာယာဝပြော၊ တိုးတက်ဖို့ အားကောင်းတဲ့တွန်းအား ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

-----------------------------

(Chinese Version)

聚焦APEC|外交部介绍中方对深圳APEC领导人非正式会议的期待

新华社北京11月13日电(记者孙楠、曹嘉玥)国家主席习近平将出席亚太经合组织(APEC)第三十三次领导人非正式会议及相关活动。外交部发言人毛宁13日表示,中方期待各方进一步凝聚共识,达成领导人深圳宣言,在贸易、互联互通、数字经济和人工智能等重要领域取得更多务实成果,为亚太乃至全球繁荣增长注入强劲动力。   

毛宁在例行记者会上说,今年是中国时隔12年再次担任APEC东道主。一年来,APEC“中国年”成果丰硕。中方同APEC各成员经济体一道,围绕“建设亚太共同体,促进共同繁荣”主题和“开放、创新、合作”三大优先领域,已成功举办300多场APEC各类会议和活动,包括系列高官会及相关会议,妇女、贸易、旅游、林业、粮食安全、中小企业、能源、人力资源、交通、财政等10场专业部长会和数字周高级别活动,与会代表累计逾万人次,达成了一系列合作共识,为即将举行的深圳APEC领导人非正式会议打下坚实基础。   

“下周,APEC第三十三次领导人非正式会议将在深圳拉开帷幕。”毛宁说,“我们期待各方进一步凝聚共识,达成领导人深圳宣言,在贸易、互联互通、数字经济和人工智能等重要领域取得更多务实成果,为亚太乃至全球繁荣增长注入强劲动力。”(完)

图书1:11月3日在深圳前海石公园拍摄的APEC“中国年”会标装饰。新华社记者 毛思倩 摄

မူရင်းသတင်း — Xinhua Myanmar