
ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံတွင် အကြမ်းဖက်မှုများကြောင့် အရပ်သားများနှင့် အရပ်သားအခြေခံအဆောက်အအုံများအပေါ် ထိခိုက်မှုများနှင့်ပတ်သက်၍ ကုလသမဂ္ဂက နိုဝင်ဘာ ၁၃ ရက်တွင် စိုးရိမ်ကြောင်းထုတ်ဖော်ပြောကြားခဲ့သည်။
“နိုင်ငံတစ်ဝန်းမှာ အရပ်သားတွေနဲ့ အရပ်သားအခြေခံအဆောက်အအုံတွေဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာတာ ပိုပိုများလာနေပါတယ်” ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Farhan Haq က ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၂ လ ခန့်ကပင် ဘေးကင်းသည်ဟု သတ်မှတ်ထားခဲ့သည့် ဆေးရုံများ၊ ဈေးများနှင့် မိမိတို့၏ နေအိမ်များကဲ့သို့သော နေရာများတွင် ကလေးများ အပါအဝင် အရပ်သားများ သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းများ ဖြစ်ပေါ်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယီမင်နိုင်ငံ၏ စစ်ပွဲအတွင်း ဖြစ်ပေါ်နေသည့် ယခုစိုးရိမ်ဖွယ်ရာ အခြေအနေသည် လက်ခံထားရသည့် ပုံမှန်အခြေအနေတစ်ရပ် မဖြစ်သင့်ကြောင်း၊ နိုင်ငံတကာဥပဒေအရ လိုက်နာရမည့် တာဝန်ဝတ္တရားများသည် အခြေအနေမည်သို့ပင်ဖြစ်စေ ပဋိပက္ခတွင် ပါဝင်သည့် အဖွဲ့အားလုံးအပေါ် သက်ရောက်ကြောင်း Haq က ပြောကြားခဲ့သည်။
“အရပ်သားများ ထိခိုက်နစ်နာမှု မဖြစ်ပေါ်စေဖို့ လုပ်ဆောင်နိုင်သမျှ ကြိုတင်ကာကွယ်မှုတွေနဲ့ အစီအမံများကို ဆောင်ရွက်ဖို့၊ ဥပဒေချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိစေရန် လိုအပ်ကြောင်း ကျွန်တော်တို့ ထပ်မံအလေးပေးပြောကြားလိုတယ်” ဟု ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ဟူသီတို့၏ ဖမ်းဆီးထိန်းသိမ်းထားမှုအတွင်း သေဆုံးခဲ့ကြောင်း လွန်ခဲ့သည့် နှစ်ပတ်က သိရှိခဲ့ရသည့် ကုလသမဂ္ဂဝန်ထမ်း Mohammed Ibrahim Al-Shami ၏ ရုပ်အလောင်းကို ၎င်း၏ မိသားစုထံ အချိန်မဆိုင်းဘဲ ပြန်လည်အပ်နှံရန် တောင်းဆိုခဲ့သည်။
“မဟာမင်းကြီးက ဟူသီတို့ရဲ့ လက်တွေ့အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကို သူ ဘယ်နေ့သေဆုံးခဲ့တယ်၊ ဘာကြောင့်သေဆုံးခဲ့တယ်ဆိုတာနဲ့ သေဆုံးခဲ့ရတဲ့ အခြေအနေတွေကို အမြန်ဆုံး ဖော်ထုတ်စုံစမ်းပေးဖို့နဲ့ တာဝန်ရှိသူတွေကို တာဝန်ယူစေဖို့ အရေးတကြီး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါတယ်” ဟု Haq က ပြောကြားခဲ့သည်။ “မဟာမင်းကြီးက ထိန်းသိမ်းခံထားရတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းအားလုံးကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
Al-Shami သည် ဟူသီတို့က ထိန်းသိမ်းထားသည့် ကုလသမဂ္ဂဝန်ထမ်း ၇၀ ခန့်အနက် တစ်ဦးဖြစ်ပြီး အချို့မှာ ၂၀၂၄ ခုနှစ်ကတည်းက ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ (Xinhua)
------------------------
(English Version)
UN voices concern over drone attacks on civilians in Yemen
UNITED NATIONS, Nov. 13 (Xinhua) -- The United Nations on Friday voiced concern over the impact of violence on civilians and civilian infrastructure in Yemen.
"Across the country, civilians and civilian infrastructure are increasingly being hit by drones, missiles, airstrikes and shelling," said Farhan Haq, deputy spokesman for the UN secretary-general.
Civilians, including children, are being killed and injured in places that were considered safe only a couple of months ago, such as hospitals, markets and their own homes, he said.
This worrying trend must not become the accepted reality of the war in Yemen. Obligations under international law apply to all parties under all circumstances, said Haq.
"We reiterate the need to take all feasible precautions and measures to prevent civilian harm and to ensure accountability for violations," the deputy spokesman said.
UN High Commissioner for Human Rights Volker Turk demanded that the body of UN staffer Mohammed Ibrahim Al-Shami, whose death in Houthi custody was learned of two weeks ago, be returned to his family without delay.
"He called on the Houthi de facto authorities to take urgent steps to establish the date, cause and circumstances of his death, and to ensure that those responsible are held accountable," Haq said. "The High Commissioner again called for all detained UN and humanitarian personnel to be released immediately and unconditionally."
Al-Shami was among about 70 UN personnel detained by the Houthis, some since 2024.
Photo Caption :Mourners carry coffins of airstrike victims during a funeral in Sanaa, Yemen, on Nov. 11, 2026. (Photo by Mohammed Mohammed/Xinhua)