ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၁၅
ပြည်တွင်းဈေးကွက်အတွင်း နိုင်ငံခြားထုတ်ကုန်အချို့ ပြန်လည်ဈေးကွက်ဝင်ရောင်းချလာပြီဖြစ်သော်လည်း အများစုမှာ ဈေးနှုန်းမြင့်မားနေဆဲဖြစ်သည်။ တရားဝင်သွင်းကုန်လိုင်စင်ဖြင့်တင်သွင်းလာသော နိုင်ငံခြားထုတ်လူသုံး ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ပြန်လည်ဝယ်ယူနိုင်သော်လည်း မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းနေရာ ကုန်စည် ဈေးနှုန်းများမြင့်တက် နေခြင်းဖြစ်သည်။
ငွေလဲဈေးနှုန်းမှာ အမေရိကန်တစ်ဒေါ်လာလျှင် ပြင်ပပေါက်ဈေး (၄၉၀ဝ)ကျပ်ကျော်အထိ နိုဝင်ဘာလ(၄) ရက်ကမြင့်တက်ခဲ့ရာ လက်ရှိတွင် (၄၇၀ဝ) ကျပ်ဝန်းကျင်ဖြင့် အမြင့်ဈေးတွင်ရပ်တည်နေသည်။ ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲအနည်းငယ်သာ ရှိသော်လည်း မြန်မာ့ပြည်တွင်းငွေလဲနှုန်းအရ ဈေးနှုန်းများမြင့်တက်နေသည်။ နိုဝင် ဘာလ(၁၀)ရက်နေ့ ပေါက်ဈေးများမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၁၀၃)သိန်း(၂)သောင်းကျပ်နှင့် အမေရိကန် တစ်ဒေါ် လာလျှင် (၄၇၆၀)ကျပ်အသီးသီးဖြင့်ရပ်တည်နေသည်။
ယခင်တစ်ပတ်ကမြင့်တက်နေသော စက်သုံးဆီဈေးများမှာ လက်ရှိတွင် အနည်းငယ်ကျဆင်းလာကြောင်း တွေ့ရသည်။ ကမ္ဘာ့ရေနံစိမ်းဈေးကွက်အတွင်း အပြောင်းအလဲအနည်းငယ်သာရှိနေခြင်း ကြောင့် စင်ကာပူ စက်သုံး ဆီဈေးကွက်အတွင်း စက်သုံးဆီဈေးများ အပြောင်းအလဲ အနည်းငယ်ဖြစ်ပေါ် နေကြောင်းသိရသည်။ မြန်မာနိုင်ငံသည် ထိုင်းနှင့် စင်ကာပူမှ စက်သုံးဆီ အများဆုံးဝယ်ယူတင်သွင်း နေရဆဲဖြစ်ရာ ယင်းနိုင်ငံများမှဈေးကျလာမှသာ ပြည် တွင်းစက်သုံးဆီဈေးများ ကျဆင်းနိုင်မည်ဖြစ်သည်။
စက်သုံးဆီဈေးမြင့်တက်ခြင်းကြောင့် ပွင့်လင်းရာသီရောက်ရှိနေသော်လည်း အခြေခံစားသောက် ကုန်နှင့် လူသုံးကုန်များမှာ ဈေးနှုန်းမြင့်တက်နေဆဲဖြစ်သည်။ နိုဝင်ဘာလ (၄)ရက်တွင် ဗဟိုဘဏ်က သွင်းကုန်များအပေါ် ကြိုတင်ငွေပေးချေခွင့်ပေးအပ်လိုက်ပြီး ရည်ရွယ်ချက်မှာ ပြည်ပမှကုန်ပစ္စည်းတင်သွင်းသည့် သွင်းကုန်တင်သွင်း သူ (Importer)များအတွက် လိုအပ်သောနိုင်ငံခြားငွေကို အချိန်မီရရှိစေရန်၊ ပြည်ပ Supplier များထံ ငွေပေးချေမှု နောက် ကျခြင်းကိုလျှော့ချရန်၊ နိုင်ငံခြားငွေကို အမှန်တကယ်လိုအပ်သည့် ကုန်သွယ်မှုလုပ်ငန်းများအတွက် ဦးစားပေးခွဲ ဝေပေးရန်၊ ငွေလဲလှယ်နှုန်းအတက်အကျအပေါ် ဖိအားမဖြစ်စေဘဲ နိုင်ငံခြားငွေဈေးကွက်ကို တည်ငြိမ် စေရန်အတွက် ဖြစ်ကြောင်းသိရသည်။ ထူးခြားချက် အနေဖြင့် နိုင်ငံတစ်ဝန်းရှိ ရေသန့်ထုတ်လုပ်ငန်းတွင် ကော်စေ့ဈေးနှုန်းမြင့်မားခြင်း ကြောင့် ရေသန့်ဈေးများပါ လိုက်ပါမြင့်တက်နေခြင်းဖြစ်သည်။ ရေသန့်ဘူးအပါအဝင် ပြည်တွင်းအချိုရည်ထုတ် လုပ်ရောင်းချ သောလုပ်ငန်းများသည် ဘူးသစ်ထည့်သွင်းရောင်းချရန် ပြည်ပမှ ကော်စေ့ကိုတင်သွင်းကာ အချိုရည်နှင့် ရေသန့်ဘူး ထုတ်လုပ်ကြရသည်။
လက်ရှိတွင် သွင်းကုန်ပါမစ်ကန့်သတ်ချက်ကြောင့် ကော်စေ့တစ်တန်မှာ ယခင်က သိန်း(၇၀)ဝန်း ကျင်သာရှိ သော်လည်း လက်ရှိတွင် သိန်း(၁၆၀)အထက်သို့ရောက်ရှိနေပြီဖြစ်သည်။ ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများအတွက် ကော်စေ့ကုန်ကြမ်းမရခြင်းကြုံတွေ့နေရကြောင်း သိ ရသည်။
(ရွှေ၊ ငွေလဲနှုန်းနှင့် စက်သုံးဆီဈေးများ)
ပြည်တွင်းရွှေဈေးကွက်အတွင်း ပြင်ပရွှေပေါက် ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် သိန်း(၁၀ဝ) ဝန်းကျင်သို့ ရောက်ရှိနေရာ အရောင်းအဝယ်နည်းပါးကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှသိရသည်။ ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ် အတွင်း ပြန်လည်ကျဆင်း ခြင်းမရှိဘဲ အမြင့်ပိုင်းတွင် ဆက်တိုက်ရပ်တည်နေခြင်းကြောင့် ပြည်တွင်းရွှေဈေးများ မြင့်တက်နေခြင်းဖြစ်သည်။ နိုဝင်ဘာလ (၄)ရက်ပေါက်ဈေးအရ အခေါက် ရွှေတစ်ကျပ်သားလျှင် (၁၀၃)သိန်း(၅)သောင်း ပေါက်ဈေးရှိပြီး အမေရိကန်တစ်ဒေါ်လာလျှင် (၄၇၆၀)ကျပ်ပေါက်ဈေးရှိကြောင်းသိရသည်။ ကမ္ဘာ့ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် (၄၁၂၂)ဒေါ် လာပေါက်ဈေးရှိနေရာ ငွေလဲနှုန်းနှင့်ဖလှယ်မှုအရ ပြည်တွင်းအခေါက်ရွှေဈေးကို သတ်မှတ်ထားခြင်းဖြစ်သည်။ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ထုတ်ပြန်သောသတ်မှတ် ပေါက်ဈေး မှာ အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၁)သိန်းကျပ်သာ ရှိသဖြင့် ယင်းဈေးဖြင့် အရောင်းအဝယ်ပြုလုပ်သူ နည်းပါး ကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ အရောင်းအဝယ်ကို ရွှေဆိုင်အများစုက ရပ်နားထားရာ (၁၅)ပဲရည် ရွှေထည်များကိုသာ အဓိကထားရောင်းချ နေကြသည်။ သို့သော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး တုံ့ဆိုင်းမှုနှင့် အထွေ ထွေကုန်ဈေးနှုန်းကြီးမြင့်လာမှုတို့ကြောင့် ရွှေဈေးကွက်သည် ယခင်နှစ်များ၏ အရောင်းအဝယ်ပမာဏဖြင့်နှိုင်းယှဉ်ပါက (၁၀) ပုံ (၁)ပုံခန့်သာအရောင်းအဝယ်ရှိကြောင်း ရွှေဆိုင်အများစု ကဆိုသည်။ နိုင်ငံတကာနှင့်ဥရောပနိုင်ငံများမှ ဗဟို ဘဏ်များသည် အမေရိကန်ဒေါ်လာအစား ရွှေကို ပြန်လည်စုဆောင်းလာခြင်းကြောင့် ရွှေဝယ်လိုအားမှာ ကျဆင်းခြင်း မရှိဘဲ ဆက်တိုက်မြင့်တက်နေခြင်းဖြစ်သည်။ နိုင်ငံတကာရွှေဈေးကွက်ကျွမ်းကျင်သူများ၏ခန့်မှန်းချက်အရ ကမ္ဘာတစ် ဝန်း စစ်ရေးဆိုင်ရာတင်းမာမှုများကြောင့် ရွှေဈေးကျဆင်းရန်ခက်ခဲကြောင်းသိရသည်။
ပြည်တွင်းဒေါ်လာဈေးသည် ဗဟိုဘဏ်၏အွန် လိုင်း FX ဈေးကွက်အတွင်း ငွေလဲလိုင်စင်ရဘဏ်များ အကြား အရောင်းအဝယ်ဖြစ်သည့်ပေါက်ဈေးသည် တစ်ဒေါ်လာလျှင် (၃၆၆၀)ကျပ်ရှိကြောင်းသိရသည်။ ပို့ကုန်/သွင်းကုန်လုပ် ငန်းရှင်များအနေဖြင့် လိုအပ်သောနိုင်ငံခြားငွေကို ဗဟိုဘဏ်၏အွန်လိုင်းဈေးကွက် တွင်ဝယ်ယူနိုင်သော်လည်း လိုအပ် ချက်ပမာဏ အပြည့်အဝမဝယ်နိုင်ခြင်းကြောင့် ပြင်ပဈေးကွက်တွင် အရောင်းအဝယ်များရှိနေဆဲဖြစ်သည်။
လက်ရှိ ပြင်ပငွေလဲနှုန်းများမှာ တရုတ်ငွေ တစ်ယွမ်လျှင်(၇၁၆)ကျပ်၊ ထိုင်းတစ်ဘတ်လျှင် (၁၄၂)ကျပ်၊ အိန္ဒိယ တစ်ရူပီးလျှင် (၅၀)ကျပ် အသီးသီး ပေါက်ဈေးရှိကြောင်းသိရသည်။ ပြည်တွင်းရွှေဈေးနှင့် ငွေလဲဈေးနှုန်းများ အပြောင်း အလဲရှိသော်လည်း ပြည်ပမှတင်သွင်းနေသည့်စက်သုံးဆီနှင့် စားအုန်းဆီဈေးများမှာ ဈေးနှုန်းအတက်အကျ အနည်း ငယ်ဖြင့် တည်ငြိမ်နေသည်။ ယခုလပိုင်းအတွင်း စက်သုံးဆီဈေး တည်ငြိမ်မှုမရှိခြင်းကြောင့် ပြင်ပလက်လီရောင်း ချသည့်ဆိုင်များတွင် အဝယ်နည်းသွားပြီး ပန့်ဆိုင်များ တွင်သာဝယ်ယူမှုရှိနေကြောင်း နယ်မြို့များရှိ စက်သုံး ဆီလုပ် ငန်းရှင်များထံမှသိရသည်။
လာမည့်ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေးမှာ အမြင့်ပိုင်းတွင် ဆက်လက်ရပ်တည်နေနိုင်ခြင်းကြောင့် ပြည်တွင်းရွှေ ဈေးများ အပြောင်းအလဲနည်းပါးနိုင်သည်။ ကမ္ဘာ့ရွှေဈေးဆက်လက်မြင့်တက်ပါက ပြည်တွင်းရွှေဈေး သိန်း(၁၀ဝ) အထက်တွင် ဆက်လက်ရှိ နေနိုင်သည်။
(ပြည်ပမှသွင်းကုန်များအတွက် နိုင်ငံခြားငွေရရှိရန် ကြိုတင်ငွေပေးချေသည့်စနစ်စတင်)
သွင်းကုန်များအတွက် ကြိုတင်ငွေပေးချေခွင့်ကို နိုဝင်ဘာလ(၄)ရက်မှစတင်ကာ ဗဟိုဘဏ်ကခွင့်ပြုခဲ့သည်။ သွင်းကုန်အတွက် နိုင်ငံခြားငွေကို ကြိုတင်ငွေ ပေးချေခွင့်ပြုခြင်းဖြင့် အရေးကြီးကုန်ပစ္စည်းများကို အချိန်မီမှာယူနိုင်ခြင်း၊ နိုင်ငံခြားငွေလိုအပ်ချက်ကို တစ်ကြိမ်တည်းဖြည့်ဆည်းရသည့် ငွေကြေးဝန်ထုပ် ဝန်ပိုးကိုလျော့နည်းစေခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှု ဆိုင်ရာ ယုံကြည်မှုတိုးတက်လာနိုင်ခြင်း၊ ကုန်ကြမ်း ပစ္စည်းများ လွယ်ကူမြန်ဆန်စွာ တင်သွင်းနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းသည့် သွင်းကုန်တင်သွင်းသူ (Importer)များအတွက် လိုအပ်သော နိုင်ငံခြားငွေကို အချိန်မီရရှိစေရန်၊ ပြည်ပ Supplier များထံ ငွေပေးချေမှုနောက်ကျခြင်းကိုလျှော့ချရန်၊ နိုင်ငံခြားငွေကို အမှန်တကယ်လို အပ်သည့် ကုန်သွယ်မှုလုပ်ငန်းများအတွက် ဦးစားပေးခွဲဝေပေးရန်၊ ငွေလဲလှယ်နှုန်းအတက်အကျအပေါ် ဖိအားမဖြစ်စေ ဘဲ နိုင်ငံခြားငွေဈေးကွက်ကိုတည်ငြိမ်စေရန် ကုန်ပစ္စည်းဖိုး ပေးချေရာတွင် ကြိုတင်ငွေပေးချေခြင်း (Advance Payment) ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်ပမှတင်သွင်းသည့်သွင်းကုန်များအတွက် ငွေပေးချေမှုနှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင် ခွင့်ပြု ချက်ရရှိပြီး ပါက ပထမအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ (၃၀)%၊ သင်္ဘောတင် စာရွက်စာတမ်း အထောက်အထား (B/L) တင်ပြလာပါက ဒုတိယအရစ်အဖြစ် လိုင်စင်ပါတန်ဖိုး၏ (၄၀)%တို့ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကို စိစစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် သွင်းကုန်ကြေညာလွှာ(ID)ကိုတင်ပြလာပါက တတိယအရစ်အဖြစ် ကျန်ရှိသည့် လိုင်စင်ပါ တန်ဖိုး၏ (၃၀)%ကိုလည်း နိုင်ငံတော်၏ လိုအပ်သော သွင်းကုန်ပစ္စည်းများအတွက် စိစစ်ရောင်းချပေးသွား မည်ဖြစ်ကြောင်းသိရ သည်။ ဗဟိုဘဏ်ကလည်း ဈေးကွက်အတွင်းသို့ နိုင်ငံခြားငွေများ ဆက်တိုက်ရောင်း ချပေးနေရာ သွင်းကုန်လုပ်ငန်းများ အတွက် လိုအပ်သောနိုင်ငံခြားငွေများ အလွယ်အကူဝယ်ယူနိုင်မည်ဟု ခန့်မှန်းချက်များလည်းထွက်ပေါ်နေသည်။ လတ်တလော ပြည်တွင်းနိုင်ငံခြားငွေလိုအပ်ချက်အရ သွင်းကုန်/ပို့ကုန်မူဝါဒများ အပြောင်းအလဲပြုလုပ်နေခြင်း ဖြစ်သောကြောင့် ရေရှည်တွင် မည်သို့အကျိုးသက် ရောက်မည်ဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။
(ကော်စေ့တစ်တန်လျှင် ကျပ်သိန်း(၁၆၀)အထိမြင့်တက်လာ၍ ရေသန့်နှင့် အချိုရည်လုပ်ငန်းများအခက်တွေ့)
ပြည်တွင်း၌ထုတ်လုပ်သုံးစွဲနေသည့် ရေသန့်နှင့်အချိုရည်လုပ်ငန်းများသည် ပုလင်းခွံထည့်သွင်း ရောင်းချရာတွင် ကော်စေ့ကို ပြည်ပမှတင်သွင်းအသုံး ပြုနေရသည်။ လတ်တလော ကော်စေ့ဈေးကွက်အတွင်း ကော်စေ့အကြည် တစ်တန်လျှင် ကျပ် သိန်း (၁၆၀)မှ သိန်း(၁၇၀)ခန့်အတွင်းသို့ ဈေးများမြင့်တက် နေသည်။ ကော်စေ့တင်သွင်းရာတွင် ရနောင်ဆိပ်ကမ်း မှကော့သောင်းဆိပ်ကမ်းသို့ တစ်တန်လျှင် သိန်း (၈၀)ခန့်သာပေါက်ဈေးရှိသော်လည်း ရန်ကုန်သို့တင် ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းအရောက် သိန်း (၁၅၀) ဝန်းကျင်အထိ ပေါက်ဈေးဖြစ်ပေါ်နေသည်။
ထို့ပြင် ရန်ကုန်မြို့၌ သိုလှောင်စရိတ် ဂိုဒေါင်ခများထည့်သွင်းတွက်ချက်ပါက ကော်စေ့တစ်တန်လျှင် သိန်း (၁၆၀ မှ ၁၇၀)အထိ ပေါက်ဈေးဖြစ်ပေါ်နေခြင်းဖြစ်သည်။ သက်ဆိုင်ရာအနေဖြင့် ကော်စေ့ဈေးနှုန်း များကျဆင်းရန်ဆောင် ရွက်နိုင်ခြင်းမရှိပါက ပြည်တွင်းရှိ အသေးစားအလတ်စားလုပ်ငန်းများ ဆက် လက်ရပ်တည်ရန် ခက်ခဲသွားမည်ဖြစ်သည်။ ကော်စေ့ ဈေးနှုန်းမြင့်တက်မှုကြောင့် ပြည်တွင်းရေသန့်နှင့် အချိုရည်လုပ်ငန်းများမှာ အခက်အခဲများကြုံတွေ့နေ ရပြီးလာမည့်ရက်များအတွင်း ဆက်လက်စောင့်ကြည့် ရမည်ဖြစ်သည်။