
ပြည့်ဖြိုး (NP News) - နိုဝင်ဘာ ၁၅
စံချိန်တင်ဈေးမြင့်တက်နေသည့်ကြက်သွန် နီဈေးနှင့်စားအုန်းဆီဈေးကြောင့် အခြေခံစားသောက် ကုန်လုပ် ငန်းများ အခက်အခဲကြုံတွေနေရကြောင်း NP News ၏ စုံစမ်းမှုများအရ သိရသည်။
လတ်တလောဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် လက်လီဈေး (၁၆,ဝဝဝ)ကျပ် နှင့်စားအုန်းဆီ တစ်ပိဿာ ပြင်ပလက်လီပေါက်ဈေး (၁၈,ဝဝဝ)ကျပ်အထိ စံချိန်တင်ဈေးနှုန်းများဖြစ် ပေါ်နေရာ အခြေခံလူတန်းစား ရပ်ကွက်များရှိ မုန့်ဟင်းခါးဆိုင်များ၊ အသုပ်စုံဆိုင်များနှင့်လက်ဖက်ရည် ဆိုင်များတွင် စားသောက်ကုန်များဈေးနှုန်းများ မြင့် တက်လာကြောင်းသိရသည်။
“ကြက်သွန်နီနဲ့စားအုန်းဆီက မရှိမဖြစ် သုံးနေရတာ။ အခုဈေးတွေတက်လာတော့ အကြော် ဆိုင်တွေတောင် မဖွင့်နိုင်တော့ဘူး၊ မုန့်ဟင်းခါးဆိုင် တွေမှာတောင်ကြက်သွန်ဥ များများထည့်တာမတွေ့ရ တော့ဘူး၊ ရပ်ကွက်တွေထဲက အစားအသောက်ဆိုင် တိုင်းမှာအခက်အခဲဖြစ်နေတာပါ”ဟု တောင်ဒဂုံမြို့နယ်မှမုန့်ဟင်းခါးဆိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိတွင် မိုးကြက်သွန်နီများထွက်ရှိလာသော်လည်း အထွက်နှုန်းနည်းခြင်းနှင့်နိုင်ငံခြားတင်ပို့မှု အားကောင်း နေခြင်းတို့ကြောင့် ကုန်စည်ဒိုင်များတွင်လည်းကြက်သွန်နီဈေးမြင့်တက်နေခြင်းဖြစ်သည်။
ယခင်ထွက်ရှိထားသည့် ကြက်သွန်နီအဟောင်းများမှာ ရာသီကုန်ခါနီးဖြစ်၍ ဂိုဒေါင်များနှင့် လှောင်လက်များ တွင် လက်ကျန် အလွန်နည်းပါးနေပြီဖြစ်ပြီး မိုးကြက်သွန်အသစ်များ ယခု နိုဝင်ဘာလအတွင်း စတင်တူးဖော်နေပြီ ဖြစ်သော်လည်း မိုးအဆက်မပြတ်ရွာသွန်းနေခြင်းနှင့် အခြားအခက်အခဲများကြောင့် ဈေးကွက်ထဲသို့ အလုံးအရင်းဖြင့် ဝင်ရောက် နိုင်ခြင်းမရှိသေးဘဲ အဝင်နည်းနေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်လနောက်ဆုံးပတ်က ဆိပ်ဖြူနှင့် တောင်သာ ကြက်သွန်တစ်ပိဿာလျှင် အရွယ်အစား၊ အရည်အသွေး ပေါ်မူတည်ကာ(၈,၅၀ဝ)ကျပ်မှ (၁၀,၄၀ဝ)ကျပ်သာရှိခဲ့ပြီး နိုဝင်ဘာလ (၁၃)ရက်နေ့တွင် ဆိပ်ဖြူနှင့်တောင်သာ ကြက်သွန်တစ်ပိဿာလျှင် အရွယ်အစား၊ အရည်အသွေးပေါ်မူတည်ကာ (၁၄၅၀ဝ)ကျပ်မှ (၂၀ဝဝဝ)ကျပ်အထိ အမြင့် ဈေးတွင်ရှိနေကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရ သည်။
“တချို့ဒေသတွေမှာ မိုးတွေရွာပြီး အခင်းတွေပျက်တာတွေရှိတယ်။ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေရှိပြီး ကုန်ကျစရိတ်တွေများတယ်။ နောက်ပြီး မိုးကြက်သွန်ထွက်တယ်ဆိုပေမယ့် လတ်တလောမှာ ဈေးကွက်အတွင်းကို အလုံးအရင်းနဲ့ ဝင်ရောက်လာတာမရှိသေးတော့ ဈေးနှုန်းက ကျဆင်းခြင်းမရှိသေးဘဲ အမြင့်ပိုင်းမှာ ဆက်လက်ရှိနေ တယ်။ အခု ဘုရင့်နောင်ကုန်စည်ဒိုင်မှာလည်း ဆိပ်ဖြူနဲ့ တောင်သာပဲဈေးကွက်ရှိတယ်”ဟု ကြက်သွန်နီ ကုန်သည် တစ်ဦးကပြောသည်။
စားအုန်းဆီဈေးမှာလည်း စီးပွားရေးသုံး ခွဲတမ်းများကိုလျှော့ချထားသဖြင့် ပြင်ပဈေးကွက်တွင် စားအုန်းဆီ ဈေးများမြင့်တက်နေရာ တစ်ပိဿာလျှင် နှစ်သောင်းကျပ်ခန့်အထိမြင့်တက်နေပြီးဝယ်ယူရန် ခက်ခဲကြောင်းသိရသည်။
“စားသုံးဆီမှာ ပဲဆီကအိမ်သုံးလောက်ပဲ သုံးကြတာ၊ ဆိုင်တွေမှာကစားအုန်းဆီပဲ အဓိကသုံး နေရတာ။ အခု ကြက်သွန်နီဈေးရော စားအုန်းဆီဈေး ပါတက်နေတော့ အကုန်လုံးအခက်တွေ့တာပေါ့။ အခုဆိုမုန့်ဟင်းခါးတစ်ပွဲ၊ အသုပ် တစ်ပွဲကို အနည်းဆုံး (၂၅၀ဝ)ကျပ်ကနေ(၃၀ဝဝ)ကျပ် နဲ့ရောင်းနေကြပါတယ်။ အခြေခံပြည်သူလူထုအတွက်တော့ စား သောက်ကုန်ဈေးတွေက ဘူးလေးရာဖရုံဆင့်နေသလိုပါပဲ”ဟု လှိုင်သာယာမြို့နယ်မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တစ်ဦးက ပြောသည်။

zawgyi version
ေဈးတက္ေနသည့္ ၾကက္သြန္နီႏွင့္စားအုန္းဆီေၾကာင့္ အေျခခံစားေသာက္ဆိုင္မ်ား အခက္ႀကဳံ
ျပည့္ၿဖိဳး (NP News) - ႏိုဝင္ဘာ ၁၅
စံခ်ိန္တင္ေဈးျမင့္တက္ေနသည့္ၾကက္သြန္ နီေဈးႏွင့္စားအုန္းဆီေဈးေၾကာင့္ အေျခခံစားေသာက္ ကုန္လုပ္ ငန္းမ်ား အခက္အခဲႀကဳံေတြေနရေၾကာင္း NP News ၏ စုံစမ္းမႈမ်ားအရ သိရသည္။
လတ္တေလာေဈးကြက္အတြင္း ၾကက္သြန္နီတစ္ပိႆာလွ်င္ လက္လီေဈး (၁၆,ဝဝဝ)က်ပ္ ႏွင့္စားအုန္းဆီ တစ္ပိႆာ ျပင္ပလက္လီေပါက္ေဈး (၁၈,ဝဝဝ)က်ပ္အထိ စံခ်ိန္တင္ေဈးႏႈန္းမ်ားျဖစ္ ေပၚေနရာ အေျခခံလူတန္းစား ရပ္ကြက္မ်ားရွိ မုန႔္ဟင္းခါးဆိုင္မ်ား၊ အသုပ္စုံဆိုင္မ်ားႏွင့္လက္ဖက္ရည္ ဆိုင္မ်ားတြင္ စားေသာက္ကုန္မ်ားေဈးႏႈန္းမ်ား ျမင့္ တက္လာေၾကာင္းသိရသည္။
“ၾကက္သြန္နီနဲ႔စားအုန္းဆီက မရွိမျဖစ္ သုံးေနရတာ။ အခုေဈးေတြတက္လာေတာ့ အေၾကာ္ ဆိုင္ေတြေတာင္ မဖြင့္ႏိုင္ေတာ့ဘူး၊ မုန႔္ဟင္းခါးဆိုင္ ေတြမွာေတာင္ၾကက္သြန္ဥ မ်ားမ်ားထည့္တာမေတြ႕ရ ေတာ့ဘူး၊ ရပ္ကြက္ေတြထဲက အစားအေသာက္ဆိုင္ တိုင္းမွာအခက္အခဲျဖစ္ေနတာပါ”ဟု ေတာင္ဒဂုံၿမိဳ႕နယ္မွမုန႔္ဟင္းခါးဆိုင္ရွင္တစ္ဦးကေျပာသည္။
လက္ရွိတြင္ မိုးၾကက္သြန္နီမ်ားထြက္ရွိလာေသာ္လည္း အထြက္ႏႈန္းနည္းျခင္းႏွင့္ႏိုင္ငံျခားတင္ပို႔မႈ အားေကာင္း ေနျခင္းတို႔ေၾကာင့္ ကုန္စည္ဒိုင္မ်ားတြင္လည္းၾကက္သြန္နီေဈးျမင့္တက္ေနျခင္းျဖစ္သည္။
ယခင္ထြက္ရွိထားသည့္ ၾကက္သြန္နီအေဟာင္းမ်ားမွာ ရာသီကုန္ခါနီးျဖစ္၍ ဂိုေဒါင္မ်ားႏွင့္ ေလွာင္လက္မ်ား တြင္ လက္က်န္ အလြန္နည္းပါးေနၿပီျဖစ္ၿပီး မိုးၾကက္သြန္အသစ္မ်ား ယခု ႏိုဝင္ဘာလအတြင္း စတင္တူးေဖာ္ေနၿပီ ျဖစ္ေသာ္လည္း မိုးအဆက္မျပတ္႐ြာသြန္းေနျခင္းႏွင့္ အျခားအခက္အခဲမ်ားေၾကာင့္ ေဈးကြက္ထဲသို႔ အလုံးအရင္းျဖင့္ ဝင္ေရာက္ ႏိုင္ျခင္းမရွိေသးဘဲ အဝင္နည္းေနေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္လေနာက္ဆုံးပတ္က ဆိပ္ျဖဴႏွင့္ ေတာင္သာ ၾကက္သြန္တစ္ပိႆာလွ်င္ အ႐ြယ္အစား၊ အရည္အေသြး ေပၚမူတည္ကာ(၈,၅၀ဝ)က်ပ္မွ (၁၀,၄၀ဝ)က်ပ္သာရွိခဲ့ၿပီး ႏိုဝင္ဘာလ (၁၃)ရက္ေန႔တြင္ ဆိပ္ျဖဴႏွင့္ေတာင္သာ ၾကက္သြန္တစ္ပိႆာလွ်င္ အ႐ြယ္အစား၊ အရည္အေသြးေပၚမူတည္ကာ (၁၄၅၀ဝ)က်ပ္မွ (၂၀ဝဝဝ)က်ပ္အထိ အျမင့္ ေဈးတြင္ရွိေနေၾကာင္း ဘုရင့္ေနာင္ကုန္စည္ဒိုင္မွ သိရ သည္။
“တခ်ိဳ႕ေဒသေတြမွာ မိုးေတြ႐ြာၿပီး အခင္းေတြပ်က္တာေတြရွိတယ္။ သယ္ယူပို႔ေဆာင္ေရး အခက္အခဲေတြရွိၿပီး ကုန္က်စရိတ္ေတြမ်ားတယ္။ ေနာက္ၿပီး မိုးၾကက္သြန္ထြက္တယ္ဆိုေပမယ့္ လတ္တေလာမွာ ေဈးကြက္အတြင္းကို အလုံးအရင္းနဲ႔ ဝင္ေရာက္လာတာမရွိေသးေတာ့ ေဈးႏႈန္းက က်ဆင္းျခင္းမရွိေသးဘဲ အျမင့္ပိုင္းမွာ ဆက္လက္ရွိေန တယ္။ အခု ဘုရင့္ေနာင္ကုန္စည္ဒိုင္မွာလည္း ဆိပ္ျဖဴနဲ႔ ေတာင္သာပဲေဈးကြက္ရွိတယ္”ဟု ၾကက္သြန္နီ ကုန္သည္ တစ္ဦးကေျပာသည္။
စားအုန္းဆီေဈးမွာလည္း စီးပြားေရးသုံး ခြဲတမ္းမ်ားကိုေလွ်ာ့ခ်ထားသျဖင့္ ျပင္ပေဈးကြက္တြင္ စားအုန္းဆီ ေဈးမ်ားျမင့္တက္ေနရာ တစ္ပိႆာလွ်င္ ႏွစ္ေသာင္းက်ပ္ခန႔္အထိျမင့္တက္ေနၿပီးဝယ္ယူရန္ ခက္ခဲေၾကာင္းသိရသည္။
“စားသုံးဆီမွာ ပဲဆီကအိမ္သုံးေလာက္ပဲ သုံးၾကတာ၊ ဆိုင္ေတြမွာကစားအုန္းဆီပဲ အဓိကသုံး ေနရတာ။ အခု ၾကက္သြန္နီေဈးေရာ စားအုန္းဆီေဈး ပါတက္ေနေတာ့ အကုန္လုံးအခက္ေတြ႕တာေပါ့။ အခုဆိုမုန႔္ဟင္းခါးတစ္ပြဲ၊ အသုပ္ တစ္ပြဲကို အနည္းဆုံး (၂၅၀ဝ)က်ပ္ကေန(၃၀ဝဝ)က်ပ္ နဲ႔ေရာင္းေနၾကပါတယ္။ အေျခခံျပည္သူလူထုအတြက္ေတာ့ စား ေသာက္ကုန္ေဈးေတြက ဘူးေလးရာဖ႐ုံဆင့္ေနသလိုပါပဲ”ဟု လႈိင္သာယာၿမိဳ႕နယ္မွ လက္ဖက္ရည္ဆိုင္ ပိုင္ရွင္ တစ္ဦးက ေျပာသည္။