
ဂျန်ဇက် (NP News) - နိုဝင်ဘာ ၁၅
ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်များကြောင့် ဝန်ကြီးချုပ် တာကိုင်ချီဦးဆောင်သည့် ဂျပန်အစိုးရက စစ်အင် အားတိုးချဲ့မှုအစီအစဉ်ကို လျှော့ချရဖွယ်ရှိနေသဖြင့် မျှော်မှန်းထားသည့်မှာယူမှုများ လျော့ကျသွားနိုင်ကြောင်း ဂျပန် တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလိုက်သည်။
(၂၀၂၇)ခုနှစ် ဧပြီလတွင် စတင်မည့် ငါးနှစ်တာကာလအတွင်း ကာကွယ်ရေးအသုံးစရိတ် အဖြစ် ယန်း(၅၀) ထရီလျံသုံးစွဲရန် ဘဏ္ဍာရေးဝန်ကြီး ဌာနတာဝန်ရှိသူများက ပြီးခဲ့သည့်သီတင်းပတ်တွင် အဆိုပြုခဲ့ကြောင်း အဆိုပါ အဆိုပြုချက်နှင့်နီးစပ်သူ များက ရိုက်တာ(Reuters)သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါပမာဏသည် လက်ရှိ (၅) စီမံကိန်းတွင် လျာထားသည့် ယန်း(၄၃) ထရီလျံထက် ပိုများနေသည်ဟု ကာကွယ်ရေးတာဝန်ရှိသူအချို့နှင့် အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP) လွှတ်တော်အမတ်များက မှန်းဆထားသည်။ သို့သော်လည်း အဆိုပါပမာဏသည် စစ်လက်နက်ပစ္စည်း ကန်ထရိုက်တာများနှင့်ညှိနှိုင်းရာတွင် အခြေခံအသုံးပြုခဲ့သည့် ယန်း(၈၀)ထရီလျံ ဘတ်ဂျက်ပမာဏ ထက်မူ များစွာလျော့နည်းနေသည်။ အသုံးစရိတ် လျှော့ချအဆိုပြုလာခြင်းကြောင့် အမေရိကန်နိုင်ငံလုပ် F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ အပါအဝင် ပြည်တွင်း နှင့်ပြည်ပကုမ္ပဏီများထံမှ ဝယ်ယူရန်စီ စဉ်ထားသည့် ဒုံးကျည်နှင့်လေယာဉ်အချို့၏မှာယူမှုများကို ထက်ဝက်ခန့် အထိလျှော့ချရနိုင်ကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်များကပြောသည်။
ဂျပန်နိုင်ငံ၏ အကြီးဆုံးကာကွယ်ရေး ပစ္စည်းကန်ထရိုက်တာများတွင် မစ်ဆူဘီရှီစက်မှုလုပ်ငန်း(MHI)၊ မစ်ဆူဘီရှီ အီလက်ထရွန်နစ်လုပ်ငန်း (MELCO)နှင့် ဆာဝါဆာကီအကြီးစား စက်မှု လုပ်ငန်း(KHI)တို့ပါဝင်နေပြီး MHI နှင့် MELCO တို့က မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သလို KHI ကမူ မှတ်ချက်တောင်းခံမှုကို ချက်ချင်းတုံ့ပြန်ဖြေကြားခြင်း မရှိကြောင်းသိရသည်။
ဘဏ္ဍာရေးဝန်ကြီး ဆတ်ဆုကီကာတာ ယာမာက ‘လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာအကြံပေး အဖွဲ့ကတောင် ဒီလောက်အသေးစိတ်အဆင့်အထိ မဆွေးနွေးရသေးပါဘူး။ ဒါကြောင့် ကျွန်မအနေနဲ့ မှတ်ချက်ပေးရမယ့်အဆင့် မရောက်သေးဘူးလို့ ထင်ပါတယ်’ ဟု သတင်းထောက်များကိုပြောကြား ခဲ့သည်။

zawgyi version
ဘ႑ာေရးအကန႔္အသတ္မ်ားေၾကာင့္ ဂ်ပန္ႏိုင္ငံ၏ စစ္ေရးအင္အားတိုးခ်ဲ႕မည့္အစီအစဥ္ ေလွ်ာ့ခ်ရဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ႏိုဝင္ဘာ ၁၅
ဘ႑ာေရးဆိုင္ရာ အကန႔္အသတ္မ်ားေၾကာင့္ ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီဦးေဆာင္သည့္ ဂ်ပန္အစိုးရက စစ္အင္ အားတိုးခ်ဲ႕မႈအစီအစဥ္ကို ေလွ်ာ့ခ်ရဖြယ္ရွိေနသျဖင့္ ေမွ်ာ္မွန္းထားသည့္မွာယူမႈမ်ား ေလ်ာ့က်သြားႏိုင္ေၾကာင္း ဂ်ပန္ တာဝန္ရွိသူမ်ားက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။
(၂၀၂၇)ခုႏွစ္ ဧၿပီလတြင္ စတင္မည့္ ငါးႏွစ္တာကာလအတြင္း ကာကြယ္ေရးအသုံးစရိတ္ အျဖစ္ ယန္း(၅၀) ထရီလ်ံသုံးစြဲရန္ ဘ႑ာေရးဝန္ႀကီး ဌာနတာဝန္ရွိသူမ်ားက ၿပီးခဲ့သည့္သီတင္းပတ္တြင္ အဆိုျပဳခဲ့ေၾကာင္း အဆိုပါ အဆိုျပဳခ်က္ႏွင့္နီးစပ္သူ မ်ားက ႐ိုက္တာ(Reuters)သတင္းဌာနသို႔ ေျပာၾကားခဲ့သည္။
အဆိုပါပမာဏသည္ လက္ရွိ (၅) စီမံကိန္းတြင္ လ်ာထားသည့္ ယန္း(၄၃) ထရီလ်ံထက္ ပိုမ်ားေနသည္ဟု ကာကြယ္ေရးတာဝန္ရွိသူအခ်ိဳ႕ႏွင့္ အာဏာရ လစ္ဘရယ္ ဒီမိုကရက္တစ္ပါတီ (LDP) လႊတ္ေတာ္အမတ္မ်ားက မွန္းဆထားသည္။ သို႔ေသာ္လည္း အဆိုပါပမာဏသည္ စစ္လက္နက္ပစၥည္း ကန္ထ႐ိုက္တာမ်ားႏွင့္ညႇိႏႈိင္းရာတြင္ အေျခခံအသုံးျပဳခဲ့သည့္ ယန္း(၈၀)ထရီလ်ံ ဘတ္ဂ်က္ပမာဏ ထက္မူ မ်ားစြာေလ်ာ့နည္းေနသည္။ အသုံးစရိတ္ ေလွ်ာ့ခ်အဆိုျပဳလာျခင္းေၾကာင့္ အေမရိကန္ႏိုင္ငံလုပ္ F-35 ကိုယ္ေပ်ာက္တိုက္ေလယာဥ္မ်ား အပါအဝင္ ျပည္တြင္း ႏွင့္ျပည္ပကုမၸဏီမ်ားထံမွ ဝယ္ယူရန္စီ စဥ္ထားသည့္ ဒုံးက်ည္ႏွင့္ေလယာဥ္အခ်ိဳ႕၏မွာယူမႈမ်ားကို ထက္ဝက္ခန႔္ အထိေလွ်ာ့ခ်ရႏိုင္ေၾကာင္း အမည္မေဖာ္လိုသူ သတင္းရင္းျမစ္မ်ားကေျပာသည္။
ဂ်ပန္ႏိုင္ငံ၏ အႀကီးဆုံးကာကြယ္ေရး ပစၥည္းကန္ထ႐ိုက္တာမ်ားတြင္ မစ္ဆူဘီရွီစက္မႈလုပ္ငန္း(MHI)၊ မစ္ဆူဘီရွီ အီလက္ထ႐ြန္နစ္လုပ္ငန္း (MELCO)ႏွင့္ ဆာဝါဆာကီအႀကီးစား စက္မႈ လုပ္ငန္း(KHI)တို႔ပါဝင္ေနၿပီး MHI ႏွင့္ MELCO တို႔က မွတ္ခ်က္ေပးရန္ျငင္းဆိုခဲ့သလို KHI ကမူ မွတ္ခ်က္ေတာင္းခံမႈကို ခ်က္ခ်င္းတုံ႔ျပန္ေျဖၾကားျခင္း မရွိေၾကာင္းသိရသည္။
ဘ႑ာေရးဝန္ႀကီး ဆတ္ဆုကီကာတာ ယာမာက ‘လုံၿခဳံေရးနဲ႔ ကာကြယ္ေရးဆိုင္ရာအႀကံေပး အဖြဲ႕ကေတာင္ ဒီေလာက္အေသးစိတ္အဆင့္အထိ မေဆြးေႏြးရေသးပါဘူး။ ဒါေၾကာင့္ ကြၽန္မအေနနဲ႔ မွတ္ခ်က္ေပးရမယ့္အဆင့္ မေရာက္ေသးဘူးလို႔ ထင္ပါတယ္’ ဟု သတင္းေထာက္မ်ားကိုေျပာၾကား ခဲ့သည္။