NP News

ဂျာမနီတွင် ဒီမိုကရေစီစနစ်အပေါ် ကျေနပ်အားရမှုက ဆယ်စုနှစ်(၂)ခုအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိ

Pika (NP News) - နိုဝင်ဘာ ၁၅

Leipzig တက္ကသိုလ်မှ သုတေသီများက Heinrich Boll ဖောင်ဒေးရှင်း၊ Otto Brenner ဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် Lei pzig အာဏာရှင်ဝါဒဆိုင်ရာလေ့လာမှုအရ ဂျာမနီ လူမျိုး (၃)ဦးတွင် (၂)ဦးခန့်က ၎င်းတို့၏နိုင်ငံတွင်း ဒီမိုကရေစီလည်ပတ်ဆောင်ရွက်မှုများကို ကျေနပ်မှု မရှိကြကြောင်းသိရသည်။

အဆိုပါ စစ်တမ်းများအရ နေ့စဉ်ဘဝတွင် ကြုံတွေ့နေရသည့် ဒီမိုကရေစီစနစ်အပေါ် ကျေနပ် အားရမှုမှာ (၂၀၂၄)ခုနှစ်တွင် (၄၂ ဒသမ ၃) ရာခိုင် နှုန်းရှိခဲ့ရာမှာ လက်ရှိအချိန်တွင် (၃၃ ဒသမ ၃) ရာခိုင်နှုန်းသို့ ကျဆင်းသွား ခဲ့ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအတိုင်းအတာပမာဏသည် သုတေသီများက (၂၀ဝ၆)ခုနှစ်တွင် ယင်း အòန်းကိန်းကို စတင်တိုင်းတာခဲ့သည့်အချိန်နောက်ပိုင်း မှတ်တမ်းတင်ဖူးသမျှထဲတွင် အနိမ့်ဆုံးအဆင့်ဖြစ် ကြောင်းသိရသည်။

အထူးသဖြင့် ယခင်က အရှေ့ဂျာမနီဒေသတွင် မကျေနပ်မှုများပိုမိုထင်ရှားနေပြီး အဆိုပါဒေသ မှဖြေဆို သူများအနက် (၂၂ ဒသမ ၈)ရာခိုင်နှုန်းကသာ လက်ရှိဒီမိုကရေစီစနစ်ကို ကျေနပ်မှုရှိကြောင်းဖြေ ဆိုခဲ့ကြသည်။ သို့သော်လည်း အနောက်ဂျာမနီဒေသတွင် ဖြေဆိုသူများ၏ (၃၆)ရာခိုင်နှုန်းက လက်ရှိဒီမိုကရေစီစနစ်ကို ကျေနပ် အားရမှုရှိကြောင်း ဖြေဆိုခဲ့ကြသည်။ လေ့လာမှုအရ ဂျာမနီလူမျိုးထက် ဝက်ကျော်သည် အတိတ်ကာလကို အမှတ်ရကာ အကောင်းမြင်ပုံဖော်ခြင်း သို့မဟုတ် အနာဂတ်နှင့်ပတ်သက်ပြီး ကပ်ဘေးဆိုးများဖြစ်လာမည်ကို စိုးရိမ် ခြင်းတို့ရှိနေ ကြောင်းလည်းသိရသည်။ အဆိုပါ စစ်တမ်းကို ပြီးခဲ့သည့်လများအတွင်းလုပ်ဆောင်ခဲ့ ခြင်းဖြစ်ပြီး လူပေါင်း(၂၅၀၇)ဦးကို စစ်တမ်းကောက် ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဂျာမနီလူမျိုးများ၏ (၂၈)ရာခိုင်နှုန်းခန့်က လက်ရှိဂျာမန်အဓိပတိဖရက်ဒရစ်မာ့ဇ်နှင့် ၎င်း၏အစိုးရအပေါ် စိတ်မကျေနပ်မှုများရှိနေကြောင်း INSA စစ်တမ်းတစ်ခုထွက်ပေါ်လာခဲ့ပြီးနောက် အဆိုပါစစ်တမ်းအသစ်ပေါ် ပေါက်လာ ခြင်းလည်းဖြစ်သည်။

zawgyi version

ဂ်ာမနီတြင္ ဒီမိုကေရစီစနစ္အေပၚ ေက်နပ္အားရမႈက ဆယ္စုႏွစ္(၂)ခုအတြင္း အနိမ့္ဆုံးအဆင့္သို႔ ေရာက္ရွိ

Pika (NP News) - ႏိုဝင္ဘာ ၁၅

Leipzig တကၠသိုလ္မွ သုေတသီမ်ားက Heinrich Boll ေဖာင္ေဒးရွင္း၊ Otto Brenner ေဖာင္ေဒးရွင္းတို႔ႏွင့္ ပူးေပါင္းျပဳလုပ္ခဲ့သည့္ Lei pzig အာဏာရွင္ဝါဒဆိုင္ရာေလ့လာမႈအရ ဂ်ာမနီ လူမ်ိဳး (၃)ဦးတြင္ (၂)ဦးခန႔္က ၎တို႔၏ႏိုင္ငံတြင္း ဒီမိုကေရစီလည္ပတ္ေဆာင္႐ြက္မႈမ်ားကို ေက်နပ္မႈ မရွိၾကေၾကာင္းသိရသည္။
အဆိုပါ စစ္တမ္းမ်ားအရ ေန႔စဥ္ဘဝတြင္ ႀကဳံေတြ႕ေနရသည့္ ဒီမိုကေရစီစနစ္အေပၚ ေက်နပ္ အားရမႈမွာ (၂၀၂၄)ခုႏွစ္တြင္ (၄၂ ဒသမ ၃) ရာခိုင္ ႏႈန္းရွိခဲ့ရာမွာ လက္ရွိအခ်ိန္တြင္ (၃၃ ဒသမ ၃) ရာခိုင္ႏႈန္းသို႔ က်ဆင္းသြား ခဲ့ၿပီျဖစ္ေၾကာင္းသိရသည္။ အဆိုပါအတိုင္းအတာပမာဏသည္ သုေတသီမ်ားက (၂၀ဝ၆)ခုႏွစ္တြင္ ယင္း အòန္းကိန္းကို စတင္တိုင္းတာခဲ့သည့္အခ်ိန္ေနာက္ပိုင္း မွတ္တမ္းတင္ဖူးသမွ်ထဲတြင္ အနိမ့္ဆုံးအဆင့္ျဖစ္ ေၾကာင္းသိရသည္။
အထူးသျဖင့္ ယခင္က အေရွ႕ဂ်ာမနီေဒသတြင္ မေက်နပ္မႈမ်ားပိုမိုထင္ရွားေနၿပီး အဆိုပါေဒသ မွေျဖဆို သူမ်ားအနက္ (၂၂ ဒသမ ၈)ရာခိုင္ႏႈန္းကသာ လက္ရွိဒီမိုကေရစီစနစ္ကို ေက်နပ္မႈရွိေၾကာင္းေျဖ ဆိုခဲ့ၾကသည္။ သို႔ေသာ္လည္း အေနာက္ဂ်ာမနီေဒသတြင္ ေျဖဆိုသူမ်ား၏ (၃၆)ရာခိုင္ႏႈန္းက လက္ရွိဒီမိုကေရစီစနစ္ကို ေက်နပ္ အားရမႈရွိေၾကာင္း ေျဖဆိုခဲ့ၾကသည္။ ေလ့လာမႈအရ ဂ်ာမနီလူမ်ိဳးထက္ ဝက္ေက်ာ္သည္ အတိတ္ကာလကို အမွတ္ရကာ အေကာင္းျမင္ပုံေဖာ္ျခင္း သို႔မဟုတ္ အနာဂတ္ႏွင့္ပတ္သက္ၿပီး ကပ္ေဘးဆိုးမ်ားျဖစ္လာမည္ကို စိုးရိမ္ ျခင္းတို႔ရွိေန ေၾကာင္းလည္းသိရသည္။ အဆိုပါ စစ္တမ္းကို ၿပီးခဲ့သည့္လမ်ားအတြင္းလုပ္ေဆာင္ခဲ့ ျခင္းျဖစ္ၿပီး လူေပါင္း(၂၅၀၇)ဦးကို စစ္တမ္းေကာက္ ယူခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ဂ်ာမနီလူမ်ိဳးမ်ား၏ (၂၈)ရာခိုင္ႏႈန္းခန႔္က လက္ရွိဂ်ာမန္အဓိပတိဖရက္ဒရစ္မာ့ဇ္ႏွင့္ ၎၏အစိုးရအေပၚ စိတ္မေက်နပ္မႈမ်ားရွိေနေၾကာင္း INSA စစ္တမ္းတစ္ခုထြက္ေပၚလာခဲ့ၿပီးေနာက္ အဆိုပါစစ္တမ္းအသစ္ေပၚ ေပါက္လာ ျခင္းလည္းျဖစ္သည္။

မူရင်းသတင်း — NP News