NP News

ပြည်ပရောက်မြန်မာလုပ်သားများ၏ Remittance ငွေများကို စက်သုံးဆီ၊ စားသုံးဆီနှင့် အရေးကြီးကုန်စည်ဝယ်ယူသူများကို အရှုံးခံ၍ ပြန်‌ရောင်းချပေးနေဟု ဆို

ပုလဲ (NP News) - နိုဝင်ဘာ ၁၅

ပြည်ပရောက်မြန်မာလုပ်သားများ၏ Remittance ငွေများကို အစိုးရအနေဖြင့် သုံးစွဲခြင်းမဟုတ်ဘဲ စက်သုံးဆီ၊ စားသုံးဆီနှင့် အရေးကြီးကုန်စည် ဝယ်ယူသူများကို အရှုံးခံ၍ ပြန်‌ရောင်းချပေးနေခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က မလေးရှားရောက်မြန်မာလုပ်သားများကို အားပေးစကားပြောစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ပရောက်မြန်မာလုပ်သားများအနေဖြင့် ပြည်တွင်းသို့ ငွေလွှဲပို့ရာတွင်လည်း ဟွန်ဒီ Rate နှင့် ဗဟိုဘဏ် Exchange Rate အနည်းငယ်ကွာဟမှုရှိနေသည့်အတွက် ငွေကြေးအားဖြင့် အတိုင်းအတာတစ်ခုအထိ နစ်နာနိုင်ကြောင်း ၊ အဆိုပါ ငွေများကို စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဓာတ်မြေသြဇာတို့ ဝယ်ယူသူများကိုပြန်လည် အရှုံးခံ၍ ရောင်းချပေးခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားထားသည်။

“ရှုံးပါစေဆိုပြီး အဲဒါကို ထောက်ပံ့တာ (၂၅) ရာခိုင်နှုန်း။ ပြီးတော့မှ ကျန်တဲ့ (၈၀) ရာခိုင်နှုန်းကို ကျတော့ ဒီ (၃,၈၅၀) နဲ့ ရောင်းတာဆိုတော့ ကဲ ဒီအစိုးရအနေနဲ့ စိုက်ထုတ်သလား စိုက်မထုတ်ဘူးလားဆိုတာ ခင်ဗျားတို့ကို သိအောင် ကျွန်တော် ပြောပြတာ။ အဲဒီလို ပေးလိုက်တော့မှသာလျှင် အဲဒီ စက်သုံးဆီကုမ္ပဏီတွေ၊ စားသုံးဆီကုမ္ပဏီတွေကလည်း ဝယ်ပြီးတော့မှ ဒီပြည်တွင်းမှာ ပြန်ဖြန့်နိုင်တာ” ဟု ပြောသည်။

“အစိုးရက ဘယ်လောက်အထိ ပြည်သူတွေအပေါ်မှာ ထားတဲ့ စေတနာအရ ဒီကုမ္ပဏီတစ်ခုက စက်သုံးဆီဝယ်မယ် ဆိုလို့ရှိရင် စက်သုံးဆီဝယ်မယ့် ကုမ္ပဏီက 1 billion လိုတယ်၊ 1 billion ပေါ့ ပျမ်းမျှပြောတာ 1 billion လိုတယ်ဆိုရင် 1 billion ထဲမှာ (၂၅) ရာခိုင်နှုန်း နော်။ အဲဒီတော့ သန်း (၂၅၀)။ သန်း (၂၅၀) ကို ဘယ်လောက်နဲ့ ရောင်းပေးလိုက်လဲဆိုရင် (၂,၁၅၀) နဲ့ ရောင်းပေးလိုက်တယ်။

(၂,၁၅၀) နဲ့ဆိုတော့ သူဝယ်တုန်းက (၃,၈၅၀) နဲ့ ဝယ်ထားတာ။ (၂,၁၅၀) နဲ့ ရောင်းတယ်ဆိုတော့ အခု (၁,၅၀၀၊ ၆၀၀) လောက် ရှုံးနေပြီ။ ဒါပေမဲ့ ရှုံးပါစေဆိုပြီး အဲဒါကို ထောက်ပံ့တာ (၂၅) ရာခိုင်နှုန်း။ ပြီးတော့မှ ကျန်တဲ့(၈၀) ရာခိုင်နှုန်းကို ကျတော့ ဒီ (၃,၈၅၀) နဲ့ ရောင်းတာဆိုတော့ ကဲ ဒီအစိုးရအနေနဲ့ စိုက်ထုတ်သလား စိုက်မထုတ်ဘူးလားဆိုတာ ခင်ဗျားတို့ကို သိအောင် ကျွန်တော် ပြောပြတာ။ အဲဒီလို ပေးလိုက်တော့မှသာလျှင် အဲဒီ စက်သုံးဆီကုမ္ပဏီတွေ၊ စားသုံးဆီကုမ္ပဏီတွေကလည်း ဝယ်ပြီးတော့မှ ဒီပြည်တွင်းမှာ ပြန်ဖြန့်နိုင်တာ” ဟု ပြောသည်။
ထို့အတူ ပြည်ပရောက် မြန်မာလုပ်သားများသည် သူရဲကောင်းများဖြစ်ကြောင်း ၊ ပြည်ပရောက် မြန်မာလုပ်သားများထံမှ ဝင်ငွေခွန်ကောက်ခံမှု နှင့် Remittance ပြန်လည်တောင်းခံမှုများသည် အမြဲတမ်းပြုလုပ်သွားမည်မဟုတ်ဘဲ လက်ရှိ စီးပွားရေးအခြေအနေအရ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စီးပွားရေးအခြေအနေ တောင့်တင်းလာပါက အနာဂတ်တွင် မူဝါဒပြောင်းလဲနိုင် ကြောင်းလည်း ပြောသည်။

“ နောက်ပိုင်း တကယ်တမ်း စီးပွားရေး တောင့်တင်းလာတယ်ဆိုလို့ရှိရင် ခင်ဗျားတို့ဆီက ခင်ဗျားတို့က ကျွန်တော်တို့ အခွန်ကောက်ချင်ပါတယ် အခွန်ထည့်ချင်ပါတယ် ဆိုတာတောင်မှ ဒါ ခင်ဗျားတို့ remittance ပို့ချင်ပါတယ် ဆိုတာတောင်မှ ကျွန်တော်တို့က ဟို ကောက်ချင်မှ ကောက်လိမ့်မယ် အဲဒီအချိန်မှာ ရှိတဲ့ အစိုးရက” ဟု ပြောသည်။

ထို့ပြင် အလုပ်သမား သက်သာချောင်ချိရေးအတွက် ဖြေလျှော့ပေးသင့်သည်များကိုလည်း ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

“အဲဒီတော့ ရှုံးတယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ဘက်ကတော့ ဟို ဒီအချိန်ကာလတော့ ကျွန်တော် မပြောလိုဘူး။ ကျွန်တော် ဝန်ကြီး တာဝန်ယူနေတဲ့ အချိန်မှာတော့ ကျွန်တော် ခင်ဗျားတို့ အလုပ်သမားတွေ သက်သာရာ သက်သာကြောင်း ဖြေလျှော့ပေးမယ့် ကိစ္စတွေ အများကြီး လုပ်ပေးမယ်” ဟု ဦးမောင်မြင့်က ပြောသည်။

zawgyi version

ျပည္ပေရာက္ျမန္မာလုပ္သားမ်ား၏ Remittance ေငြမ်ားကို စက္သုံးဆီ၊ စားသုံးဆီႏွင့္ အေရးႀကီးကုန္စည္ ဝယ္ယူသူမ်ားကို အရႈံးခံ၍ ျပန္‌ေရာင္းခ်ေပးေနဟု ဆို

ပုလဲ (NP News) - ႏိုဝင္ဘာ ၁၅

ျပည္ပေရာက္ျမန္မာလုပ္သားမ်ား၏ Remittance ေငြမ်ားကို အစိုးရအေနျဖင့္ သုံးစြဲျခင္းမဟုတ္ဘဲ စက္သုံးဆီ၊ စားသုံးဆီႏွင့္ အေရးႀကီးကုန္စည္ ဝယ္ယူသူမ်ားကို အရႈံးခံ၍ ျပန္‌ေရာင္းခ်ေပးေနျခင္းျဖစ္ေၾကာင္း အလုပ္သမားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေမာင္ျမင့္ က မေလးရွားေရာက္ျမန္မာလုပ္သားမ်ားကို အားေပးစကားေျပာစဥ္ ထည့္သြင္းေျပာၾကားခဲ့သည္။
ျပည္ပေရာက္ျမန္မာလုပ္သားမ်ားအေနျဖင့္ ျပည္တြင္းသို႔ ေငြလႊဲပို႔ရာတြင္လည္း ဟြန္ဒီ Rate ႏွင့္ ဗဟိုဘဏ္ Exchange Rate အနည္းငယ္ကြာဟမႈရွိေနသည့္အတြက္ ေငြေၾကးအားျဖင့္ အတိုင္းအတာတစ္ခုအထိ နစ္နာႏိုင္ေၾကာင္း ၊ အဆိုပါ ေငြမ်ားကို စက္သုံးဆီ၊ စားသုံးဆီ၊ ေဆးဝါး၊ ဓာတ္ေျမၾသဇာတို႔ ဝယ္ယူသူမ်ားကိုျပန္လည္ အရႈံးခံ၍ ေရာင္းခ်ေပးျခင္းျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားထားသည္။
“ရႈံးပါေစဆိုၿပီး အဲဒါကို ေထာက္ပံ့တာ (၂၅) ရာခိုင္ႏႈန္း။ ၿပီးေတာ့မွ က်န္တဲ့ (၈၀) ရာခိုင္ႏႈန္းကို က်ေတာ့ ဒီ (၃,၈၅၀) နဲ႔ ေရာင္းတာဆိုေတာ့ ကဲ ဒီအစိုးရအေနနဲ႔ စိုက္ထုတ္သလား စိုက္မထုတ္ဘူးလားဆိုတာ ခင္ဗ်ားတို႔ကို သိေအာင္ ကြၽန္ေတာ္ ေျပာျပတာ။ အဲဒီလို ေပးလိုက္ေတာ့မွသာလွ်င္ အဲဒီ စက္သုံးဆီကုမၸဏီေတြ၊ စားသုံးဆီကုမၸဏီေတြကလည္း ဝယ္ၿပီးေတာ့မွ ဒီျပည္တြင္းမွာ ျပန္ျဖန႔္ႏိုင္တာ” ဟု ေျပာသည္။
“အစိုးရက ဘယ္ေလာက္အထိ ျပည္သူေတြအေပၚမွာ ထားတဲ့ ေစတနာအရ ဒီကုမၸဏီတစ္ခုက စက္သုံးဆီဝယ္မယ္ ဆိုလို႔ရွိရင္ စက္သုံးဆီဝယ္မယ့္ ကုမၸဏီက 1 billion လိုတယ္၊ 1 billion ေပါ့ ပ်မ္းမွ်ေျပာတာ 1 billion လိုတယ္ဆိုရင္ 1 billion ထဲမွာ (၂၅) ရာခိုင္ႏႈန္း ေနာ္။ အဲဒီေတာ့ သန္း (၂၅၀)။ သန္း (၂၅၀) ကို ဘယ္ေလာက္နဲ႔ ေရာင္းေပးလိုက္လဲဆိုရင္ (၂,၁၅၀) နဲ႔ ေရာင္းေပးလိုက္တယ္။
(၂,၁၅၀) နဲ႔ဆိုေတာ့ သူဝယ္တုန္းက (၃,၈၅၀) နဲ႔ ဝယ္ထားတာ။ (၂,၁၅၀) နဲ႔ ေရာင္းတယ္ဆိုေတာ့ အခု (၁,၅၀၀၊ ၆၀၀) ေလာက္ ရႈံးေနၿပီ။ ဒါေပမဲ့ ရႈံးပါေစဆိုၿပီး အဲဒါကို ေထာက္ပံ့တာ (၂၅) ရာခိုင္ႏႈန္း။ ၿပီးေတာ့မွ က်န္တဲ့(၈၀) ရာခိုင္ႏႈန္းကို က်ေတာ့ ဒီ (၃,၈၅၀) နဲ႔ ေရာင္းတာဆိုေတာ့ ကဲ ဒီအစိုးရအေနနဲ႔ စိုက္ထုတ္သလား စိုက္မထုတ္ဘူးလားဆိုတာ ခင္ဗ်ားတို႔ကို သိေအာင္ ကြၽန္ေတာ္ ေျပာျပတာ။ အဲဒီလို ေပးလိုက္ေတာ့မွသာလွ်င္ အဲဒီ စက္သုံးဆီကုမၸဏီေတြ၊ စားသုံးဆီကုမၸဏီေတြကလည္း ဝယ္ၿပီးေတာ့မွ ဒီျပည္တြင္းမွာ ျပန္ျဖန႔္ႏိုင္တာ” ဟု ေျပာသည္။
ထို႔အတူ ျပည္ပေရာက္ ျမန္မာလုပ္သားမ်ားသည္ သူရဲေကာင္းမ်ားျဖစ္ေၾကာင္း ၊ ျပည္ပေရာက္ ျမန္မာလုပ္သားမ်ားထံမွ ဝင္ေငြခြန္ေကာက္ခံမႈ ႏွင့္ Remittance ျပန္လည္ေတာင္းခံမႈမ်ားသည္ အၿမဲတမ္းျပဳလုပ္သြားမည္မဟုတ္ဘဲ လက္ရွိ စီးပြားေရးအေျခအေနအရ ေဆာင္႐ြက္ေနျခင္း ျဖစ္ေၾကာင္း၊ စီးပြားေရးအေျခအေန ေတာင့္တင္းလာပါက အနာဂတ္တြင္ မူဝါဒေျပာင္းလဲႏိုင္ ေၾကာင္းလည္း ေျပာသည္။
“ ေနာက္ပိုင္း တကယ္တမ္း စီးပြားေရး ေတာင့္တင္းလာတယ္ဆိုလို႔ရွိရင္ ခင္ဗ်ားတို႔ဆီက ခင္ဗ်ားတို႔က ကြၽန္ေတာ္တို႔ အခြန္ေကာက္ခ်င္ပါတယ္ အခြန္ထည့္ခ်င္ပါတယ္ ဆိုတာေတာင္မွ ဒါ ခင္ဗ်ားတို႔ remittance ပို႔ခ်င္ပါတယ္ ဆိုတာေတာင္မွ ကြၽန္ေတာ္တို႔က ဟို ေကာက္ခ်င္မွ ေကာက္လိမ့္မယ္ အဲဒီအခ်ိန္မွာ ရွိတဲ့ အစိုးရက” ဟု ေျပာသည္။
ထို႔ျပင္ အလုပ္သမား သက္သာေခ်ာင္ခ်ိေရးအတြက္ ေျဖေလွ်ာ့ေပးသင့္သည္မ်ားကိုလည္း ေျဖေလွ်ာ့ေပးသြား မည္ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့သည္။
“အဲဒီေတာ့ ရႈံးတယ္ဆိုတာလည္း ကြၽန္ေတာ္တို႔ သိပါတယ္။ ဒါေပမဲ့လည္း ကြၽန္ေတာ္တို႔ဘက္ကေတာ့ ဟို ဒီအခ်ိန္ကာလေတာ့ ကြၽန္ေတာ္ မေျပာလိုဘူး။ ကြၽန္ေတာ္ ဝန္ႀကီး တာဝန္ယူေနတဲ့ အခ်ိန္မွာေတာ့ ကြၽန္ေတာ္ ခင္ဗ်ားတို႔ အလုပ္သမားေတြ သက္သာရာ သက္သာေၾကာင္း ေျဖေလွ်ာ့ေပးမယ့္ ကိစၥေတြ အမ်ားႀကီး လုပ္ေပးမယ္” ဟု ဦးေမာင္ျမင့္က ေျပာသည္။

မူရင်းသတင်း — NP News