
ကိုဖြိုး (NP News) - နိုဝင်ဘာ ၁၅
ယခုနှစ်ကောက်ညှင်းစပါးစိုက်ပျိုးမှု နှစ်ဆခန့်မြင့်တက်လာသော်လည်း စျေးကွက်အတွင်း ရောင်းလို အားများပြီး ဝယ်လိုအားနည်းသည့် အခြေအနေကြောင့် ကောက်ညှင်းဆန် စပါးစျေးကွက် ကျဆင်းနေကြောင်း တောင်သူများနှင့် ကုန်သည်များထံမှသိရသည်။
လက်ရှိတွင် ကောက်ညှင်းဆန်အသစ် တစ်အိတ်လျှင် (၁) သိန်းကျပ်ဝန်းကျင် ပေါက်စျေးရှိပြီး၊ ကောက်ညှင်းစပါးစျေးနူန်း မှာ တင်း (၁၀၀) လျှင် (၁၉) သိန်းကျပ်ဝန်းကျင်ခန့်သာ ပေါက်ဈေးရှိကြောင်း သိရသည်။
ယခုနှစ် မိုးစပါးရိတ်သိမ်းချိန်တွင် ကောက်ညှင်းစပါးစျေး ကျဆင်းလာသည့်အတွက် တောင်သူများအျကိုးအမြတ်မရဘဲတောင်သူတချို့အရှုံးပေါ်နေကြောင်း လက်ရှိတွင် ကောက်ညှင်းစပါးသည်အခြားစပါးအမျိုးစားများကဲ့သို့အဝယ်မလိုက်ဘဲ ကုန်သည်နှင့်ပွဲစား အချို့သာဝယ်ယူနေခြင်းကြောင့်ဈေးကျပြီး အရောင်းအဝယ်အေးနေကြောင်း သိရသည်။
" မနှစ်က စျေးကောင်းလေးရတော့ ဒီနှစ်ရှိသမျှ (၁၀) ဧကလုံးကို ကောက်ညှင်းစိုက်လိုက်တာ အရင်းပဲရ တယ်။ စျေးက (၁၉) သိန်းပဲရောင်းရတယ်။ ကောက်ညှင်းစပါး မသန့်ရင်လည်း မဝယ်ဘူး။ စျေးနှိမ် တယ်။ ကောက်ညှင်းက တခြားစပါးနဲ့ မတူဘူး။ အထွက်နူန်းကလည်း နည်းတော့ ကုန်ကျစရိတ်မြင့်ပြီး စျေးကျတော့ ရှုံးကြတာပေါ့။ ကောက်ညှင်းစပါးကို ပွဲစားတိုင်းကလည်း မဝယ်ပြန်ဘူး။ မုန့်လုပ်မယ့်သူ တွေက ကြိုလှောင်တာမျိုး၊ ကုန်သည်အနည်းစုက ကြိုဝယ်လှောင်တာမျိုးပဲ ရှိတာ။ သူက စျေးကွက် ထဲ မုန့်ပဲလုပ်ရတာ ဆိုတော့လေ။ စျေးကွက်ကျဥ်းတာပေါ့။ နောက်နှစ်တော့ မစိုက်တော့ဘူး။ " ဟု ပဲခူး တိုင်းအနောက်ပိုင်းမှ ကောက်ညှင်းစိုက်တောင်သူတစ်ဦးက ပြောသည်။
ယခင်နှစ်က ကောက်ညှင်းဆန် တစ်အိတ်လျှင် ကျပ် (၂) သိန်းနီးပါးမှ (၂) သိန်းကျော်အထိ ဈေးရရှိခဲ့သည့်အပြင်၊ နိုင်ငံတကာဈေးကွက်တွင်လည်း အမြင့်စျေးရရှိခဲ့ရာ တောင်သူများက ယခုနှစ်တွင် ကောက် ညှင်းစပါးကို စိုက်ဧကတိုးပြီး အစားထိုးသီးနှံအဖြစ် စိုက်ပျိုးလာကြသည့်အတွက်ဈေးကွက်အတွင်းဝယ်လိုအားလျော့ကျခဲ့ကြောင်းသိရသည်။
ကောက်ညှင်းဆန်ကို ပြည်ပတင်ပို့မှုအနေဖြင့် တရုတ် အပါအဝင် ပြည်ပနိုင်ငံတချို့ကို တင်ပို့မှုရှိသော်လည်း ပမာဏနည်းသည့်အပြင် အဓိက မြန်မာကောက်ညှင်းဆန်၏ အစေးဓါတ်သည် ထိုင်း၊ လာအို ကောက် ညှင်းဆန်တို့ ဖြင့်နှိုင်းယှဥ်ပါက အစေးနည်းပါးသောကြောင့် ပြည်ပဝယ်လိုအားနည်းသည့်အခြေအနေ ရှိကြောင်းသိရသည်။
ကောက်ညှင်းဆန်သည် ပြည်ပဝယ်လိုအား နည်းနေချိန်နှင့် ပြည်တွင်းစားသုံးမှုနည်းသည် ကာလအတွင်း စိုက်ပျိုးမှု မြင့်တက်လာခြင်းကြောင့် စျေးကျနေခြင်းဖြစ်သည်။
ကောက်ညှင်းဆန်သည် ပြည်ပစျေးကွက်တွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ USD (၅၅၀) ဝန်းကျင်စျေးရရှိ ပြီး၊ ကောက်ညှင်းဆန်ကွဲမှာ တစ်တန်လျှင် USD (၄၃၀ မှ ၄၄၀) ဝန်းကျင်စျေးရှိသဖြင့် ဈေးကောင်းရသည့် တန်းမြင့်ဆန် အမျိုးအစားဖြစ်ကြောင်း ဆန်ကုန်သည်များထံမှသိရသည်။


zawgyi version
ေကာက္ညႇင္းစပါးထုတ္လုပ္မႈျမင့္တက္ခဲ့ၿပီး ေဈးကြက္ဝယ္လိုအားက်ဆင္းေန၍ ေဈးေကာင္းမရ
ကိုၿဖိဳး (NP News) - ႏိုဝင္ဘာ ၁၅
ယခုႏွစ္ေကာက္ညႇင္းစပါးစိုက္ပ်ိဳးမႈ ႏွစ္ဆခန႔္ျမင့္တက္လာေသာ္လည္း ေစ်းကြက္အတြင္း ေရာင္းလို အားမ်ားၿပီး ဝယ္လိုအားနည္းသည့္ အေျခအေနေၾကာင့္ ေကာက္ညႇင္းဆန္ စပါးေစ်းကြက္ က်ဆင္းေနေၾကာင္း ေတာင္သူမ်ားႏွင့္ ကုန္သည္မ်ားထံမွသိရသည္။
လက္ရွိတြင္ ေကာက္ညႇင္းဆန္အသစ္ တစ္အိတ္လွ်င္ (၁) သိန္းက်ပ္ဝန္းက်င္ ေပါက္ေစ်းရွိၿပီး၊ ေကာက္ညႇင္းစပါးေစ်းႏူန္း မွာ တင္း (၁၀၀) လွ်င္ (၁၉) သိန္းက်ပ္ဝန္းက်င္ခန႔္သာ ေပါက္ေဈးရွိေၾကာင္း သိရသည္။
ယခုႏွစ္ မိုးစပါးရိတ္သိမ္းခ်ိန္တြင္ ေကာက္ညႇင္းစပါးေစ်း က်ဆင္းလာသည့္အတြက္ ေတာင္သူမ်ားအ်ကိုးအျမတ္မရဘဲေတာင္သူတခ်ိဳ႕အရႈံးေပၚေနေၾကာင္း လက္ရွိတြင္ ေကာက္ညႇင္းစပါးသည္အျခားစပါးအမ်ိဳးစားမ်ားကဲ့သို႔အဝယ္မလိုက္ဘဲ ကုန္သည္ႏွင့္ပြဲစား အခ်ိဳ႕သာဝယ္ယူေနျခင္းေၾကာင့္ေဈးက်ၿပီး အေရာင္းအဝယ္ေအးေနေၾကာင္း သိရသည္။
" မႏွစ္က ေစ်းေကာင္းေလးရေတာ့ ဒီႏွစ္ရွိသမွ် (၁၀) ဧကလုံးကို ေကာက္ညႇင္းစိုက္လိုက္တာ အရင္းပဲရ တယ္။ ေစ်းက (၁၉) သိန္းပဲေရာင္းရတယ္။ ေကာက္ညႇင္းစပါး မသန္႔ရင္လည္း မဝယ္ဘူး။ ေစ်းႏွိမ္ တယ္။ ေကာက္ညႇင္းက တျခားစပါးနဲ႔ မတူဘူး။ အထြက္ႏူန္းကလည္း နည္းေတာ့ ကုန္က်စရိတ္ျမင့္ၿပီး ေစ်းက်ေတာ့ ရႈံးၾကတာေပါ့။ ေကာက္ညႇင္းစပါးကို ပြဲစားတိုင္းကလည္း မဝယ္ျပန္ဘူး။ မုန္႔လုပ္မယ့္သူ ေတြက ႀကိဳေလွာင္တာမ်ိဳး၊ ကုန္သည္အနည္းစုက ႀကိဳဝယ္ေလွာင္တာမ်ိဳးပဲ ရွိတာ။ သူက ေစ်းကြက္ ထဲ မုန္႔ပဲလုပ္ရတာ ဆိုေတာ့ေလ။ ေစ်းကြက္က်ဥ္းတာေပါ့။ ေနာက္ႏွစ္ေတာ့ မစိုက္ေတာ့ဘူး။ " ဟု ပဲခူး တိုင္းအေနာက္ပိုင္းမွ ေကာက္ညႇင္းစိုက္ေတာင္သူတစ္ဦးက ေျပာသည္။
ယခင္ႏွစ္က ေကာက္ညႇင္းဆန္ တစ္အိတ္လွ်င္ က်ပ္ (၂) သိန္းနီးပါးမွ (၂) သိန္းေက်ာ္အထိ ေဈးရရွိခဲ့သည့္အျပင္၊ ႏိုင္ငံတကာေဈးကြက္တြင္လည္း အျမင့္ေစ်းရရွိခဲ့ရာ ေတာင္သူမ်ားက ယခုႏွစ္တြင္ ေကာက္ ညႇင္းစပါးကို စိုက္ဧကတိုးၿပီး အစားထိုးသီးႏွံအျဖစ္ စိုက္ပ်ိဳးလာၾကသည့္အတြက္ေဈးကြက္အတြင္းဝယ္လိုအားေလ်ာ့က်ခဲ့ေၾကာင္းသိရသည္။
ေကာက္ညႇင္းဆန္ကို ျပည္ပတင္ပို႔မႈအေနျဖင့္ တ႐ုတ္ အပါအဝင္ ျပည္ပႏိုင္ငံတခ်ိဳ႕ကို တင္ပို႔မႈရွိေသာ္လည္း ပမာဏနည္းသည့္အျပင္ အဓိက ျမန္မာေကာက္ညႇင္းဆန္၏ အေစးဓါတ္သည္ ထိုင္း၊ လာအို ေကာက္ ညႇင္းဆန္တို႔ ျဖင့္ႏႈိင္းယွဥ္ပါက အေစးနည္းပါးေသာေၾကာင့္ ျပည္ပဝယ္လိုအားနည္းသည့္အေျခအေန ရွိေၾကာင္းသိရသည္။
ေကာက္ညႇင္းဆန္သည္ ျပည္ပဝယ္လိုအား နည္းေနခ်ိန္ႏွင့္ ျပည္တြင္းစားသုံးမႈနည္းသည္ ကာလအတြင္း စိုက္ပ်ိဳးမႈ ျမင့္တက္လာျခင္းေၾကာင့္ ေစ်းက်ေနျခင္းျဖစ္သည္။
ေကာက္ညႇင္းဆန္သည္ ျပည္ပေစ်းကြက္တြင္ တစ္တန္လွ်င္ အေမရိကန္ေဒၚလာ USD (၅၅၀) ဝန္းက်င္ေစ်းရရွိ ၿပီး၊ ေကာက္ညႇင္းဆန္ကြဲမွာ တစ္တန္လွ်င္ USD (၄၃၀ မွ ၄၄၀) ဝန္းက်င္ေစ်းရွိသျဖင့္ ေဈးေကာင္းရသည့္ တန္းျမင့္ဆန္ အမ်ိဳးအစားျဖစ္ေၾကာင္း ဆန္ကုန္သည္မ်ားထံမွသိရသည္။