
ဂျေရုဆလမ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံသည် ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ပြန်လည်စတင်နေပြီဖြစ်ပြီး အစ္စရေးနိုင်ငံအပေါ် ခြိမ်းခြောက်နေမှုကို ဖယ်ရှားနိုင်ရေးအတွက် ကျယ်ပြန့်သောညွန့်ပေါင်းအစိုးရတစ်ရပ်သာလိုအပ်သည်ဟု အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက သတိပေးပြောကြားကာ အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းရန် နိုဝင်ဘာ ၁၄ ရက်က ထပ်မံတိုက်တွန်းလိုက်သည်။
နေတန်ယာဟုက အစ္စရေးအစိုးရသစ် ဖွဲ့စည်းရန် တာဝန်ပေးအပ်ခြင်းခံထားရသည့် ၎င်း၏နိုင်ငံရေးပြိုင်ဘက် ဂါဒီအိုင်ဆန်ကော့တ်အား မည်သည့်ကြိုတင်သတ်မှတ်ချက်မျှမထားဘဲ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေး ဆွေးနွေးမှုများတွင် ပါဝင်ဆောင်ရွက်ရန် ကြိုတင်အသံသွင်းထားသည့် မိန့်ခွန်းတစ်ခုတွင် တိုက်တွန်းပြောကြားခဲ့သည်။
"အစ္စရေးနိုင်ငံကိုဖျက်ဆီးဖို့ ရည်ရွယ်ထားတဲ့ အီရန်အစိုးရက သူတို့ရဲ့နျူကလီးယားအစီအစဉ်ကို ပြန်လည်အသက်သွင်းဖို့ နောက်တစ်ကြိမ် လုပ်ဆောင်နေပြန်ပါပြီ"
"တည်ရှိမှုကို ခြိမ်းခြောက်နေတဲ့ ဒီအန္တရာယ်ကို ကျွန်တော်တို့ မဖြစ်မနေ အပြီးတိုင် ဖယ်ရှားပစ်ရမှာဖြစ်ပါတယ်" ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။
နေတန်ယာဟုက အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်သည် အစ္စရေးနိုင်ငံ၏လုံခြုံရေးကို နှစ်ပေါင်းများစွာ အာမခံချက်ပေးနိုင်မည်ဖြစ်သလို ဒေသတွင်းငြိမ်းချမ်းရေးဆိုင်ရာသဘောတူညီချက်များကို တိုးချဲ့နိုင်မည်ဟုလည်း ပြောကြားခဲ့သည်။
အထက်ပါ မှတ်ချက်ပြုပြောကြားမှုများမှာ နိုဝင်ဘာ ၁၃ ရက်က နေတန်ယာဟုနှင့် အိုင်ဆန်ကော့တ်တို့အကြား ပြုလုပ်ခဲ့သည့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုအပြီးတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အောက်တိုဘာလအတွင်းက ကျင်းပခဲ့သည့်ရွေးကောက်ပွဲတွင် နေတန်ယာဟုဦးဆောင်သည့် လက်ယာယိမ်းညွန့်ပေါင်းအစိုးရအဖွဲ့က လွှတ်တော်အတွင်းအမတ်နေရာအများစုကို ဆုံးရှုံးသွားခဲ့သည်။ အစ္စရေးသမ္မတ အိုင်ဆက်ဟာဇော့ဂ်က စစ်ဦးစီးချုပ်ဟောင်းတစ်ဦးဖြစ်သူ အိုင်ဆန်ကော့တ်ကို အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန် အချိန် ၂၈ ရက်ပေးထားပြီး လိုအပ်ပါက ၁၄ ရက် ထပ်မံတိုးမြှင့်ပေးဖွယ်ရှိနေသည်။ အစ္စရေးနိုင်ငံကို အစိုးရသစ်တစ်ရပ်တာဝန်မယူမီအချိန်အထိ နေတန်ယာဟုကသာ ယာယီဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူထားမည်ဖြစ်သည်။ (Xinhua)
..................................
(English version)
Netanyahu urges unity government to confront Iran nuclear threat
JERUSALEM, Nov. 14 (Xinhua) Israeli Prime Minister Benjamin Netanyahu renewed his call on Saturday for a national unity government, warning that Iran was rebuilding its nuclear program and that only a broad coalition could eliminate the threat to Israel.
In a prerecorded address, Netanyahu urged his political rival Gadi Eisenkot, who has been tasked with forming Israel's next government, to enter coalition negotiations without preconditions.
"The Iranian regime, which seeks Israel's destruction, is once again working to revive its nuclear program," Netanyahu said. "We must remove this existential threat once and for all."
Netanyahu said a national unity government could guarantee Israel's security for years to come and expand regional peace agreements.
The remarks followed a security briefing Netanyahu held with Eisenkot on Thursday.
Netanyahu's right-wing coalition lost its parliamentary majority in the October election. Eisenkot, a former military chief, was given 28 days by President Isaac Herzog to form a government, with a possible 14-day extension. Netanyahu will remain caretaker prime minister until a new government takes office. ■
Photo caption: Israeli Prime Minister Benjamin Netanyahu speaks at a press conference in Tel Aviv, Israel, on Nov. 18, 2023. (JINI via Xinhua)