မြန်မာနိုင်ငံတွင် ခေတ်မီပြီး ဘက်စုံလွှမ်းခြုံနိုင်သည့် တစုတစည်းတည်းသော ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေ (Personal Data Protection Law) တစ်ရပ်ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြရာ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အများပြည်သူများ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ရန်အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေတစ်ရပ် ပြဋ္ဌာန်းနိုင်မည်ဆိုပါက အစိုးရ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူများအကြား အပြန်အလှန်ယုံကြည်မှုရှိသော ဒီဂျစ်တယ်ဂေဟစနစ် တည်ဆောက်ရေးကို အထောက်အကူပြုမည်ဖြစ်သည်။ ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေပြဋ္ဌာန်းမည်ဆိုပါက မြန်မာနိုင်ငံတွင် လက်ရှိတည်ဆဲဥပဒေများဖြစ်သည့် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ဆိုက်ဘာလုံခြုံရေးဥပဒေများကဲ့သို့ ဆက်စပ်ဥပဒေများနှင့်မဆန့်ကျင်ဘဲ ဟန်ချက်ညီညီ ပေါင်းစပ်ရေးဆွဲရန်လိုအပ်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်ကို ထိထိရောက်ရောက်နှင့် လျင်လျင်မြန်မြန် ကာကွယ်ရန်အတွက် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေတစ်ရပ်ကို အမြန်ဆုံးရေးဆွဲပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများ၏ ကိုယ်ရေးအချက်အလက် ကာကွယ်ခြင်းနည်းဥပဒေမူကြမ်းတွင် ကိုယ်ရေးအချက်အလက်ပိုင်ရှင်၏ သဘောတူညီချက်နှင့် အခွင့်အရေးများကို သီးခြားအခန်းတစ်ခုအနေဖြင့် ထည့်သွင်းရေးဆွဲထားပြီး ကိုယ်ရေးဆိုင်ရာ အချက်အလက်ပိုင်ရှင်၏ အချက်အလက်များကို ကောက်ခံသည့်အခါ အတင်းအကျပ်ပြုမှု၊ မသင့်လျော်သော လွှမ်းမိုးမှုမျှမပြုဘဲ လွတ်လပ်သောဆန္ဒဖြင့် ပေးအပ်ခြင်းဖြစ်ရန်နှင့် အချက်အလက်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်၊ နည်းလမ်း၊ အသုံးပြုရမည့်အခြေအနေ၊ သက်ဆိုင်ရာအခွင့်အလမ်းများကို ကြိုတင်အသိပေးပြီးမှတောင်းခံရန် စသည့်အချက်များပါဝင်သည်။
ထို့အပြင် အချက်အလက်များ ထိန်းသိမ်းစီမံထားမှုနှင့်စပ်လျဉ်း၍ စိစစ်သိရှိခွင့်၊ ကြည့်ရှုခွင့်နှင့် မိတ္တူတောင်းခံရယူခွင့်စသည့် အချက်များကို ထည့်သွင်းထားပြီး မလိုအပ်ဘဲ သို့မဟုတ် မလျော်ကန်စွာ ထိန်းသိမ်းထားသည့် အချက်အလက်များကို ဖျက်သိမ်းပေးရန်တောင်းဆိုခြင်း၊ အခြားဝန်ဆောင်မှုများပေးသူထံသို့ လွှဲပြောင်းရန် တောင်းဆိုခြင်းအပြင် အချက်အလက်စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ အသုံးပြုခြင်းတို့ကိုပါ ကန့်ကွက်ငြင်းပယ်ခွင့် စသည့်အချက်အလက်များကို ထည့်သွင်းရေးဆွဲထားသည်။ နိုင်ငံတော်အနေဖြင့် ခေတ်မီပြီး ဘက်စုံလွှမ်းခြုံနိုင်သော တစုတစည်းတည်း ကိုယ်ရေးအချက်အလက် ကာကွယ်ရေးနည်းဥပဒေတစ်ရပ်အနေဖြင့် လျင်မြန်စွာပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူများ၏ လိုလားချက်များကို မဆန့်ကျင်သည့် နိုင်ငံတော်နှင့် ပြည်သူကိုအထောက်အကူပြုသည့် အကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။
အဆိုပါဥပဒေသည် လက်ရှိပြဋ္ဌာန်းထားသောဥပဒေများကို အစားထိုးရန်သာမက သက်ဆိုင်ရာဥပဒေအကြား ချိတ်ဆက်ညှိနှိုင်းပေးနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်သင့်သည်။ ဥပဒေသည် လုံခြုံရေးကိုသာအလေးထားသော ပုံစံမဟုတ်ဘဲ နိုင်ငံသားများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို အခြေခံသည့်ပုံစံဖြစ်ရန်လိုအပ်သည်။ ထို့ကြောင့် ကိုယ်ရေးအချက်အလက် ကာကွယ်ရေးဥပဒေသည် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်သာမက နိုင်ငံသားအခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သောဥပဒေဖြစ်သဖြင့် ယင်းအဆိုကို ထောက်ခံရမည်ဖြစ်သည်။ ကိုယ်ရေးအချက်အလက်ဆိုသည်မှာ အခြားသူများ စုဆောင်း၊ အသုံးပြု၊ မျှဝေနိုင်သည့်ပစ္စည်းမဟုတ်ဘဲ အချက်အလက်ပိုင်ရှင်၏ သဘောတူညီချက်ဖြင့် မိမိအကျိုး၊ နိုင်ငံအကျိုးကို အထောက်အကူပြုသော ဥပဒေဖြစ်သည်။ အဆိုပါဥပဒေသည် မြန်မာနိုင်ငံတွင် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများရှိပြီးဖြစ်၍ သီးခြားဥပဒေအဖြစ် မသင့်လျော်ဘဲ ပေါင်းစပ်ဖွဲ့စည်းထားသည့် ဥပဒေဖြစ်သင့်သည်။
အဆိုပါဥပဒေ၌ ဆက်စပ်အကျိုးပြုအချက်များ ထည့်သွင်းခြင်းဖြင့် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များအနေဖြင့် နိုင်ငံတကာနှင့် ဒေတာချိတ်ဆက်လုပ်ကိုင်နိုင်မည် ဖြစ်သကဲ့သို့ တရားမဝင်အချက်အလက်ရောင်းချမှုများကို တားဆီးနိုင်မည်ဖြစ်သည်။ ထို့အပြင် အွန်လိုင်းငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေးကို အထောက်အကူပြုပြီး လိမ်လည်မှုများ လျော့ကျသွားနိုင်မည်ဖြစ်သည်။ ကိုယ်ရေးအချက်အလက်များသည် သက်ဆိုင်သူ၏ အကျိုးစီးပွားနှင့် အကာအကွယ်ပေးရေးအတွက်ဖြစ်သည့်အပြင် နိုင်ငံတော်နှင့် အများပြည်သူလုံခြုံရေးကို ထိန်းသိမ်းနိုင်မည်ဖြစ်သကဲ့သို့ ပြည်သူလူထု၏ မူလအခွင့်အရေးများကို အပြည့်အဝကာကွယ်ပေးနိုင်ပြီး နိုင်ငံတကာစံနှုန်းမီ ဒီဂျစ်တယ်စီးပွားရေးစနစ်တည်ဆောက်ရေးကို အထောက်အကူပြုသဖြင့် ယင်းဥပဒေအဆိုကို ထောက်ခံရမည်ဖြစ်ပါကြောင်း။ ။