NP News

မြန်မာနိုင်ငံ ငလျင်ပညာရှင် ဒေါ်လှလှအောင် (၂၀၂၆)ခုနှစ် အာဆီယံဆု ချီးမြှင့်ခံရ

စော (NP News) - နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံ ငလျင်ပညာရှင်ဒေါ်လှလှအောင်သည် မြန်မာနိုင်ငံ၏ သဘာဝဘေးအန္တရာယ် ခံနိုင်ရည်ရှိမှုနှင့် ကြိုတင်ပြင်ဆင်မှုဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ခဲ့သဖြင့် ယနေ့ (နိုဝင်ဘာ ၁၅ ရက်) တွင် ကျင်းပသော (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်စပ်ထိပ်သီးအစည်းအဝေး၏ ဖွင့်ပွဲအခမ်းအနားတွင် ဆုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာနှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ ကောင်ကင်ဟောင်တို့သည် မြန်မာနိုင်ငံအခြေစိုက် ဘူမိဗေဒပညာရှင်နှင့် မြေငလျင်ပညာရှင် ဒေါ်လှလှအောင်အား အာဆီယံဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အာဆီယံဆုသည် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ဒေသတွင်းတွင် အာဆီယံအသိုင်းအဝန်း တည်ဆောက်ရေးစိတ်ဓာတ်ကို လမ်းခင်းပေးနိုင်ခဲ့သည့် ထူးချွန်သောလူပုဂ္ဂိုလ်များ (သို့မဟုတ်) အဖွဲ့အစည်းများအား အသိအမှတ်ပြုချီးမြှင့်သည့်ဆုဖြစ်ကာ ဆုရရှိသူများကို အာဆီယံဆုနှင့််အတူ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ (၂၀,၀၀၀)ကိုလည်း ချီးမြှင့်ပေးကြောင်း သိရသည်။

ဒေါ်လှလှအောင်သည် အာဆီယံဆုကို ရရှိသည့် (၉)ယောက်မြောက်ဖြစ်ပြီး သိပ္ပံဆိုင်ရာသုတေသနများနှင့်အတူ အသိုင်းအဝိုင်းမြှင့်တင်ရေးတို့ကိုလုပ်ဆောင်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်စွမ်းမြှင့်တင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် အသိအမှတ်ပြုခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် ဒေါ်လှလှအောင်သည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတစ်ဝန်းတွင် ဘေးကင်းလုံခြုံပြီး သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက်အဝန်းများ ပေါ်ပေါက်လာစေရေး၊ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးတို့တွင်လည်း ပါဝင်ကူညီပံ့ပိုးပေးခဲ့သူလည်းဖြစ်ကြောင်းသိရသည်။

zawgyi version:
ျမန္မာႏိုင္ငံ ငလ်င္ပညာရွင္ ေဒၚလွလွေအာင္ (၂၀၂၆)ခုႏွစ္ အာဆီယံဆု ခ်ီးျမႇင့္ခံရ
ေစာ (NP News) - ႏိုဝင္ဘာ ၁၅
ျမန္မာႏိုင္ငံ ငလ်င္ပညာရွင္ေဒၚလွလွေအာင္သည္ ျမန္မာႏိုင္ငံ၏ သဘာဝေဘးအႏၲရာယ္ ခံႏိုင္ရည္ရွိမႈႏွင့္ ႀကိဳတင္ျပင္ဆင္မႈဆိုင္ရာလုပ္ငန္းမ်ားကိုေဆာင္႐ြက္ခဲ့သျဖင့္ ယေန႔ (ႏိုဝင္ဘာ ၁၅ ရက္) တြင္ က်င္းပေသာ (၄၉) ႀကိမ္ေျမာက္ အာဆီယံထိပ္သီးအစည္းအေဝးႏွင့္ဆက္စပ္ထိပ္သီးအစည္းအေဝး၏ ဖြင့္ပြဲအခမ္းအနားတြင္ ဆုခ်ီးျမႇင့္ခံခဲ့ရေၾကာင္း သိရသည္။

ဖိလစ္ပိုင္သမၼတ ဖာဒီနန္မားကို႔စ္ဂ်ဴနီယာႏွင့္အတူ အာဆီယံအတြင္းေရးမႉးခ်ဳပ္ ေဒါက္တာ ေကာင္ကင္ေဟာင္တို႔သည္ ျမန္မာႏိုင္ငံအေျခစိုက္ ဘူမိေဗဒပညာရွင္ႏွင့္ ေျမငလ်င္ပညာရွင္ ေဒၚလွလွေအာင္အား အာဆီယံဆုဖလားကို ေပးအပ္ခ်ီးျမႇင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အာဆီယံဆုသည္ ေဒသတြင္းပူးေပါင္းေဆာင္႐ြက္မႈကို ျမႇင့္တင္ေပးၿပီး ေဒသတြင္းတြင္ အာဆီယံအသိုင္းအဝန္း တည္ေဆာက္ေရးစိတ္ဓာတ္ကို လမ္းခင္းေပးႏိုင္ခဲ့သည့္ ထူးခြၽန္ေသာလူပုဂၢိဳလ္မ်ား (သို႔မဟုတ္) အဖြဲ႕အစည္းမ်ားအား အသိအမွတ္ျပဳခ်ီးျမႇင့္သည့္ဆုျဖစ္ကာ ဆုရရွိသူမ်ားကို အာဆီယံဆုႏွင့္္အတူ ဆုေၾကးေငြအျဖစ္ အေမရိကန္ေဒၚလာ (၂၀,၀၀၀)ကိုလည္း ခ်ီးျမႇင့္ေပးေၾကာင္း သိရသည္။

ေဒၚလွလွေအာင္သည္ အာဆီယံဆုကို ရရွိသည့္ (၉)ေယာက္ေျမာက္ျဖစ္ၿပီး သိပၸံဆိုင္ရာသုေတသနမ်ားႏွင့္အတူ အသိုင္းအဝိုင္းျမႇင့္တင္ေရးတို႔ကိုလုပ္ေဆာင္ျခင္းျဖင့္ သဘာဝေဘးအႏၲရာယ္ဒဏ္ခံႏိုင္စြမ္းျမႇင့္တင္ေရးအတြက္ ႀကိဳးပမ္းေဆာင္႐ြက္ခဲ့မႈေၾကာင့္ အသိအမွတ္ျပဳခံရျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေဒၚလွလွေအာင္သည္ ျမန္မာႏိုင္ငံႏွင့္ အာဆီယံေဒသတစ္ဝန္းတြင္ ေဘးကင္းလုံၿခဳံၿပီး သဘာဝေဘးအႏၲရာယ္မ်ားကို ႀကံ့ႀကံ့ခံႏိုင္သည့္ လူမႈအသိုက္အဝန္းမ်ား ေပၚေပါက္လာေစေရး၊ငလ်င္ေဘးႀကိဳတင္ျပင္ဆင္ေရးတို႔တြင္လည္း ပါဝင္ကူညီပံ့ပိုးေပးခဲ့သူလည္းျဖစ္ေၾကာင္းသိရသည္။

မူရင်းသတင်း — NP News