NP News

ISUZU TRUCK SERVICE FACTORY (MYANMAR) ဖျက်သိမ်းမည့်သတင်းသည့် ဝန်ဆောင်များနှင့်မပတ်သက်၍ ဝယ်ယူသူများ စိုးရိမ်ပူပန်ရန်မလို

စော (NP News) - နိုဝင်ဘာ ၁၅

ISUZU TRUCK SERVICE FACTORY (MYANMAR) ဖျက်သိမ်းမည့်သတင်းသည့် ဝန်ဆောင်များနှင့်မပတ်သက်၍ ဝယ်ယူသူများ စိုးရိမ်ပူပန်ရန်မလိုကြောင်း Myanmar Motor Corporation Public Co., Ltd. (MMC) မှ အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံသည့် ISUZU TRUCK SERVICE FACTORY (MYANMAR) COMPANY LIMITED ကို အဖွဲ့ဝင်များ၏ ဆန္ဒအလျောက် ကုမ္ပဏီဖျက်သိမ်းရန် နောက်ဆုံးအထွေထွေအစည်းအဝေးကို လူမွဲခံယူခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၂၁၁ (က) အရ လာမည့် ဒီဇင်ဘာလ(၁၃) ရက်တွင် နံနက် (၁၁) နာရီခွဲတွင် အွန်လိုင်းအစည်းအဝေးအဖြစ် ကျင်းပသွားမည်ဖြစ်ကြောင်း ယမန်နေ့ (နိုဝင်ဘာ ၁၃ ရက်) ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

လတ်တလောဖြစ်ပေါ်နေသောသတင်းများသည် MYANMAR MOTOR CORPORATION ၏ ISUZU Truck ကားများရောင်းချခြင်း နှင့် Aftersales ဝန်ဆောင်မှုများနှင့်မပတ်သက်ပါသောကြောင့် ကားဝယ်ယူထားသော Customers များအနေဖြင့် စိုးရိမ်ပူပန်စရာမလိုကြောင်း အသိပေးအပ်ပါသည်။
ထို့ကြောင့် ISUZU မော်တော်ယာဉ်များ ရောင်းချခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းနှင့် After Sales ဝန်ဆောင်မှုများကို ယခင်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

zawgyi version:
ISUZU TRUCK SERVICE FACTORY (MYANMAR) ဖ်က္သိမ္းမည့္သတင္းသည့္ ဝန္ေဆာင္မ်ားႏွင့္မပတ္သက္၍ ဝယ္ယူသူမ်ား စိုးရိမ္ပူပန္ရန္မလို
ေစာ (NP News) - ႏိုဝင္ဘာ ၁၅
ISUZU TRUCK SERVICE FACTORY (MYANMAR) ဖ်က္သိမ္းမည့္သတင္းသည့္ ဝန္ေဆာင္မ်ားႏွင့္မပတ္သက္၍ ဝယ္ယူသူမ်ား စိုးရိမ္ပူပန္ရန္မလိုေၾကာင္း Myanmar Motor Corporation Public Co., Ltd. (MMC) မွ အသိေပးထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတြင္ ဂ်ပန္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံသည့္ ISUZU TRUCK SERVICE FACTORY (MYANMAR) COMPANY LIMITED ကို အဖြဲ႕ဝင္မ်ား၏ ဆႏၵအေလ်ာက္ ကုမၸဏီဖ်က္သိမ္းရန္ ေနာက္ဆုံးအေထြေထြအစည္းအေဝးကို လူမြဲခံယူျခင္းဆိုင္ရာဥပေဒ ပုဒ္မ ၂၁၁ (က) အရ လာမည့္ ဒီဇင္ဘာလ(၁၃) ရက္တြင္ နံနက္ (၁၁) နာရီခြဲတြင္ အြန္လိုင္းအစည္းအေဝးအျဖစ္ က်င္းပသြားမည္ျဖစ္ေၾကာင္း ယမန္ေန႔ (ႏိုဝင္ဘာ ၁၃ ရက္) ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပထားသည္။

လတ္တေလာျဖစ္ေပၚေနေသာသတင္းမ်ားသည္ MYANMAR MOTOR CORPORATION ၏ ISUZU Truck ကားမ်ားေရာင္းခ်ျခင္း ႏွင့္ Aftersales ဝန္ေဆာင္မႈမ်ားႏွင့္မပတ္သက္ပါေသာေၾကာင့္ ကားဝယ္ယူထားေသာ Customers မ်ားအေနျဖင့္ စိုးရိမ္ပူပန္စရာမလိုေၾကာင္း အသိေပးအပ္ပါသည္။
ထို႔ေၾကာင့္ ISUZU ေမာ္ေတာ္ယာဥ္မ်ား ေရာင္းခ်ျခင္း၊ ျပဳျပင္ထိန္းသိမ္းျခင္းႏွင့္ After Sales ဝန္ေဆာင္မႈမ်ားကို ယခင္အတိုင္း ဆက္လက္ဝန္ေဆာင္မႈေပးသြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ခဲ့သည္။

မူရင်းသတင်း — NP News