
ဟောင်ကောင်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်ဒေသ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရေကြောင်းသွားလာရေးရက်သတ္တပတ် (Maritime Week) ကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး၊ အဆိုပါပွဲသို့ မူဝါဒချမှတ်သူများနှင့် လုပ်ငန်းနယ်ပယ်ဆိုင်ရာ ခေါင်းဆောင်ပေါင်း ၁၈,၀၀၀ ကျော် တက်ရောက်ကာ ကဏ္ဍအလိုက် ခေတ်ရေစီးကြောင်းများနှင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဆွေးနွေးဖော်ထုတ်သွားမည်ဖြစ်သည်။
နိုဝင်ဘာ ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် ဟောင်ကောင် ရေကြောင်းသွားလာရေးရက်သတ္တပတ် ၂၀၂၆ Hong Kong Maritime Week (HKMW) 2026 တွင် ရေကြောင်းဆိုင်ရာ အဖွဲ့အစည်းပေါင်း ၈၀ ကျော်မှ ဦးစီးကျင်းပမည့် အစီအစဉ်ပေါင်း ၆၀ ကျော် ပါဝင်မည်ဖြစ်သည်။ ၎င်းတို့အထဲတွင် အဓိက ဖိုရမ်များ၊ အဆင့်မြင့် ဆွေးနွေးပွဲများ၊ လုပ်ငန်းဆိုင်ရာ ပြပွဲများနှင့် စီးပွားရေးကွန်ရက် ချိတ်ဆက်မှု အစီအစဉ်များ ပါဝင်သည်။
အဓိက အစီအစဉ်များအနေဖြင့် ဟောင်ကောင် ရေကြောင်းသွားလာရေးရက်သတ္တပတ် ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားနှင့်အတူ ကမ္ဘာ့ရေကြောင်း ကုန်သည်များ ဖိုရမ် (World Maritime Merchants Forum)၊ အာရှ ထောက်ပံ့ပို့ဆောင်ရေး၊ ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ ညီလာခံ (Asian Logistics, Maritime and Aviation Conference 2026)နှင့် ဟောင်ကောင် ရေကြောင်းနှင့် ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့မှ စီစဉ်ကျင်းပသည့် ဒုတိယအကြိမ် အဓိက ထိပ်သီးအစည်းအဝေးတို့ ပါဝင်မည်ဖြစ်သည်။
ဤပွဲ၏ ၁၀ နှစ်ပြည့် အထိမ်းအမှတ်အဖြစ်၊ မိတ်ဖက်ဆိပ်ကမ်း အသစ်များကို ကြေညာသွားမည်ဖြစ်ပြီး ရေကြောင်းကဏ္ဍနှင့် သက်ဆိုင်သည့် နားလည်မှုစာချွန်လွှာ (MoU) အများအပြားကိုလည်း ဤသီတင်းပတ်အတွင်း လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ (Xinhua)
………………………………………………………..
(English version)
Hong Kong maritime week to highlight growth opportunities, new port partnerships
HONG KONG, Nov. 13 (Xinhua) -- Hong Kong will launch its annual maritime week on Sunday, bringing together over 18,000 policymakers and industry leaders to explore sector trends and development opportunities.
Slated for Nov. 15 to 21, Hong Kong Maritime Week (HKMW) 2026 will feature over 60 events from more than 80 maritime organizations, including flagship forums, high-level seminars, industry exhibitions and business networking.
Key highlights will include the opening ceremony of HKMW 2026 together with the World Maritime Merchants Forum, the Asian Logistics, Maritime and Aviation Conference 2026, and the 2nd flagship summit organized by the Hong Kong Maritime and Port Development Board.
Marking the event's 10th anniversary, a new batch of partner ports will be announced and several maritime-related memoranda of understanding will be signed during the week, an official with the Hong Kong Special Administrative Region government has said. ■
Photo caption: A firework show celebrating the Chinese New Year is staged over Victoria Harbor in Hong Kong, south China, Feb. 18, 2026. (Xinhua/Chen Duo)