Xinhua Myanmar

ဝူရှူးအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ ကျင်းပ

၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား နိုဝင်ဘာ ၁၄ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပစဉ် (ဓာတ်ပုံ - MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲကို နိုဝင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပခဲ့ပြီး ပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား နိုဝင်ဘာ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း နိုဝင်ဘာ ၁၅ ရက်ထုတ် နိုင်ငံပိုင် နေ့စဉ်သတင်းစာများတွင် ဖော်ပြခဲ့သည်။

အဆိုပါ ပြိုင်ပွဲအား ဝူရှူးအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ အားကစားရေးရာ ဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၄ သင်း၊ အမျိုးသမီးအသင်း ၁၃ သင်း စုစုပေါင်း ပြိုင်ပွဲဝင်အင်အား ၂၆၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ နိုဝင်ဘာ ၁၄ ရက်က ကျင်းပသော ဗိုလ်လုပွဲ ပွဲစဉ်များ အဖြစ် (အမျိုးသား/ အမျိုးသမီး) ထောက်လုပြိုင်ပွဲ၊ ကွန့်စုပြိုင်ပွဲ၊ ချန်းစုပြိုင်ပွဲ၊ သွေ့လျန့်ပြိုင်ပွဲနှင့် ဆန်းဆိုပြိုင်ပွဲများကို ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီး Form B ကျန့်စု+ ချန်းစုပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရှမ်းပြည်နယ်) အသင်းမှ ဇူးဇာနည်ထက်၊ ဒုတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) အသင်းမှ ဖူးပြည့်စုံထွန်း၊ တတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ ရွှေရည်ဝင်းလဲ့နှင့် အမျိုးသား Form B ကျန့်စု + ချန်းစုပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ ငြိမ်းမာန်ထက်၊ ဒုတိယဆုရရှိသည့် (ရှမ်းပြည်နယ်)အသင်းမှ စိုင်းထက်ဘုန်းကို၊ တတိယဆုရရှိသည့် (မွန်ပြည်နယ်) အသင်းမှ ဥက္ကာမိုး၊ အမျိုးသမီး Form A ကျန့်စု + ချန်းစုပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ မေသော်တာ၊ ဒုတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ မေသူကျော်၊ တတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) အသင်းမှ ယွန်းပိုးအိမ်၊ အမျိုးသား Form A ကျန့်စု + ချန်းစုပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) အသင်းမှ ဝေယံမိုးဟိန်း၊ ဒုတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ ဟိန်းထက်မင်း၊ တတိယဆုရရှိသည့် (ရှမ်းပြည်နယ်) အသင်းမှ မျိုးလင်းခန့်၊ အမျိုးသမီး Form A သွေ့လျန့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မကွေးတိုင်းဒေသကြီး) အသင်းမှ အိအိငြိမ်းနှင့်ဖူးပွင့် သော်တာအတွဲ၊ ဒုတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ ဟန်စုနွေးနှင့် မေသူကျော်အတွဲ၊ တတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) အသင်းမှ ကြယ်စင်ဇော်နှင့် ယွန်းပိုးအိမ်အတွဲနှင့် အမျိုးသား Form A သွေ့လျန့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ ပြည့်ဖြိုးမောင်နှင့် ဟိန်းထက်မင်းအတွဲ၊ ဒုတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး) အသင်းမှ ခန့်ဖြိုးအောင်နှင့် ကြယ်စင်ဝိုင်းအတွဲ၊ တတိယဆုရရှိသည့် (ပဲခူးတိုင်းဒေသကြီး) အသင်းမှ ဇေဘုန်းလျှံနှင့် ပြည့်စုံဇော်အတွဲ၊ ဆန်းဆို (အတိုက်) အမျိုးသမီး ၅၆ ကီလိုတန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ပဲခူးတိုင်းဒေသကြီး) အသင်းမှ ဇင်ဝေအောင်၊ ဒုတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ နိမ်းမနား၊ တတိယဆုရရှိသည့် (ကရင်ပြည်နယ်) အသင်းမှ နန်းနွဲ့နွဲ့နှောင်း၊ ပူးတွဲတတိယဆုရရှိသည့် (ဧရာဝတီတိုင်းဒေသကြီး) အသင်းမှ နော်ထူးလောအယ်၊ အမျိုးသား ၆၀ ကီလို တန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် (ချင်းပြည်နယ်) အသင်းမှ ထွန်းထွန်းထက်၊ ဒုတိယဆုရရှိသည့် (ရန်ကုန်တိုင်းဒေသကြီး)အသင်းမှ ပိုင်သုကျော်၊ တတိယဆုရရှိသည့် (ဧရာဝတီတိုင်းဒေသကြီး) အသင်းမှ ဟိန်းထွဋ်စံ၊ ပူးတွဲတတိယဆုရရှိသည့် (မန္တလေးတိုင်းဒေသကြီး) အသင်းမှ သန်းကျော်ဦးတို့ကို တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် အမျိုးသား/ အမျိုးသမီး ထောက်လု Form C ပြိုင်ပွဲတွင် ရွှေငါးခု၊ ငွေလေးခုနှင့် ကြေးနှစ်ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသည့် ရှမ်းပြည်နယ်အသင်း၊ အမျိုးသား/ အမျိုးသမီး ထောက်လု Form B ပြိုင်ပွဲတွင် ရွှေငါးခုနှင့် ငွေလေးခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်း၊ အမျိုးသား/ အမျိုးသမီး ထောက်လု Form A ပြိုင်ပွဲတွင် ရွှေလေးခု၊ ငွေခုနစ်ခုနှင့် ကြေးတစ်ခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ဆန်းဆို (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲတွင် ရွှေတစ်ခု၊ ငွေတစ်ခုနှင့် ကြေးလေးခုဖြင့် တံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်း၊ ပြိုင်ပွဲပွဲစဉ်တစ်လျှောက် ရွှေ ၁၀ ခု၊ ငွေ ၁၃ ခုနှင့် ကြေး ၁၁ ခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)

မူရင်းသတင်း — Xinhua Myanmar