Xinhua Myanmar

နေးရှင်းစ်လိဂ်ပြိုင်ပွဲ၏ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပွဲကြီးပွဲကောင်းအဖြစ် စပိန်အသင်းနှင့် အင်္ဂလန်အသင်း ရင်ဆိုင်ကစားမည်

အမေရိကန်နိုင်ငံ ဒဲလက်စ်မြို့ရှိ ဒဲလက်စ်အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၄ ရက်က ပြင်သစ်အသင်းနှင့် စပိန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မတိုင်မီ စပိန်အသင်းမှ ပွဲထွက်ကစားသမားများ အသင်းလိုက်ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ယူအီးအက်ဖ်အေ နေးရှင်းစ်လိဂ်ပြိုင်ပွဲ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲစဉ်အဖြစ် စပိန်အသင်းမှာ နှစ်လနီးပါးအတွင်း ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၅ ရက်တွင် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ကစားမည်ဖြစ်သည်။

နှစ်သင်းစလုံးအနေဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ရရှိထားပြီးဖြစ်ကာ စပိန်အသင်းမှာ အောက်တိုဘာလကတည်းက နောက်တစ်ဆင့်တက်ရောက်ရန် သေချာသွားခဲ့ခြင်းဖြစ်ပြီး အင်္ဂလန်အသင်းမှာမူ နိုဝင်ဘာ ၁၂ ရက်က ခရိုအေးရှားအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် နောက်ဆုံး ၈ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

လာမင်း ယမားလ်၊ မစ်ကယ် အိုယာဇာဘယ်လ်၊ အေမရစ် လာပေါ့ထ်နှင့် နီကို ဝီလီယမ်စ်တို့ ပါဝင်နိုင်ခြင်းမရှိသည့် စပိန်အသင်းမှာ နိုဝင်ဘာ ၁၂ ရက်က ချက်အသင်းကို အဝေးကွင်းတွင် ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲအပြီးတွင် စပိန်နည်းပြ လူးဝစ်စ် ဒယ်လာဖွန်တေးက နိုဝင်ဘာ ၁၅ ရက် ပွဲစဉ်၌ ယမားလ်နှင့် အိုယာဇာဘယ်လ်တို့ အသင်းလူစာရင်းတွင် ပြန်လည်ပါဝင်လာမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

နည်းပြ ဒယ်လာဖွန်တေးအနေဖြင့် ယမားလ် ပါဝင်ကစားနိုင်ခြင်း ရှိမရှိနှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများကို ရင်ဆိုင်နေရပြီး ဘာစီလိုနာတောင်ပံကစားသမားအား ဦးစားပေးဆက်ဆံနေသည်ဟူသော စွပ်စွဲချက်များကို ၎င်းက ဒေါသတကြီး ပယ်ချခဲ့သည်။

“ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရာတွေက လိမ်ညာပြောဆိုမှုတွေ၊ လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာတွေနဲ့ တိကျခိုင်လုံမှုမရှိတာတွေပါပဲ” ဟု ချက်အသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် ၎င်းက မှတ်ချက်ပြုခဲ့သည်။

နိုဝင်ဘာ ၁၂ ရက် ပွဲစဉ်၌ အဖျားရောဂါကြောင့် လွဲချော်ခဲ့ရသည့် အက်သလက်တစ် ဘီလ်ဘာအို ကစားသမားနှစ်ဦးဖြစ်သူ လာပေါ့ထ်နှင့် ဝီလီယမ်စ်တို့လည်း ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိပြီး ဗဟိုခံစစ်တွင် ဒင်းန် ဟူဆန်၏ နေရာ၌ လာပေါ့ထ် ဝင်ရောက်ကစားဖွယ်ရှိသည်။

စက်တင်ဘာလက ဝင်ဘလေကွင်းတွင် အဆိုပါနှစ်သင်း ယှဉ်ပြိုင်ကစားစဉ်က ပွဲမှာအကြိတ်အနယ်ရှိခဲ့ပြီး ဖျော်ဖြေမှုရသပေးနိုင်ခဲ့ကာ အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် စပိန်အသင်းက ၁-၂ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၃-၂ ဂိုးဖြင့် ပြန်လည်အနိုင်ရခဲ့သည်။

နိုဝင်ဘာ ၁၂ ရက် ပွဲစဉ်၌ ကိန်းက အင်္ဂလန်အသင်းအတွက် ၁၂၆ ပွဲမြောက် နိုင်ငံတကာပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး လက်ရွေးစင်အမျိုးသားအသင်းတွင် ပွဲအများဆုံးကစားထားသည့် ကစားသမားအဖြစ် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့သည်။ စပိန်အသင်းနှင့် ကစားမည့် နိုဝင်ဘာ ၁၅ ရက် ပွဲစဉ်မှာ ချန်ပီယံလိဂ်တွင် ဘိုင်ယန်မြူးနစ်အသင်းက အက်သလက်တီကို မက်ဒရစ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိအောင် ကူညီစွမ်းဆောင်ပေးခဲ့ပြီးနောက် ကိန်းအနေဖြင့် သီတင်းနှစ်ပတ်မပြည့်မီ အချိန်အတွင်း မက်ထရိုပိုလစ်တာနိုကွင်း၌ ဒုတိယအကြိမ် လာရောက်ကစားမည်ဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက်တွင် အနိုင်ရရှိခဲ့ခြင်းကြောင့် စပိန်အသင်း၏ ပွဲချိန် မိနစ် ၉၀ အတွင်း ရှုံးပွဲမရှိစံချိန်မှာ ၄၃ ပွဲအထိ ရှိလာခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်တွင် ပရိသတ်များ ကွင်းပြည့်လာရောက်အားပေးကြမည့် မက်ထရိုပိုလစ်တာနိုကွင်းကြီး၌ အထူးခြေစွမ်းပြနေသည့် အင်္ဂလန်အသင်းနှင့် ရင်ဆိုင်ရာတွင်လည်း အဆိုပါ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းထားနိုင်ရန် ဒယ်လာဖွန်တေး၏ အသင်းက ကြိုးပမ်းသွားမည်ဖြစ်သည်။ (Xinhua)

အမေရိကန်နိုင်ငံ မိုင်ယာမီမြို့ရှိ မိုင်ယာမီအားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က နော်ဝေအသင်းနှင့် အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တွင် အင်္ဂလန်အသင်းမှ ဂျုဒ် ဘယ်လင်ဟမ် (ဝဲ-တတိယ) ဂိုးသွင်းပြီးနောက် အသင်းဖော်များနှင့်အတူ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

..................................

(English Version)

Spain faces England in what should be Nations League thriller

MADRID, Nov. 14 (Xinhua) -- Spain faces England for the second time in less than two months on Sunday, with the two sides meeting to decide who finishes top of their UEFA Nations League group.

Both teams have already secured their places in the quarterfinals, with Spain confirming qualification in October, while England's 2-1 win over Croatia on Thursday booked its place in the last eight.

A Spain side missing Lamine Yamal, Mikel Oyarzabal, Aymeric Laporte and Nico Williams won 2-0 away to the Czech Republic on Thursday. Spain coach Luis de la Fuente confirmed afterward that Yamal and Oyarzabal would rejoin the squad for Sunday's match.

De la Fuente has faced questions over Yamal's availability, with the coach angrily dismissing accusations that the Barcelona winger receives preferential treatment.

"What upsets me are the lies, the things that are made up, the lack of rigour," he commented after the win in the Czech Republic.

Laporte and Williams are also expected to be available after illness kept the Athletic Bilbao duo out of Thursday's match, with Laporte likely to replace Dean Huijsen in central defense.

The two teams produced an entertaining encounter at Wembley in September, with Spain coming from 2-1 down to win 3-2 after England captain Harry Kane missed a penalty.

Kane made history on Thursday when he earned his 126th cap for England, becoming the country's most-capped men's player. Sunday's match will mark his second appearance at the Metropolitano Stadium in less than two weeks after he helped Bayern Munich to a 2-0 victory over Atletico Madrid there in the Champions League.

Spain's victory on Thursday extended its unbeaten run over 90 minutes to 43 matches, and De la Fuente's side will look to maintain that record against an England team also in excellent form in front of a packed Metropolitano on Sunday.

Photo caption 1: Starting players of Spain pose for group photos before the semifinal match between France and Spain at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, July 14, 2026. (Xinhua/Huang Zongzhi)

Photo caption 2: Jude Bellingham (3rd L) of England celebrates after scoring with teammates during the quarter final match between Norway and England at the 2026 FIFA World Cup at the Miami Stadium in Miami, the United States, July 11, 2026. (Xinhua/Chen Yichen)

မူရင်းသတင်း — Xinhua Myanmar