Eleven Media Group

■ နိုင်ငံတော်သမ္မတနှင့်ဇနီး သီတဂူဆရာတော်ကြီးအား သွားရောက်ဖူးမြော်

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှသည် ပြည်ထောင်စုဝန်ကြီးများနှင့်အတူ ယနေ့(နိုဝင်ဘာ ၁၅ ရက်) မွန်းလွဲပိုင်းတွင် သီတဂူဆရာတော်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။

ထို့နောက် သီတဂူစက္ခုဒါနဆေးရုံတော်အတွင်း မျက်စိခွဲစိတ်ကုသမှုခံယူနေသူများနှင့် မျက်စိခွဲစိတ်ရန် စောင့်ဆိုင်းနေသည့် ပြည်သူများကို နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ကုတင် ၁၀၀၀) တွင် ဆေးကုသမှုခံယူနေသည့် သက်တော် ၉၂ နှစ်၊ ဝါတော် ၇၂ ဝါရှိ ဆရာတော်ကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group