Myanmar Digital News

လွမ်းမပြေ ခြေရာများ

ခရီးသွားမှတ်တမ်း (သုတ၊ ရသ စာစုများ)

 

ခင်မောင်ဌေး(ပညာရေး) ရေးသားသည့် လွမ်းမပြေ ခြေရာများ ခရီးသွားမှတ်တမ်း (သုတ၊ ရသ စာစုများ) စာအုပ်ထွက်ရှိလာသည်။

 

လွမ်းမပြေခြေရာများ ခရီးသွားမှတ်တမ်း (သုတ၊ ရသ စာစုများ) စာအုပ်သည် ဆရာခင်မောင်ဌေး (ပညာရေး)၏ နဝမမြောက်ထုတ်ဝေသော စာအုပ်ဖြစ်သည်။ ဤစာအုပ်တွင် စာရေးသူကိုယ်တိုင် တောင်ပေါ်/ မြေပြန့်ရှိ အထင်ကရနေရာများသို့ ရောက်ရှိကာ သုတ/ရသ ဖြစ်ဖွယ် ခံစားရေးဖွဲ့ထားသော စာစုများဖြစ်သည်။ အထင်ကရနေရာများ၏ ဖြစ်တည်လာပုံ၊ သမိုင်းကြောင်း နောက်ခံများ၊ အစဉ်အလာပြောကြားခဲ့သည့် ဒဏ္ဍာရီများ၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ၊ သဘာဝရေတံခွန်၊ တောတောင်ရေမြေအလှအပများနှင့် ထူးဆန်းဖွယ် လိုဏ်ဂူများကို ဖော်ပြထားသည်။ ခရီးသွားများအတွက် လမ်းပြမြေပုံသဖွယ် အသုံးပြုနိုင်ကြောင်း အကြံပြုထားသည်။

 

စာအုပ်ကို အမွှာညီနောင်စာပေ၊ အမှတ် ၂၇၇၊ ပထမထပ်၊ လမ်း (၄၀) အထက်ဘလောက်၊ ကျောက်တံတားမြို့နယ် ရန်ကုန်မြို့က ဖြန့်ချိပြီး ဖုန်း-၀၉၅၄၀၅၇၉၂ သို့ ဆက်သွယ်မှာကြားနိုင်သည်။ တန်ဖိုးငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားသည်။

ကြေးမုံ

မူရင်းသတင်း — Myanmar Digital News