Xinhua Myanmar

ထိုင်းနိုင်ငံ ဖူးခက်တွင် စီးပွားရေးအဆောက်အဦတစ်ခု မီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံး

.

ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည့် အဆောက်အဦကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဖူးခက်ပြည်နယ် Kathu ခရိုင် Patong ဒေသရှိ ၄ ထပ်တိုက် စီးပွားရေးအဆောက်အဦ တစ်ခု ဒေသစံတော်ချိန် နိုဝင်ဘာ ၁၆ ရက် နံနက် ၃ နာရီခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ ဈေးဆိုင်ခန်း ၈ ခန်း လည်း မီးလောင်မှု၌ ပါဝင်ခဲ့ကြောင်း၊ ကနဦးစစ်တမ်းကောက်ယူမှုအရ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ဆေးကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထိုင်းမီဒီယာများက သတင်းဖော်ပြခဲ့သည်။

လက်ရှိတွင် မီးလောင်ကျွမ်းမှု အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ရာ သက်ဆိုင်ရာဌာနက မီးလောင်ကျွမ်းမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

泰国普吉一商业楼着火致11人死亡

新华社曼谷11月16日电(记者赵彩琳 常天童)据泰国媒体消息,当地时间16日凌晨3时许,泰国普吉府卡图县芭东地区一栋4层商业楼发生火灾,涉及8间商铺。据初步统计,火灾已造成11人死亡、30余人受伤,伤者已被送往医院接受救治。  

目前火势已得到控制,有关部门正在现场调查起火原因。(完)

Photo Caption : This photo taken by cellphone on Nov. 16, 2026 shows the building which caught fire in Phuket province, Thailand.

မူရင်းသတင်း — Xinhua Myanmar