နေပြည်တော် နိုဝင်ဘာ ၁၅
ဆေးတက္ကသိုလ်(၁) ရန်ကုန်၏ နှစ်(၁၀၀)ပြည့်ရာပြည့် သဘင်အခမ်းအနားကို ခမ်းနားထည်ဝါစွာ ကျင်းပသွားမည်ဖြစ်သည်။
၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် ကျရောက်မည့် အဆိုပါ ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ နှစ် (၁၀၀)ပြည့် ရာပြည့်သဘင် အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ ကျောင်းသား ကျောင်းသူဟောင်း ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ရာပြည့်သဘင်အခမ်းအနား ကျင်းပရေးဆပ်ကော်မတီများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
တွေ့ဆုံစဉ် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ဆေးတက္ကသိုလ် (၂)ရန်ကုန်နှင့် ဆေးဝါးတက္ကသိုလ်(ရန်ကုန်) တို့မှ ပါမောက္ခချုပ်များ၊ ဆေးတက္ကသိုလ် (၁)ရန်ကုန် ဒုတိယပါမောက္ခချုပ်(သင်ကြား) နှင့် ရာပြည့်သဘင် ဖြစ်မြောက်ရေး ဆပ်ကော်မတီများမှဥက္ကဋ္ဌများ၊ ကျောင်းသား ကျောင်းသူဟောင်းများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက သမိုင်းအစဉ်အလာ ကြီးမားသော ဆေးတက္ကသိုလ် (၁)ရန်ကုန်၏ ရာပြည့်သဘင် အခမ်းအနားကြီးကို စနစ်တကျခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရန် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်ရှိ ဆေးတက္ကသိုလ်(၁) ရန်ကုန်ပြည်လမ်း ပရိဝုဏ်အတွင်း၌ ရှေးယခင်က တည်ရှိခဲ့သော လိပ်ခုံးပုံ အဆောက်အအုံ (Multi-Purpose Assembly Hall) ကို ပြန်လည် ဆောက်လုပ်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး မူလသမိုင်း ဝင်မှတ်တမ်းများနှင့် ပုံစံမပျက်စေဘဲ ခေတ်မီဆန်းသစ်သည့်အသွင်ဖြင့် အသံထိန်းစနစ်များကို စနစ်တကျ ထည့်သွင်းကာ တည်ဆောက်ထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ တည်ဆောက်ရေး လုပ်ငန်းကို ၂၀၂၆ ခုနှစ် ဇွန်လတွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်