Myanmar Digital News

သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်) (၁၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၅

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (သန်လျင်)၏ (၁၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းက တက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်နှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးခန့်ဇော်တို့က ဘွဲ့ရ မောင်မယ်များအတွက် ဂုဏ်ပြုအမှာစကား ပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထူးပြု ဘာသာရပ်အလိုက် မဟာဘွဲ့နှင့် ရိုးရိုးဘွဲ့များတွင် အမှတ်အများဆုံး ရရှိကြသော ထူးချွန်ကျောင်းသား ကျောင်သူများအား ဂုဏ်ပြုဆု တံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ ရီရီဝင်းက ဘွဲ့ရမောင်မယ်များအား ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး အမှာစကား ပြောကြားသည်။

 

ယနေ့ကျင်းပသည့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) ၏ (၁၁)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် အထူးပြုဘာသာရပ်အလိုက် မဟာဘွဲ့ရရှိသူ ၁၄ ဦး၊ အသုံးချ စာရင်းအင်းပညာဘွဲ့လွန် ဒီပလိုမာ နှစ်ဦး၊ အထူးပြုဘာသာရပ်အလိုက် စီးပွားရေးသိပ္ပံဘွဲ့ ရရှိသူ ၂၆၇ ဦး စုစုပေါင်း ၂၈၃ ဦးကို ဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News