Myanmar Digital News

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် အကအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်

ကျောက်ဆည် နိုဝင်ဘာ ၁၅

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း၌ ယမန်နေ့ညနေပိုင်းက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ကျေးလက်ရိုးရာအကဖြင့် ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူအကအဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ကျောင်းဂုဏ်ပြုဘင်ခရာသင်တန်းဆင်းပွဲ ကျင်းပသည်။ 

 

အခမ်းအနားတွင် ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါ်သီသီကြိုင်က အမှာစကားပြောကြားပြီး မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်းတည်ထောင်အုပ်ချုပ်သူ ဒေါ်သင်းပျံ့ကြူက ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တာဝန်ရှိသူများက ဆုရရှိခဲ့သည့် ကျောင်းသား ကျောင်းသူ အကအဖွဲ့၊ ဧရာဝတီ- ယန်ဇီရိုးရာပွဲတော်တွင် ပါဝင်ဖျော်ဖြေခဲ့သည့် လတ်ခက်သံအကအဖွဲ့နှင့် ဘင်ခရာအဖွဲ့တို့အား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

မူရင်းသတင်း — Myanmar Digital News