Myanmar Digital News

ရွှေပြည်သာမြို့နယ်၌ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းဖွင့်

ရွှေပြည်သာ နိုဝင်ဘာ ၁၅

 

အလုပ်သမားဝန်ကြီးဌာန အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးခန်းမ၌ ကျင်းပရာ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက အမှာစကားပြောကြားသည်။

 

အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းတွင် (WCC) အဖွဲ့ဝင်များအနေဖြင့် အလုပ်သမားရေးရာဥပဒေများ၊ ဥပဒေပါအကျိုးခံစားခွင့်များ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အစီအမံများ၊ လုပ်ငန်းခွင်ဆိုင်ရာ လိုက်နာရမည့်တာဝန်များ၊ အလုပ်ချိန်ဆိုင်ရာ ပြဋ္ဌာန်းချက်များစသည့် ဥပဒေပါလိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်၊ အငြင်းပွားမှုဖြေရှင်းသူများ လိုက်နာရမည့်ကျင့်ဝတ်များ သိရှိစေခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပွားသောအငြင်းပွားမှုများ၊ သဘောထားကွဲလွဲမှုများ လျော့နည်းကာ လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်စွမ်းအားမြင့်မားစေရန်အတွက် လက်တွေ့သရုပ်ပြဆွေးနွေးခြင်းများ ပြုလုပ်သည်။

 

အဆိုပါ သင်တန်းတွင် စက်ရုံ၊ အလုပ်ရုံ ၂၀ မှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား သင်တန်း သူ ၇၀ တက်ရောက်ခဲ့ရာ သင်တန်းအောင်မြင်စွာပြီးမြောက်၍ သင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News