Xinhua Myanmar

အာရှ-ပစိဖိတ် အသိုက်အဝန်းက ကမ္ဘာပေါ်ရှိ အခြားနေရာဒေသများအတွက် လမ်းပြမီးရှူးတန်ဆောင် ဖြစ်သင့်ဟု ဩစတြေးလျ စီးပွားရေးပညာရှင် ပြော

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ရှိ စီးပွားရေးအချက်အချာ နေရာတစ်ခု၌ ပုံဖော်ဖန်တီးထားသော နောက်ခံအပြင်အဆင်တစ်ခုကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ဘာရာ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

“အာရှ-ပစိဖိတ် အသိုက်အဝန်းဟာ ကမ္ဘာ့အလယ်မှာ ရပ်တည်ပြီး ကမ္ဘာပေါ်က တခြားနေရာဒေသတွေအတွက် လမ်းပြမီးရှူးတန်ဆောင် ဖြစ်သင့်ပါတယ်” ဟု ကင်ဘာရာမြို့၌ ဆင်ဟွာသတင်းဌာနနှင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အထင်ကရ ဩစတြေးလျ စီးပွားရေးပညာရှင် ပီတာ ဒရိုင်းစ်ဒေးလ်က ပြောကြားခဲ့သည်။

ဩစတြေးလျ အမျိုးသားတက္ကသိုလ် Crawford School of Public Policy လက်အောက်ရှိ အရှေ့အာရှ စီးပွားရေးသုတေသနဗျူရိုနှင့် အရှေ့အာရှ ဖိုရမ် အကြီးအကဲ ဒရိုင်းစ်ဒေးလ်က APEC မှတစ်ဆင့် ဘုံအကျိုးစီးပွားများ ဖော်ဆောင်မြှင့်တင်ခြင်းနှင့် APEC ၏ အခြေခံမူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ခြင်းသည် ဒေသတွင်းအတွက်သာမက ကမ္ဘာကြီး၏ အခြားနေရာဒေသများအတွက်လည်း အရေးပါကြောင်း ပြောကြားခဲ့သည်။

“အသိုက်အဝန်းစိတ်ဓာတ်၊ ဘုံအကျိုးစီးပွား မျှဝေခံစားလိုတဲ့ စိတ်ဓာတ်နဲ့ အတူတကွပိုင်ဆိုင်လိုတဲ့ စိတ်ဓာတ်တွေမရှိဘဲ APEC လိုမျိုး ဘုံစုပေါင်းအစီအမံတစ်ခုကို ဖော်ဆောင်နိုင်မှာမဟုတ်ပါဘူး” ဟု ဒရိုင်းစ်ဒေးလ်က ပြောကြားခဲ့ပြီး APEC သည် နိုင်ငံတကာ နိုင်ငံရေးဘောဂဗေဒနယ်ပယ်၌ တည်ငြိမ်အောင် ထိန်းသိမ်းပေးသည့် အင်အားစုတစ်ရပ် ဖြစ်သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20261113/522fd21a5d924fd885dc174240631ef4/c.html

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ ယန်ထျန်ဆိပ်ကမ်း၌ ကုန်တင်သင်္ဘောတစ်စင်း ဆိုက်ကပ်ရပ်နားထားပုံကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………

(English Version)

Asia-Pacific community should be beacon to other parts of world, says Australian economist

CANBERRA, Nov. 13 (Xinhua) -- "The Asia-Pacific community should stand in the world and be a beacon to other parts of the world," said Peter Drysdale, a renowned Australian economist, in a recent interview with Xinhua in Canberra.

As the head of the East Asian Bureau of Economic Research and East Asia Forum at the Crawford School of Public Policy at the Australian National University, Drysdale said that projecting common interests through APEC and building on the founding principles of APEC are important not only for the region, but also for the rest of the world.

"No common collective initiative, like the APEC initiative, can be built without a sense of community, a sense of common or shared interests, a sense of common belonging," said Drysdale, adding that APEC is a stabilizing force in the international political economy.

https://english.news.cn/20261113/522fd21a5d924fd885dc174240631ef4/c.html

Photo caption 1: A themed installation is pictured at a business district in Shenzhen, south China's Guangdong Province, Aug. 10, 2026. (Xinhua/Liang Xu)

Photo caption 2: This photo taken on Oct. 20, 2026 shows a cargo ship docking at Yantian Port in Shenzhen, south China's Guangdong Province. (Xinhua/Mao Siqian)

မူရင်းသတင်း — Xinhua Myanmar