Myanmar National Post

ငပုတောမြို့၌ ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေး ရောင်းချပေး



ငပုတော ၊  နိုဝင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ပြည်သူများ အခြေခံစားသောက်ကုန်များကို လွယ်ကူအဆင်ပြေစွာ ဝယ်ယူနိုင်ရေးနှင့် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ရောင်းချပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာနနှင့်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ ဒေသခံပြည်သူများထံသို့ အခြေခံစားသောက်ကုန်များကို ပြင်ပဈေးနှုန်းထက် သက်သာစွာဖြင့် စနစ်တကျရောင်းချပေးခဲ့ရာ ဆန် (၁) ပြည်လျှင် ၃,၅၀၀ ကျပ်၊ကြက်ဥ(၁) လုံးလျှင်၅၅၀ကျပ်၊ စားသုံးဆီ(၁)ပိဿာလျှင်၈,၄၀၀ကျပ်ဖြင့်စားသောက်ကုန်များသက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုကြောင့် ဒေသခံပြည်သူများ အဆင်ပြေစွာလလာရောက်ဝယ်ယူခဲ့ကြပြီး ယင်းသို့ရောက်ချနေမှုများကို တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်သူ

https://t.me/MyanmarNationalPost

မူရင်းသတင်း — Myanmar National Post