Myanmar Digital News

ပွင့်ဖြူမြို့နယ်၌ အခွန်ဆိုင်ရာ (M-TRACES) စနစ်အကြောင်း အသိပညာပေး ရှင်းလင်း

ပွင့်ဖြူ နိုဝင်ဘာ ၁၅

 

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်တွင် အခွန်ထမ်းလုပ်ငန်းရှင်များအား အခွန်ဆိုင်ရာ (M-TRACES) စနစ်အကြောင်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၃ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမ၌ ကျင်းပသည်။ 

 

ပွင့်ဖြူမြို့နယ် အခွန်ဦးစီးဌာနမှူးက အခွန်ထမ်းဆောင်ရန် ပျက်ကွက်သူများထံမှ ရသင့်ရထိုက်သော အခွန်များရရှိစေရေးအတွက် အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့် လိုက်နာဆောင်ရွက်မှုကို စောင့်ကြည့် စစ်ဆေးခြင်းစနစ် Monitoring on Taxpayer Registry and Compliance Evaluation System (M-TRACES) စနစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို အသိပညာပေး ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်း ဖြေကြားသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)

မူရင်းသတင်း — Myanmar Digital News